[Zawgyi]





Tesla Model 3




2B (Akhayar)

www.akhayar.com

[Unicode]

အနာဂတ်မှာ Tesla ဘက်ထရီက မြို့တစ်မြို့လုံး လျှပ်စစ်ဓာတ်အား ပေးလာနိုင်မှာလား

ဘက်ထရီလို့ ပြောလိုက်တာနဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာမှာ သုံးနေတဲ့ ဘက်ထရီမျိုးလားလို့ အထင်မှားသွားနိုင်ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်၊ ဘက်ထရီဆိုတဲ့ သဘောတရားချင်း အတူတူပဲမလို့ မြို့တစ်မြို့လုံး လျှပ်စစ်စွမ်းအား ထောက်ပံ့ချင်တယ်ဆိုရင်တော့ သေးသေးလေးမရဘူးပေါ့နော်။

Tesla Roadster Rival Electric Car

အခုချိန်မှာ ဘက်ထရီစွမ်းအင်နဲ့ မောင်းနှင်နေတဲ့ EV (Electrified Vehicle) လို လျှပ်စစ်ကားမျိုး တွင်ကျယ်နေပါပြီ။ သူ့ သဘောတရားကလည်း သိုလှောင်ထားတဲ့ လျှပ်စစ်ဓာတ်အားကိုပဲ ကားမောင်းဖို့အတွက် စွမ်းအင်အနေနဲ့ ပြန်အသုံးချတာပါ။ ဒီနည်းပညာပေါ်လာတဲ့ အကြောင်းရင်းတခုက မရေမတွက်နိုင်အောင် များပြားလွန်းတဲ့ မော်တော်ကားတွေ မောင်းနှင်ဖို့ ဓာတ်ဆီ၊ ဒီဇယ်ဆီနဲ့ သဘာဝတွင်းထွက်ဓာတ်ငွေ့ ရှားပါးလာလို့ပါ။ အဲ့ဒါထက် တန်နဲ့ချီပြီး လေထုထဲ ပျံ့နှံ့နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ လျော့ပါးလာဖို့ ဆိုးကျိုးမရှိ လျှပ်စစ်ကားနဲ့ အစားထိုးလိုက်တယ်လို့ ပြောရင်မမှားပါဘူး။

Tesla Model 3

Tesla အကြံက လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေးစနစ်တွေ အားလုံးမှာ ဘက်ထရီစွမ်းအင်နဲ့ အစားထိုးချင်တယ် ဆိုပါတော့။ ဒီ Idea ရဲ့ ရှေ့ပြေးနည်းပညာအနေနဲ့ သြစတေးလျနိုင်ငံရဲ့လေအားပေးစနစ်တွေမှာ Tesla ထုတ် Backup ဘက်ထရီစွမ်းအင် စသုံးနေပါပြီ။ အခုဆိုရင် မြို့တမြို့လို့မဆိုသေးပေမယ့် ဘက်ထရီစွမ်းအင် အသုံးပြု လျှပ်စစ်ဓာတ်အားပေး Power Grid တွေ ကယ်လဖိုးနီးယားပြည်နယ်မှာ တည်ဆောက်သွားဖို့ Tesla အနေနဲ့  ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြုပ်နှံထားလိုက်ပါပြီ။

Currently Using Tesla Power Grid

ဒီ အစီအစဉ်မှာ ရေနံနဲ့ သဘာဝစွမ်းအင် ထောက်ပံ့ရေး PG&E ကုမ္ပဏီ လည်းပါဝင်လာမှာ ဖြစ်သလို မြို့တမြို့လုံး လျှပ်စစ်စွမ်းအင် ထောက်ပံနိုင်တဲ့ City-sized ဘက်ထရီ တည်ဆောက်သွားဖို့ ပြင်ဆင်နေကြပါပြီ။ ဒီနေရာမှာ ပြောစရာဖြစ်လာတာက ကားမောင်းဖို့ လျှပ်စစ်စွမ်းအင်ကို ဘက်ထရီစွမ်းအင်အနေနဲ့ သိမ်းဆည်းပြီး ပြန်အသုံးချတာက ထွေထွေထူးထူး ပြဿနာမရှိပါဘူး။ မြို့တမြို့လုံး လျှပ်စစ်စွမ်းအင် ထောက်ပံ့ဖို့ဆိုရင်တော့ လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ဘယ်လိုသိမ်းဆည်းမလဲဆိုတာ အရေးကြီးဆုံး အချက်ပါ။ Tesla အနေနဲ့ ကြီးမားတဲ့ ဘက်ထရီတွေ လျှပ်စစ်စွမ်းအင်သိမ်းဆည်းဖို့ လေစွမ်းအင်နဲ့ တွင်းထွက် သဘာဝဓာတ်ငွေ့စွမ်းအင် အသုံးပြုသွားမယ်ဆိုမယ့် ကျွမ်းကျင်သူတွေက အတော်လေး စွန့်စားရာ ရောက်တယ်လို့ သုံးသပ်ထားကြပါတယ်။

2B (Akhayar)

www.akhayar.com