[Zawgyi]

ငါ့ရဲ႕လ်င္ျမန္မႈက မင္းရဲ႕အေတြ႕ အၾကံဳထက္သာတယ္လုိ႔ ဆုိတ့ဲ Tenshin Nasukawa

ဝိတ္တန္းငါးခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ဟာ ဒီဇင္ဘာ (၃၁) ရက္ေန႔မွာ ဂ်ပန္ကစ္ေဘာက္ဆင္သမား Tenshin Nasukawa နဲ႔ ထုိးသတ္မယ္လုိ႔ ႏုိဝင္ဘာလ (၅) ရက္ေန႔မွာ ျပဳလုပ္တဲ့ Rizin Fighting Federation ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ တရားဝင္ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ ဂႏၳဝင္လက္ေဝွ႕ေက်ာ္ Floyd Mayweather ဟာ ကစ္ေဘာက္ဆင္သမား Tenshin Nasukawa နဲ႔ ထုိးသတ္မယ့္ပြဲစဥ္ကုိ ဖ်က္သိမ္းလုိက္ေၾကာင္း တရားဝင္ေၾကညာခဲ့တာ အားလုံးသိၾကမယ္ထင္ပါတယ္။ သရုပ္ျပပြဲအတြက္သာ သေဘာတူညီထားတဲ့ Floyd Mayweather ဟာ လက္ေဝွ႔ပြဲထုိးသတ္ဖုိ႔ မျဖစ္ႏုိင္ေၾကာင္း ေျပာဆုိခဲ့တာပါ။

Rizin Fighting Federation ရဲ႕ တာဝန္ရွိသူေတြကလည္း Floyd Mayweather ကုိ ျပန္လည္ညွိႏႈိင္းခဲ့ၿပီး ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာ က်င္းပမယ့္ သရုပ္ျပပြဲက အမွန္တကယ္ျဖစ္လာၿပီလုိ႔ ဆုိရမွာပါ။ Floyd Mayweather ဟာ Tenshin Nasukawa နဲ႔ ကုိးမိနစ္သုံးခ်ီ သရုပ္ျပပြဲကုိ ေဘာက္ဆင္စည္းမ်ဥ္းအတုိင္း ထုိးသတ္မယ္လုိ႔ ေၾကညာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Tenshin Nasukawa ဟာ လက္ေဝွ႔ဘုိးေအႀကီး Floyd Mayweather ကုိ ေသြးတုိးစမ္းလုိက္ပါၿပီ။ ေၾကးစားေဘာက္ဆင္ပြဲ (၅ဝ) လုံးလုံး ရႈံးပြဲမရွိေအာင္ ထုိးသတ္လာခဲ့တဲ့ အေတြ႕ အၾကံဳဟာ သူ႕ရဲ႕ ငယ္ရြယ္လ်င္ျမန္မႈနဲ႔ ႏႈိင္းယွဥ္ရင္ ဘာမွမဟုတ္ေသးေၾကာင္း ေျပာဆုိလုိက္တာပါ။ ပြဲအေတြ႕ အၾကံဳနည္းေသးတဲ့ သူ႕ ကုိ အထင္မေသးဖုိ႔နဲ႔ ကြ်မ္းက်င္မႈကုိ ခ်က္ခ်င္းသက္ေသျပမယ္ဆုိတဲ့အေၾကာင္းကုိ ေျပာဆုိခဲ့တာပါ။

အသက္ (၂ဝ) သာရွိေသးတဲ့ ကစ္ေဘာက္ဆင္သမား Tenshin Nasukawa ဟာ ေၾကးစား (၂၇) ပြဲထုိးသတ္ခဲ့ၿပီး ရာႏႈန္းျပည့္အႏုိင္ရရွိခဲ့ပါတယ္။ ထုိးသတ္ခဲ့တဲ့ (၂၇) ပြဲမွာ ပြဲ (၂ဝ) က အလဲထုိးနဲ႔ အႏုိင္ရရွိခဲ့တာပါ။ သုိင္းေပါင္းစုံၿပိဳင္ပြဲ (၄) ပြဲထုိးသတ္ခဲ့ရာမွာလည္း အႏုိင္ရရွိထားသူပါ။ သုံးခ်ီကုိးမိနစ္ပြဲကုိ ေဘာက္ဆင္စည္းမ်ဥ္းအတုိင္း ထုိးသတ္မွာျဖစ္ေပမယ့္ အရႈံးအႏုိင္ရလဒ္ဟာ မွတ္တမ္းမဝင္ဘဲ သရုပ္ျပပြဲအေနနဲ႔သာ ရွိေနမွာပါ။ တကယ္လုိ႔ အရႈံးအႏုိင္ေပၚခဲ့ရင္ေတာင္ သူတုိ႔ရဲ႕ ရႈံးပြဲမရွိမွတ္တမ္းေတြကုိ ထိခုိက္မွာမဟုတ္ပါဘူး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ငါ့ရဲ့လျင်မြန်မှုက မင်းရဲ့အတွေ့ အကြုံထက်သာတယ်လို့ ဆိုတဲ့ Tenshin Nasukawa

ဝိတ်တန်းငါးခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ဟာ ဒီဇင်ဘာ (၃၁) ရက်နေ့မှာ ဂျပန်ကစ်ဘောက်ဆင်သမား Tenshin Nasukawa နဲ့ ထိုးသတ်မယ်လို့ နိုဝင်ဘာလ (၅) ရက်နေ့မှာ ပြုလုပ်တဲ့ Rizin Fighting Federation ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင်ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဂန္ထဝင်လက်ဝှေ့ကျော် Floyd Mayweather ဟာ ကစ်ဘောက်ဆင်သမား Tenshin Nasukawa နဲ့ ထိုးသတ်မယ့်ပွဲစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တရားဝင်ကြေညာခဲ့တာ အားလုံးသိကြမယ်ထင်ပါတယ်။ သရုပ်ပြပွဲအတွက်သာ သဘောတူညီထားတဲ့ Floyd Mayweather ဟာ လက်ဝှေ့ပွဲထိုးသတ်ဖို့ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တာပါ။

Rizin Fighting Federation ရဲ့ တာဝန်ရှိသူတွေကလည်း Floyd Mayweather ကို ပြန်လည်ညှိနှိုင်းခဲ့ပြီး ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ကျင်းပမယ့် သရုပ်ပြပွဲက အမှန်တကယ်ဖြစ်လာပြီလို့ ဆိုရမှာပါ။ Floyd Mayweather ဟာ Tenshin Nasukawa နဲ့ ကိုးမိနစ်သုံးချီ သရုပ်ပြပွဲကို ဘောက်ဆင်စည်းမျဉ်းအတိုင်း ထိုးသတ်မယ်လို့ ကြေညာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Tenshin Nasukawa ဟာ လက်ဝှေ့ဘိုးအေကြီး Floyd Mayweather ကို သွေးတိုးစမ်းလိုက်ပါပြီ။ ကြေးစားဘောက်ဆင်ပွဲ (၅ဝ) လုံးလုံး ရှုံးပွဲမရှိအောင် ထိုးသတ်လာခဲ့တဲ့ အတွေ့ အကြုံဟာ သူ့ရဲ့ ငယ်ရွယ်လျင်မြန်မှုနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်သေးကြောင်း ပြောဆိုလိုက်တာပါ။ ပွဲအတွေ့ အကြုံနည်းသေးတဲ့ သူ့ ကို အထင်မသေးဖို့နဲ့ ကျွမ်းကျင်မှုကို ချက်ချင်းသက်သေပြမယ်ဆိုတဲ့အကြောင်းကို ပြောဆိုခဲ့တာပါ။

အသက် (၂ဝ) သာရှိသေးတဲ့ ကစ်ဘောက်ဆင်သမား Tenshin Nasukawa ဟာ ကြေးစား (၂၇) ပွဲထိုးသတ်ခဲ့ပြီး ရာနှုန်းပြည့်အနိုင်ရရှိခဲ့ပါတယ်။ ထိုးသတ်ခဲ့တဲ့ (၂၇) ပွဲမှာ ပွဲ (၂ဝ) က အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ သိုင်းပေါင်းစုံပြိုင်ပွဲ (၄) ပွဲထိုးသတ်ခဲ့ရာမှာလည်း အနိုင်ရရှိထားသူပါ။ သုံးချီကိုးမိနစ်ပွဲကို ဘောက်ဆင်စည်းမျဉ်းအတိုင်း ထိုးသတ်မှာဖြစ်ပေမယ့် အရှုံးအနိုင်ရလဒ်ဟာ မှတ်တမ်းမဝင်ဘဲ သရုပ်ပြပွဲအနေနဲ့သာ ရှိနေမှာပါ။ တကယ်လို့ အရှုံးအနိုင်ပေါ်ခဲ့ရင်တောင် သူတို့ရဲ့ ရှုံးပွဲမရှိမှတ်တမ်းတွေကို ထိခိုက်မှာမဟုတ်ပါဘူး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com