အခုဖော်ပြသွားမယ့် ဗီဒီယိုဂိမ်းတွေက Critics Review အရရော ကစားသူ Experience အရပါ ခြောက်ခြားစရာ အကောင်းဆုံး Rating ရထားတဲ့ Horror ဂိမ်းတွေပါ။ ဒီနေရာမှာ Pure Horror နဲ့ Action Horror ၂ မျိုးဖော်ပြသွားမှာဖြစ်ပြီး အသည်းငယ်သူတွေ၊ တုန်နေအောင်ကြောက်တတ်သူတွေ ပါနေရင် ဆက်မဖတ်ပါနဲ့တော့။ လူကို Physco ဖြစ်သွားစေတဲ့ထိ ခြောက်လန့်ပြီး မထင်မှတ်ထားတဲ့ Jump Scare တွေနဲ့ WTF! လို့ရေရွတ် လန့်သွားစေမယ့်ဂိမ်းတွေကိုပဲ ဖော်ပြသွားပါ့မယ်။

10. Pacify (Multiplayer Online)

ဒီဂိမ်းကိုတော့ မကြောက်တတ်ပါဘူးဆိုတဲ့ သူငယ်ချင်းတွေနဲ့ (အများဆုံး ၄ ယောက်) တွဲကစားနိုင်မှာဖြစ်ပြီး ဇရှိရင်တော့ Solo ဆော့နိုင်ပါတယ် (ဒါမယ့်မ Try ပါနဲ့ အောင်မှာမဟုတ်ပါဘူး) ဘာလို့လဲဆိုရင် Game Phase ဟာ Player Dependent လို့လည်းပြောနိုင်သလို Emilia ဆိုတဲ့ ချာတိတ်မလေးအပေါ် မူတည်နေပါတယ်။ ကစားရမယ့်ပုံစံက Emilia ကို မီးရှို့ဒါမှမဟုတ် လွတ်အောင်ပြေးနိုင်ရင် အောင်ပါပြီ။

Image (Steam)

ဒါပေမယ့် Escape လုပ်ဖို့ Keys လိုက်ရှာရမယ်၊ Runaway အတွက် သော့ ၄ ချောင်းနဲ့ Final Ending ရောက်နိုင်ပေမယ့် ဂိမ်း Tempo မြင့်လာမှာက ထပ်ခိုးပေါ်ရောက်တဲ့အချိန်ပါပဲ။ Monster Mode ဝင်နေတဲ့ Emilia လိုက် Chase မှာဖြစ်ပြီး Pure Horror ဆိုတော့ သရဲမကို ဘာမှပြန်လုပ်လို့မရဘူး၊ ခက်တာက စုန်းကဝေလိုလို လူကိုပြုစားရင်ပြုစား ဒါမှမဟုတ် အရုပ်တွေပြောင်းပစ်တတ်လို့ ဖနောင့်နဲ့တင်ပါးကပ်နေအောင် ပြေးလို့အကြုံပြုရပါလိမ့်မယ်။

Image (Steam)

အဲ့ဒီမှာ Emilia ကို Tease လုပ်နိုင်တာက ဂိမ်းထဲပေးထားတဲ့ အရုပ်တွေပါပဲ။ အဲ့မှာ အရုပ်က၂ မျိုးရှိပါတယ် Marked Doll နဲ့ အရောင်ပါတဲ့ Doll (Pacify) ဆိုတာပဲ။ ဂိမ်း Ending ကို Marked Doll ဘယ် ၂ ရုပ်ကျန်တာနဲ့အဆုံးဖြတ်ပေးမှာဖြစ်ပြီး အမြန်အောင်ဖို့ဆိုရင် Marked Doll အကုန် မီးရှို့ပစ်ဖို့ပါပဲ။ Pacify Doll ကတော့ Emilia တွက်ဖြစ်ပြီး Monster Mode ဝင်နေတဲ့သူမစိတ်ကို ပျော့ပျောင်းစေဖို့ဖြစ်ပါတယ်။

Image (Steam)

အဲ့ဒီမှာ Game Phase ကိုလည်း နားလည်ထားဖို့လိုပြီး Calm Mode ဝင်နေတဲ့ Emilia ကို တွေ့ရခဲတယ်၊ အသံတော့ကြားနေရမယ်၊ အဲ့လိုအသံကြားတိုင်းယောင်မနေပါနဲ့။ ကိုယ့်စီက Pacify Doll ကို ခိုးသွားတတ်ပြီး Monster Mode ဝင်နေတဲ့ချိန် Pacify Doll မရှိရင် သေပြီသာမှတ်။ မှောင်မှောင်မဲမဲ အိမ်ကြီးထဲမှာ လမ်းကမသိ၊ ဟိုသရဲမကလည်း တောက်လျောက်လိုက်၊ Emilia မရှိနေဘူးဆိုရင်တောင် ကျွတ်ကျွတ်ကျပ်ကျပ် အသံတွေနဲ့ ရင်တထိတ်ထိတ် ကစားရတာမို့ ပျော်စရာလည်းကောင်း ကြောက်စရာလည်း ကောင်းပါတယ်။ Pacify Gameplay Trailer ကိုလည်း မြည်းကြည့်လိုက်ပါဦး။

9. Amnesia: The Dark Descent (Single Player)

၂၀၁၀ လောက်တုန်းက ထွက်ရှိခဲ့တဲ့ Amnesia ဟာ Horror ဂိမ်းတွေအကြား ခြောက်ခြားစရာ အကောင်းဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့တယ်လို့ သုံးသပ်ရပါမယ်။ ကျနော့်အနေနဲ့တောင် ၂ လလောက် အချိန်ယူကစားခဲ့ရပြီး စိတ်ပျက်စရာကောင်းတဲ့ In Game Puzzle တွေနဲ့ မှောင်အတိကျနေတဲ့ Game Atmosphere ကတကယ် သွေးလန့်စရာဖြစ်စေခဲ့ပါတယ်။ ဖြစ်ချင်တော့ First person အသားပေးဆော့ရသလို Control ပိုင်းမှာ ခုခေတ်ဂိမ်းတွေလောက် မသေသပ်တဲ့အတွက် ကြောက်လည်းကြောက် မူးလည်းမူးခဲ့ရပါတယ်။

Image (New Game Network)

Puzzle ဖြေဖို့ တယောက်ထဲမနိုင်လို့ အပေါင်းပါခေါ်ခဲ့ရပြီး (အမှန်ကကြောက်လို့) ရဲတိုက်ကြီးထဲ ပိတ်မိနေတဲ့ Daniel နေရာကဆော့ရတယ်။ အဲ့ကောင်ကလည်း အတိတ်မေ့နေပြီး ဘာမှကိုသုံးစားလို့မရပါဘူး၊ နောက်ပြီး Crawling လုပ်နေတဲ့ Gatherers (လူတပိုင်း၊ မကောင်းဆိုးဝါးတပိုင်း) တွေနဲ့ တွေ့ရင် ငနဲကအရင်လန့်ပြီး သူ့ Vision ပါပာလာရော။ နဂိုကတည်းက မှောင်နေလို့ ဘာမှမမြင်ရပါဘူးဆိုမှ Daniel တယောက် ခေါင်းကိုက်၊ အာရုံကြောတွေ Paralyze ဖြစ်၊ ရန်သူကိုလည်း အနိုင်တိုက်လို့မရတော့ လွတ်အောင်ပဲ ပြေး ဒါမှမဟုတ် ပုန်းလို့ပဲရပါတယ်။

Image (SSL Images)

Castle ထဲရောက်နေတဲ့ အကြောင်းပြချက်ကလည်း သူ့ကိုယ်သူပြန်သိဖို့ဆိုတာထက် ရဲတိုက်ကြီးအကြောင်း တစ်စထက်တစ်စ သိလာလေလေ ဘာဆက်ဖြစ်မလဲ သိချင်လာလေလေပါပဲ။ တခုပဲစိတ်ပျက်စရာဖြစ်စေမှာက Puzzle တွေနဲ့ ရေနံဆီပါ။ သရဲကုတ်တာခံရလို့ Adrenaline ၊ ဆေးသောက်လိုက်ရင် သက်သာပေမယ့် အမှောင်ထဲရေနံဆီကုန်လို့ကတော့ ကွိပြီလို့သာ မှတ်လိုက်ပါ။

8. Alien Isolation (Single Player)

Alien ဆိုတာနဲ့ မည်းမည်းအကောင်ကြီးလို့ ချက်ချင်းပြေးမြင်မိမှာပါ။ ပထမဆုံး Debut လုပ်ခဲ့တဲ့ Alien 1979 ရုပ်ရှင်ထဲမှာ Nostromo ယာဉ်ကြီးထဲ Extraterrestrial Life တကောင် ဘယ်လိုပါလာသလဲ? လူသားတွေအနေနဲ့ အာကာသထဲမှာ တခြားသက်ရှိတွေ နေထိုင်နေတယ်ဆိုတဲ့ Proof ကြီးက အရမ်းတန်ဖိုးရှိတဲ့အတွက် Waylend Corp အနေနဲ့ Alien ကို Extract လုပ်ဖို့ မဟာအခွင့်ရေးဖြစ်ခဲ့တာပါ။

Alien 1979 (Scraps From the Loft)

အဲ့ဒီမှာ Alien ကယာဉ်ပေါ်ပါလာတဲ့ Crew Member အကုန်နီးပါး ရက်ရက်စက်စက် သတ်ပြီးနေပြီ။ Nostromo ရဲ့အရာရှိ Ellen Ripley အနေနဲ့ Distress Signal လွတ်လိုက်တာ Rescue Mission ဆိုတာထက် Extract Mission ဆိုတာ သိသွားတဲ့အခါမှာတော့ သူမကိုယ်တိုင် Alien လက်ကလွတ်အောင် ပြေးရပါတော့တယ်။ နောက်ပိုင်းမှာ Sequel ရုပ်ရှင်နဲ့ Prequel Story ဆက်ထွက်လာပေမယ့် Alien ၁၉၇၉ အဖြစ်ပျက်နောက်ပိုင်း ၁၅ နှစ်ကြာ ဇာတ်လမ်းတည်ထားတဲ့ Isolation ကတော့ Horror Game နှစ်သက်သူတွေ အကြိုက်ဖြစ်မှာပါ။

Image (Game Reactor)

ဘာလို့လဲဆိုရင် Alien ကားတွေရဲ့ Sole Survivor “Ellen Ripley” ရဲ့ သမီးဖြစ်သူ Amanda Ripley နေရာကဆော့ရမှာဖြစ်ပြီး ပျောက်ဆုံးနေတဲ့မိခင်ပြန်ရှာတွေ့ဖို့ Nostromo ရဲ့ Flight Recorder က အကြောင်းဖန်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ Recorder ဟာ Nostromo မှာရှိမနေဘဲ Sevastopol အမည်ရ Space Station မှာရှိနေတယ် သိရပြန်လို့ အပူတပြင် ခရီးနှင်ရပြန်ပါတယ်။ ဒါပေမယ့် Sevastopol ဆီရောက်တော့ မျှော်လင့်ထားသလို ဖြစ်မလာဘဲ Space Station တခုလုံးကို Alien ဖျက်ဆီးထားနှင့်ပါပြီ။

Image (Future CDN)

Isolation မှာ ၁၉၇၉ တုန်းက Nightmare တွေပြန်ပါလာမှာဖြစ်ပြီး ဇာတ်သိမ်းမှာ Ellen Ripley တယောက် Recorder ထဲပြောသွားတဲ့စကားတွေ နောက်ပြီးသူမ Cryo Sleep ထဲကနေ ဘယ်လိုပြန်ထွက်လာလဲ ဆိုတဲ့အချက်တွေ အချိတ်ဆက်မိမိ ဖော်ပြထားပါတယ်။ ထုံးစံအတိုင်း Sevastopol ထဲ သောင်းကျန်းနေတဲ့ Alien ကလည်း ဝင်ဖြဲတယ်ဆိုတာထက် လန့်စရာလည်းကောင်း၊ သေလို့လည်း မပြီးအောင် ကြမ်းပြမှာမလို့ ရင်တထိတ်ထိတ် ဆော့ကောင်းတဲ့ ဗီဒီယိုဂိမ်းလို့ပြောရမှာပါ။

7. The Evil Within 2 (Single Player)

ဒိဂိမ်းကိုတော့ Terrifying ဖြစ်တယ်ဆိုတာထက် Gruesome ဖြစ်တယ်၊ Violence ဖြစ်တယ်လို့ သုံးနှုန်းရင်ပိုမှန်ပါတယ်။ Publisher “Bethesda” ကိုယ်တွယ်တော့လည်း Outlast လို Terrifying ဖြစ်ရမယ့်ဂိမ်းဟာ Fast Paced Action ဘက်ရောက်သွားရပါတယ်။ ဒါပေမယ့် Silent Hill ၊ Resident Evil 4 ဒါရိုက်တာကြီး “Shniji Mikami” လက်ရာဆိုတော့ The Evil Within ဂိမ်းကစားရင် အရင် Horror ဂိမ်းအငွေ့သက်တွေ ပါဝင်နေတာတွေ့ရမှာပါ။

ဆိုတော့ ပြောချင်တာမစသေးခင် ၂၀၁၄ တုန်းကထွက်ရှိထားတဲ့ Original Story နဲ့ ပြန်ချိတ်တာ ပိုကောင်းပါတယ်။ မကစားရသူတွေအနေနဲ့လည်း Spoiler ကင်းကင်း ဖတ်ရှုနိုင်ပါတယ်။ အရင်က Resident Evil Title တမျိုးထဲ Action Horror ရှိတာဆိုမယ့် The Evil Within ရဲ့ Game Atmosphere ကပိုလန့်စရာ ကောင်းပါတယ်။ အထူးသဖြင့် သွေးပျက်စရာ မြင်ကွင်းတွေနဲ့ Physco ဆန်ဆန် လူတယောက်ကို ဘယ်လိုကြောက်အောင် ခြောက်ရင်ကောင်းမလဲဆိုတဲ့ Theory ပါနေတော့ Original Story ကို အောင်တဲ့လူရှားတယ်လို့တောင် ပြောကြပါတယ်။

Image (Gaming Trend)

တကယ်လည်း Shniji Focus လုပ်ထားတဲ့အပိုင်းက Survival Horror ဂိမ်းကို ကြောက်လန့်လို့ စိတ်အမွာမွာကွဲသွားချိန်မှာ ဖြစ်ပေါ်လာတဲ့ခံစားချက်မျိုး ဖော်ပြနိုင်တာမို့ The Evil Within ဒါမှမဟုတ် Physco Break လို့တောင် သုံးနှုန်းကြပါတယ်။ တကယ်ကစားနေရင်းလည်း Tension အပြည့်နဲ့ ဆော့ရသလို Laura နဲ့ Ruvick ထွက်လာပြီး လိုက်တဲ့အခန်းမှာ နှလုံးတောင် တဒိန်းဒိန်းခုန်ရတဲ့အထိပါပဲ။

နောက်ပြီး Background Sound ကလည်း Jump Scare ၊ Monster Chase လို Action နဲ့လိုက်ဖက်တာမို့ ပိုခြောက်ခြားစရာကောင်းနေပါတယ်။ Sequel Story မှာတော့ သနားစရာစုံထောက်လေး Sebastian အနေနဲ့ ဆုံးရှုံးလိုက်ရတဲ့ သမီး Lily နဲ့ ဇနီး Myra ၂ ယောက်လုံးကို သွေးပျက်စရာ မကောင်းဆိုးဝါးတွေ Crawling လုပ်နေတဲ့ ကမ္ဘာထဲက ကယ်ထုတ်ဖို့ အကြောင်းဖန်လာပါတယ်။ ပြောချင်ပေမယ့် တော်တော်ရှည်နေပြီမို့ The Evil Within ကစားရင် Horror Experience အသစ်ရနိုင်မယ်လို့ အာမခံပါတယ်။

6. Silent Hill (Single Player)

Silent Hill Franchise ထဲမှာတော့ ၁၉၉၈ တုန်းကထွက်ရှိခဲ့တဲ့ ဗီဒီယိုဂိမ်း အကောင်းဆုံးလို့ပဲ ပြောရမှာပါ။ 2D Graphics နဲ့ စုတ်ပြတ်သတ်နေပေမယ့် Storyline ခိုင်မာပြီး တစ်စထက်တစ်စ ကစားသူကိုဆွဲခေါ်သွားမယ့် Gameplay က Strong ဖြစ်နေတာပါ။ ကျနော့်အနေနဲ့ Remastered ၊ Remake ပြန်ထုတ်စေချင်ပေမယ့် Developer ၊ Publisher အကြား မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ပြီး Hedeo Kojima ဖန်တီးချင်တဲ့ Silent Hills Project တောင် ပျက်ခဲ့ရပါတယ်။

Image (Giant Bomb)

ဒီတော့ ဆယ်စုနှစ် ၂ စုလောက်ကြာသွားပြီဖြစ်တဲ့ဂိမ်းကို Review အနေနဲ့ အကျဉ်းပြောလိုက်တာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဂိမ်းအတိုင်းရုပ်ရှင်ပြန်ရိုက်ခဲ့ပေမယ့် ဇာတ်အိမ်ယိုယွင်းနေတာကြောင့် Fail သွားခဲ့တာစိတ်မကောင်းစရာပါ။ Silent Hill လို့ နာမည်ကြီးလာတာကိုတော့ Original Story မှာ ကျောက်မီးသွေးတွင်းပေါက်ကွဲလို့ ပျာကျပျက်စီးသွားခဲ့တာလို့ မဖော်ပြထားဘဲ Harry Manson ဖြစ်သူရဲ့ မွေးစားသမီးလေး Sheryl တို့ ပျော်ပွဲစားထွက်ရင်း မတော်တဆ Car Accident ဖြစ်ရာကနေ ဇာတ်လမ်းစထားတာပါ။

ဖြစ်စဉ်ကတော့ မီးခိုးမှုန်တွေ တဖွေးဖွေးကျနေတဲ့ ကားလမ်းမပေါ် ရုတ်တရက်ပေါ်လာတဲ့ ကောင်မလေးတယောက်ကို ရှောင်တိမ်းရင် Slip ဖြစ်နေတဲ့လမ်းကြောင့် Accident ဖြစ်တယ်။ Harry သတိရလာချိန်မှာတော့ သမီးလေးမရှိတော့သလို သူ့အတွက် သောကမီးတောက်လောင်စေတာကတော့ Silent Hill ဆိုတဲ့ မြို့ဝင်ဆိုင်းဘုတ်ကြောင့်ပါပဲ။ ဘာရယ်မသိ သုသာန်တစပြင်အလား တိတ်ဆိတ်နေတဲ့မြို့လေးထဲမှာ သမီးများ ကြောက်အားလန့်အား ဝင်ပုန်းနေမလားဆိုတဲ့ အတွေးနဲ့ ရဲရဲတင်းတင်း ရှာဖွေနေရင်း အမှောင့်ပယောဂ ကျရောက်လာပုံကို ဖော်ပြထားတာပါ။

ဘာသာအယူရပြောရင်တော့ Silent Hill က တစ္ဆေ၊ ဝိဥာဏ်တွေဟာ နေစံ၊ ညခံပုံစံမျိုးနဲ့ Darkness Spawn လုပ်တဲ့အချိန် ဘယ်သက်ရှိသတ္တဝါမှ နေလို့မရပါဘူး။ ရုပ်ရှင်ကြည့်ဖူးရင်တော့ သိပါလိမ့်မယ်၊ ဥသြစွဲသံအရှည်ကြီးပေါ်လာပြီးရင် တလောကလုံး သိမ့်ခနဲ မှောင်အတိကျသွားတတ်ပြီး ဘယ်ကမှန်းမသိတဲ့ မကောင်းဆိုးဝါးတကောင် ဓားရှည်ကြိးနဲ့ ပေါ်လာတတ်တယ်။ ဒိမတိုင်ခင် ပုံပျက်ပန်းပျက် သတ္တဝါ သို့ လူတွေ ပေါ်လာတတ်ပြီး Ritual ပုံစံ လူကို အရှင်လတ်လတ်မီးရှို့သတ်တာ၊ မွေးကင်းစ ကလေးငယ်တွေ ချက်ကြိုးတန်းလန်း၊ မျက်စိမျက်နှာ မထင်ရှားတဲ့ပုံစံနဲ့ ကိုယ့်နောက်လိုက်တာကို ရင်တထိတ်ထိတ် လွတ်အောင်ပြေးရမယ့် Survival Game အနေနဲ့ဆော့ကစားရမှာပါ။

ဒီလိုဆိုရင်တော့ အခုပထမပိုင်းအနေနဲ့ ဖော်ပြလိုက်တဲ့ Horror Game ၅ မျိုးကို စမ်းဆော့ကြည့်နေပြီထင်ပါတယ်။ တကယ်လို့ ကစားဖူးသူတွေရှိရင်လည်း Experience လေးတွေ ဝေမျှသွားခဲ့ပါဦး။

2B (Akhayar)
www.akhayar.com