Tesla ဟာ လက်ရှိအချိန်မှာ ဈေးအသက်သာဆုံး Tesla ကားဖြစ်တဲ့ Tesla Model 3 ကို အမေရိကန်နိုင်ငံတွင်းနဲ့ တခြားသောနေရာတွေမှာ ရောင်းချနေတယ်ဆိုပေမယ့် အခုအချိန်အထိ သတ်မှတ်ထားတဲ့ Production Rate ဖြစ်တဲ့ တစ်ပတ်ကို Model 3 အစီးရေ ၅၀၀၀ ပြည့်မီအောင် ကြိုးစားနေရတုန်းပဲဖြစ်ပါတယ်။

Tesla Model 3


Tesla Model 3


Tesla Model 3 Interior


Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Tesla ဟာ လက်ရှိအချိန်မှာ ဈေးအသက်သာဆုံး Tesla ကားဖြစ်တဲ့ Tesla Model 3 ကို အမေရိကန်နိုင်ငံတွင်းနဲ့ အခြားသောနေရာတွေမှာ ရောင်းချနေတယ်ဆိုပေမယ့် အခုအချိန်အထိ သတ်မှတ်ထားတဲ့ Production Rate ဖြစ်တဲ့ တစ်ပတ်ကို Model 3 အစီးရေ ၅၀၀၀ ပြည့်မှီအောင် ကြိုးစားနေရတုန်းပဲဖြစ်ပါတယ်။

Tesla Model 3

အခုအချိန်မှာတော့ Elon Musk က Tesla Model 3 ကို Asia နဲ့ Europe Market တွေမှာ Launch လုပ်သွားဖို့ကို ၂၀၁၉ ပထမနှစ်ဝက်လောက်မှ စတင်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါက အစောပိုင်းတုန်းက ၂၀၁၈ ဒုတိယနှစ်ဝက်ပိုင်းလောက်မှာ စတင်ပြီး ရောင်းချသွားမယ်လို့ ပြောကြားထားတာကနေ ၂၀၁၉ နှစ်ဝက်ပိုင်းအထိ တစ်နှစ်လောက် နောက်ဆုတ်သွားတာဖြစ်ပါတယ်။

Tesla Model 3

Tesla ဟာ ယခု Model 3 ကို ဒေါ်လာ ၃၅၀၀၀ ကနေ စတင်ရောင်းချခဲ့တဲ့အတွက် Electric Cars တွေထဲမှာ လူကြိုက်များခဲ့ပြီးတော့ မှာယူမှုက Tesla က ထုတ်လုပ်ပေးနိုင်တာထက် ပိုပြီးများပြားလာခဲ့တဲ့အတွက် အခုလိုမျိုး Production မှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

Tesla Model 3 Interior

ဘာပဲဖြစ်ဖြစ် Tesla ဟာ Asia Market တွေဖြစ်တဲ့ တရုတ်နိုင်ငံလိုမျိုး ဈေးကွက်တွေမှာ Model S ၊ Model X ကားတွေနဲ့ အောင်မြင်မှုရရှိထားပြီးဖြစ်တဲ့အတွက် အခု Model 3 ကို နောက်နှစ်မှာရောင်းရင်လည်း အောင်မြင်လာဦးမှာပါ။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com