Tesla ကားကုမၸဏီဟာ အခုအခ်ိန္မွာ Model 3 အျပင္ တျခားေသာ ကားေမာ္ဒယ္ေတြအကုန္လံုးကို အခုအခ်ိန္မွာ အေရအတြက္ျပည့္မွီေအာင္ ျပန္လည္ထုတ္လုပ္လာျပီပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Tesla က Shanghai Municipal အစိုးရနဲ႔ ပူးေပါင္းျပီးေတာ့ တရုတ္ႏိုင္ငံမွာ ပထမဆံုး Gigafactory ကို ထုတ္လုပ္ေတာ့မွာပဲျဖစ္ပါတယ္။

Tesla Contract Signing

Tesla ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခု တရုတ္ႏုိင္ငံက Gigafactory ဟာ တစ္ႏွစ္ကို Tesla ကား အစီးေရ ၅သိန္း ထုတ္လုပ္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ တရုတ္ႏုိင္ငံဟာ လက္ရွိအခ်ိန္မွာ လွ်ပ္စစ္ကားေတြအသံုးျပဳမႈလြန္မ်ားျပားေနတဲ့အတြက္ အခုလုိမ်ိဳး Gigafactory က Tesla ကားေတြကို ပိုျပီး ေရာင္းခ်ႏုိင္ဖုိ႔ ရည္ရြယ္ထားတယ္လုိ႔ သိရပါတယ္။

Tesla Model X

Telsa ရဲ႕ ေျပာၾကားခ်က္အရေတာ့ မၾကာခင္မွာ စတင္တည္ေဆာက္မႈေတြကို ေဆာင္ရြက္ေတာ့မွာျဖစ္ျပီးေတာ့ အခုေလာေလာဆယ္မွာ လုိအပ္တဲ့ ခြင့္ျပဳခ်က္ေတြနဲ႔ ပါမစ္ေတြကို ရရွိဖုိ႔ လုိအပ္ေနေသးတယ္လုိ႔ သိရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Tesla ကားေတြ မထုတ္လုပ္ခင္အထိ ၂ ႏွစ္ေလာက္အခ်ိန္ေပးရမွာျဖစ္ျပီးေတာ့ လာမယ့္ ၂ ႏွစ္နဲ႔ ၃ႏွစ္အတြင္းမွာ စက္ရုံကေန ေမွ်ာ္မွန္းထားတဲ့ တစ္ႏွစ္ကို အစီးေရ ၅ သိန္း ထုတ္လုပ္သြားႏုိင္မွာျဖစ္ပါတယ္။

Tesla Gigafactory

အခု Tesla ရဲ႕ Gigafactory က Tesla အတြက္ တတိယေျမာက္ စက္ရံုျဖစ္လာျပီးေတာ့ ပထမဆံုးေသာ အေမရိကန္ႏုိင္ငံျပင္ပမွာ တည္ေဆာက္တဲ့စက္ရုံလည္းျဖစ္လာပါတယ္။ ပထမဆံုး Gigafactory ကို Nevada ကႏၱာရမွာ တည္ေဆာက္ထားခဲ့တာျဖစ္ျပီး ဒုတိယေျမာက္တစ္ခုကိုေတာ့ Buffalo ၊ New York မွာ တည္ေဆာက္ခဲ့ထားတာျဖစ္ပါတယ္။ Elon Musk အေနနဲ႔ ဒီႏွစ္အေစာပိုင္းမွာ တကမၻာလံုးမွာ Gigafactory ေပါင္း ၁၀ ခုကေန ၁၂ခု အထိ တည္ေဆာက္သြားမယ္လို႔ ဆိုထားတဲ့အတြက္ အခု China Shanghai မွာ တည္ေဆာက္မယ့္ Gigafactory က အဆိုပါ Gigafactory ေတြထဲမွာ ပထမဆံုးျဖစ္လာတယ္လုိ႔ ေျပာႏုိင္ပါတယ္။

Telsa

Telsa ဟာ ယခုႏွစ္အေစာပိုင္းမွာ ပထမဆံုး Mass Production Model ျဖစ္လာတဲ့ Tesla Model 3 အတြက္ ေဒၚလာ ၂.၇ ဘီလီယံအထိ သံုးစြဲခဲ့တာျဖစ္ျပီးေတာ့ အခုအခ်ိန္မွာ Elon Musk က သူကိုယ္တိုင္ေျပာၾကားခဲ့သလုိ Model 3 ကို တပတ္ကို အစီးေရ ၅၀၀၀ ျပည့္မွီအာင္ ထုတ္လုပ္ေနႏုိင္ျပီျဖစ္ပါတယ္။ အခုအခ်ိန္မွာလည္း တရုတ္ႏုိင္ငံက Gigafactory ကို တည္ေဆာက္ဖုိ႔အတြက္ ေနာက္ထပ္ ေဒၚလာ ၄ ဘီလီယံကေန ၅ ဘီလီယံအထိ သံုးစြဲရဖြယ္ရွိေနပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Tesla ကားကုမ္ပဏီဟာ အခုအချိန်မှာ Model 3 အပြင် အခြားသော ကားမော်ဒယ်တွေအကုန်လုံးကို အခုအချိန်မှာ အရေအတွက်ပြည့်မှီအောင် ပြန်လည်ထုတ်လုပ်လာပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Tesla က Shanghai Municipal အစိုးရနဲ့ ပူးပေါင်းပြီးတော့ တရုတ်နိုင်ငံမှာ ပထမဆုံးသော Gigafactory ကို ထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။

Tesla Contract Signing

Tesla ရဲ့ ပြောကြားချက်အရတော့ အခု တရုတ်နိုင်ငံက Gigafactory ဟာ တစ်နှစ်ကို Tesla ကား အစီးရေ ၅သိန်း ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ လျှပ်စစ်ကားတွေအသုံးပြုမှုလွန်များပြားနေတဲ့အတွက် အခုလိုမျိုး Gigafactory က Tesla ကားတွေကို ပိုပြီး ရောင်းချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Tesla Model X

Telsa ရဲ့ ပြောကြားချက်အရတော့ မကြာခင်မှာ စတင်တည်ဆောက်မှုတွေကို ဆောင်ရွက်တော့မှာဖြစ်ပြီးတော့ အခုလောလောဆယ်မှာ လိုအပ်တဲ့ ခွင့်ပြုချက်တွေနဲ့ ပါမစ်တွေကို ရရှိဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ Tesla ကားတွေ မထုတ်လုပ်ခင်အထိ ၂ နှစ်လောက်အချိန်ပေးရမှာဖြစ်ပြီးတော့ လာမယ့် ၂ နှစ်နဲ့ ၃နှစ်အတွင်းမှာ စက်ရုံကနေ မျှော်မှန်းထားတဲ့ တစ်နှစ်ကို အစီးရေ ၅ သိန်း ထုတ်လုပ်သွားနိုင်မှာဖြစ်ပါတယ်။

Tesla Gigafactory

အခု Tesla ရဲ့ Gigafactory က Tesla အတွက် တတိယမြောက် စက်ရုံဖြစ်လာပြီးတော့ ပထမဆုံးသော အမေရိကန်နိုင်ငံပြင်ပမှာ တည်ဆောက်တဲ့စက်ရုံလည်းဖြစ်လာပါတယ်။ ပထမဆုံး Gigafactory ကို Nevada ကန္တာရမှာ တည်ဆောက်ထားခဲ့တာဖြစ်ပြီး ဒုတိယမြောက်တစ်ခုကိုတော့ Buffalo ၊ New York မှာ တည်ဆောက်ခဲ့ထားတာဖြစ်ပါတယ်။ Elon Musk အနေနဲ့ ဒီနှစ်အစောပိုင်းမှာ တကမ္ဘာလုံးမှာ Gigafactory ပေါင်း ၁၀ ခုကနေ ၁၂ခု အထိ တည်ဆောက်သွားမယ်လို့ ဆိုထားတဲ့အတွက် အခု China Shanghai မှာ တည်ဆောက်မယ့် Gigafactory က အဆိုပါ Gigafactory တွေထဲမှာ ပထမဆုံးဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။

Telsa

Telsa ဟာ ယခုနှစ်အစောပိုင်းမှာ ပထမဆုံး Mass Production Model ဖြစ်လာတဲ့ Tesla Model 3 အတွက် ဒေါ်လာ ၂.၇ ဘီလီယံအထိ သုံးစွဲခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာ Elon Musk က သူကိုယ်တိုင်ပြောကြားခဲ့သလို Model 3 ကို တပတ်ကို အစီးရေ ၅၀၀၀ ပြည့်မှီအောင် ထုတ်လုပ်နေနိုင်ပြီဖြစ်ပါတယ်။ အခုအချိန်မှာလည်း တရုတ်နိုင်ငံက Gigafactory ကို တည်ဆောက်ဖို့အတွက် နောက်ထပ် ဒေါ်လာ ၄ ဘီလီယံကနေ ၅ ဘီလီယံအထိ သုံးစွဲရဖွယ်ရှိနေပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com