ကျနော်တို့ PUBG Player တွေအတွက် Tencent Games က Subscriptions ၂ မျိုးကြေညာလိုက်ပါတယ်။ အဲ့ဒါကတော့ Prime နဲ့ Prime Plus တို့ပဲဖြစ်ပြီး Tier အလိုက် စပယ်ရှယ် Goodies တွေရရှိမှာဖြစ်ပါတယ်။ (April Fool လုပ်တာမဟုတ်ပါ)

Image (Internet)

ရှင်းသွားအောင် ထပ်ပြောရမယ်ဆိုရင် Prime ကို Subscribe လုပ်ထားသူတွေအနေနဲ့ တရက်ကို Coin ၅ ခုရရှိမှာဖြစ်ပြီး တလဆိုရင် ၁၅၀ လောက်ရမယ်။ ဒါကတော့ Item တွေကို Battle Point နဲ့ဝယ်ရင် ရမယ်လို့ပြောတာပါ။

Image (Android Authority)

Prime Plus ကတော့ ပိုလန်းပါတယ်။ Subscription လုပ်ထားပြီးလို့ Item တွေ Battle Points နဲ့ဝယ်တိုင်း Unknown Coins ၂၀ ရမယ်၊ တလလုံးဆိုရင် ၆၀၀ ပေါ့။ နောက်ပြီး 10 RP ကိုလည်း နေ့တိုင်းရမယ်၊ Item တွေအတွက် Daily Discount ရှိမယ်၊ First Classic Crate Lottery မှာ 50% ပေးထားတဲ့အတွက် Prime Plus Subscriber တွေအတွက်ကတော့ ရှယ်ပါပဲ။

Image (Internet)

ဒါပေမယ့် Subscription လုပ်ချင်တယ်ဆိုရင် Prime က 0.99$ ကျသင့်မှာဖြစ်ပြီး Prime Plus ကတော့ $9,9 ပါ။ အချိုန်မှာ 50% လျှော့ပေးထားတယ်ဆိုတော့ Prime Plus က $4,99 ပဲကျသင့်မယ်ဆိုတော့ Subscribe လုပ်ချင်တဲ့သူအတွက် သတင်းကောင်းလေးပါ။

Source: Android Authority
2B (Akhayar)