[Zawgyi]
PUBG Mobile
2B (akhayar)
www.akhayar.com
[Unicode]
PUBG Mobile ကြောင့် ရက် ၂၀၀ အတွင်း ဒေါ်လာသန်း $100 ရရှိခဲ့တဲ့ Tecent Games
တရုတ်နိုင်ငံအခြေစိုက် Tecent Games ကတော့ PUBG Mobile နဲ့ အေတော်လေးဝင်ငွေ ရရှိသွားခဲ့ပြီဆိုရပါတော့မယ်။ Winner Winner Chicken Dinner ဆိုသလို ၂၀၁၈ ရဲ့ အကောင်းဆုံးမိုဘိုင်းဂိမ်း Award ကိုလည်း သိမ်းပိုက်ထားတယ်၊ SensorTower အဆိုရဆိုရင်လည်း Fortnite ကိုပါ ကျော်တက်ပြီး ကစားသူဦးရေအများဆုံး မိုဘိုင်းဂိမ်းအဖြစ် ရပ်တည်နေပြီဆိုပါတယ်။
PUBG Mobile
လေ့လာချက်တွေအရ iOS Gamer တွေဟာ (နိုဝင်ဘာ ၂၁ ရက်ကနေ ၂၂ ရက်) ၂ ရက်အတွင်း PUBG Mobile အတွက် $1.7 သန်း အသုံးချခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏဟာ Tecent အတွက် အလားလာကောင်းတစ်ခုဖြစ်ပြီး Fortnite နဲ့ယှဉ်ရင် $0.5 သန်း ($1.2 သန်း) ဝင်ငွေပိုရရှိထားပါတယ်။ ထပ်လောင်းပြောဆိုရဦးမယ်ဆိုရင် Apple Store နဲ့ Google Play ၂ ခုလုံးရဲ့ ဝင်ငွေက $12 သန်း ရရှိထားပြီဖြစ်သလို ပြီးခဲ့တဲ့ဝင်ငွေ ($4.5 သန်း) ထက် 166% တောင် ခုန်တက်လာခဲ့တာပါ။
Fortnite Battle Royale
ဒါကြောင့်မလို့ ဝင်ငွေ 43% ပဲ တိုးတက်လာခဲ့တဲ့ Fortnite ထက် ပိုအောင်မြင်နေသလို 2018 နှစ်ကုန်ပိုင်းအထိ ဝင်ငွေပိုရရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့်လို့ Venture Beat ထောက်ပြထားချက်အရ ရက် ၂၀၀ အတွင်း ဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ရရှိထားပေမယ့် အဲ့ဒီကာလအတောတွင်း ဒေါ်လာ သန်း ၃၀၀ ရရှိထားတဲ့ Fortnite ကိုတော့ မမီသေးဘူးလို့သိရပါတယ်။
2B (akhayar)
www.akhayar.com