[Zawgyi] 

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ Hollywood အပိုင္းထဲက Santa Monica လမ္းမႀကီးေပၚမွာ Tesla Model S တစ္စီးမီးေလာင္မႈျဖစ္ခဲ့ပါတယ္။ မီးေလာက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူ မရွိခဲ့ဘူးလို႔သိရပါတယ္။ ဒါ႐ုိက္တာ Michael Morris ရဲ႕ကားျဖစ္ၿပီး လမ္းေပၚမွာ မီးေလာင္မႈျဖစ္ပြားခဲ့တာပါ။ 

Tesla Model S on Fire

မီးေလာင္တဲ့အခ်ိန္ခဏအတြင္းမွာ ကားထဲက ထြက္ႏိုင္ခဲ့တာေၾကာင့္ ထိခိုက္ဒဏ္ရာရတာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။ ဒါ႐ိုက္တာ Morris ရဲ႕ ဇနီးျဖစ္သူ သ႐ုပ္ေဆာင္ Marry McCormack လည္း ကားထဲကအခ်ိန္မီထြက္ႏိုင္ခဲ့တာေၾကာင့္ ကားမီးေလာင္ေနတာကို Video ႐ိုက္ယူႏိုင္ခဲ့ပါတယ္။ မီးေလာင္ရတဲ့ အေၾကာင္းအရင္းကိုေတာ့ အခုထိမသိရေသးပါဘူး။ 

Tesla အေနနဲ႔လည္း အခုလို မီးေလာင္မႈျဖစ္ပြားတာက ထူးျခားျဖစ္စဥ္တစ္ခုျဖစ္ေၾကာင္းနဲ႔ မီးေလာင္မႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းကို စစ္ေဆးသြားမယ္လို႔ ေျပာၾကားထားပါတယ္။ မီးေလာင္မႈ ျဖစ္ပြားတဲ့အခ်ိန္မွာ ကားကို Autopilot ဖြင့္ထားတာမဟုတ္သလို ကားကလည္း ဘာမွျပဳျပင္ျခင္းမလုပ္ထားဘူးဆုိတာကိုေတာ့ အတည္ျပဳထားၿပီးျဖစ္ပါတယ္။ ျဖစ္ပြားတဲ့အခ်ိန္မွာ မိနစ္္ပိုင္းအတြင္း မီးၿငိမ္းႏိုင္ခဲ့ပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားတာနဲ႔ ႀကီးႀကီးမားမားထိခိုက္ပ်က္စီးတာမရွိခဲ့ပါဘူး။ McCormack ကေတာ့ မီးေလာင္တဲ့ Video ကို Twitter မွာ Share ခဲ့ပါတယ္။ 

Tesla က အခုမီးေလာင္တာရဲ႕ ေနာက္ဆက္တြဲကိစၥေတြကိုေျဖရွင္းေပးသြားမယ္လို႔ ယူဆရပါတယ္။ McCormack အေနနဲ႔လည္း Twitter မွာ Tesla ကို Mention ေခၚၿပီး Video တင္ခဲ့တာျဖစ္ပါတယ္။ Video ရဲ႕ေအာက္မွာေတာ့ Tesla အေၾကာင္း အျငင္းအခုန္ျဖစ္ေနၾကသူေတြ အမ်ားႀကီးျဖစ္သြားခဲ့ပါတယ္။ Retweets ေပါင္း ၂၈၀၀ ေက်ာ္သြားခဲ့ၿပီျဖစ္တာေၾကာင့္ Tesla အေနနဲ႔ေတာ့ ဘယ္လို တုန္႔ျပန္လာမလဲဆိုတာ စိတ္ဝင္စားစရာပါ။

Ref: Business Insider

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

အမေရိကန်နိုင်ငံ Los Angeles မှာ Tesla Model S တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ Hollywood အပိုင်းထဲက Santa Monica လမ်းမကြီးပေါ်မှာ Tesla Model S တစ်စီးမီးလောင်မှုဖြစ်ခဲ့ပါတယ်။ မီးလောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့သိရပါတယ်။ ဒါရိုက်တာ Michael Morris ရဲ့ကားဖြစ်ပြီး လမ်းပေါ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ 

Tesla Model S on Fire

မီးလောင်တဲ့အချိန်ခဏအတွင်းမှာ ကားထဲက ထွက်နိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါရိုက်တာ Morris ရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် Marry McCormack လည်း ကားထဲကအချိန်မီထွက်နိုင်ခဲ့တာကြောင့် ကားမီးလောင်နေတာကို Video ရိုက်ယူနိုင်ခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ အခုထိမသိရသေးပါဘူး။

Tesla အနေနဲ့လည်း အခုလို မီးလောင်မှုဖြစ်ပွားတာက ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ကြောင်းနဲ့ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို စစ်ဆေးသွားမယ်လို့ ပြောကြားထားပါတယ်။ မီးလောင်မှု ဖြစ်ပွားတဲ့အချိန်မှာ ကားကို Autopilot ဖွင့်ထားတာမဟုတ်သလို ကားကလည်း ဘာမှပြုပြင်ခြင်းမလုပ်ထားဘူးဆိုတာကိုတော့ အတည်ပြုထားပြီးဖြစ်ပါတယ်။ ဖြစ်ပွားတဲ့အချိန်မှာ မိနစ်ပိုင်းအတွင်း မီးငြိမ်းနိုင်ခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတာနဲ့ ကြီးကြီးမားမားထိခိုက်ပျက်စီးတာမရှိခဲ့ပါဘူး။ McCormack ကတော့ မီးလောင်တဲ့ Video ကို Twitter မှာ Share ခဲ့ပါတယ်။ 

Tesla က အခုမီးလောင်တာရဲ့ နောက်ဆက်တွဲကိစ္စတွေကိုဖြေရှင်းပေးသွားမယ်လို့ ယူဆရပါတယ်။ McCormack အနေနဲ့လည်း Twitter မှာ Tesla ကို Mention ခေါ်ပြီး Video တင်ခဲ့တာဖြစ်ပါတယ်။ Video ရဲ့အောက်မှာတော့ Tesla အကြောင်း အငြင်းအခုန်ဖြစ်နေကြသူတွေ အများကြီးဖြစ်သွားခဲ့ပါတယ်။ Retweets ပေါင်း ၂၈၀၀ ကျော်သွားခဲ့ပြီဖြစ်တာကြောင့် Tesla အနေနဲ့တော့ ဘယ်လို တုန့်ပြန်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Ref: Business Insider

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။