စိတ္က်ေရာဂါဝင္ေနၿပီမွန္း သိႏိုင္တဲ့အခ်က္ ၁၀ ခ်က္

[Zawgyi]

စိတ္က်ေရာဂါဝင္ေနၿပီမွန္း သိႏိုင္တဲ့အခ်က္ ၁၀ ခ်က္

လူတိုင္းရဲ႕ ေန႔စဥ္ဘဝမွာ စိတ္ညစ္စရာေတြဆိုတာကေတာ့ အနည္းနဲ႔အမ်ားဆိုသလိုရွိၾကမွာပါ။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ေမွ်ာ္လင့္ခ်က္မဲ့လာသလို၊ စိတ္ပ်က္လာတာမ်ိဳးေတြ ဘယ္လိုေျဖေဖ်ာက္ေဖ်ာက္ ခံစားေနရၿပီဆိုရင္ေတာ့ စိတ္က်ေနတာေသခ်ာပါၿပီ။ စိတ္ဓါတ္က်ေနၿပီဆိုတာနဲ႔ ကိုယ့္ေန႕စဥ္လုပ္ငန္းေဆာင္တာေတြ ပ်က္ယြင္းလာၿပီး ဘဝမွာ အရင္လိုေနမေပ်ာ္ေတာ့တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ အဆံုးစီရင္မိတဲ့အထိ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြျဖစ္လာႏိုင္တာမို႔ စိတ္က်ျခင္းရဲ႕ ေရာဂါလကၡဏာေတြကို သိရွိထားမွသာ ေဆာင္ရန္ေရွာင္ရန္ေတြျပင္ဆင္ႏိုင္ၿပီး လူေကာင္းတစ္ေယာက္အျဖစ္ ဘဝကိုျပန္လည္ထူေထာင္ႏိုင္မွာပါ။ ဒါဆိုရင္ေတာ့ စိတ္က်ေရာဂါဝင္ေနၿပီလား သိႏိုင္ဖို႔ ေအာက္ကေဖာ္ျပထားတဲ့အခ်က္ေတြနဲ႔ ကိုယ္လတ္တေလာၾကံဳေတြ႕ေနရတာေတြ တိုက္ဆိုင္မဆိုင္ တိုက္ၾကည့္ၾကရန္ တင္ျပေပးလိုက္ပါတယ္။

depression

စိတ္က်ျခင္းရဲ႕ ေရာဂါလကၡဏာမ်ား

(၁) အကူအညီမဲ့ေနသလို ေမွ်ာ္လင့္ခ်က္မဲ့လာသလို ခံစားရလာပါတယ္။

ဘယ္အရာကမွ ျပန္အဆင္ေျပသြားေတာ့မွာ မဟုတ္သလိုလို ၊ ကိုယ့္အေျခေနျပန္လည္ေကာင္းမြန္လာဖို႔ နည္းလမ္းမရွိေတာ့သလို ခံစားခ်က္ေတြ ခံစားလာရတာမ်ိဳးပါ။

(၂) ေန႔စဥ္လုပ္ငန္းေဆာင္တာေတြမွာ စိတ္ဝင္စားမႈ ေလ်ာ့နည္းလာပါမယ္။

ကိုယ့္ဝါသနာေတြ၊ လူမႈေရးကိစၥေတြ၊ ယုတ္စြအဆံုး လိင္မႈကိစၥမွာပါ စိတ္ဝင္စားစိတ္မရွိေတာ့တာမ်ိဳးပါ။ ဘဝမွာ ေပ်ာ္ရႊင္ဖို႔ ၊ ၾကည္ႏူးဖို႔စြမ္းအင္ေတြပါ ကုန္ဆံုးသြားတာပါ။

(၃) အစာစားခ်င္စိတ္ေလ်ာ့နည္းလာမယ္။ ကိုယ္အေလးခ်ိန္က်လာမယ္။

သိသိသာသာကိုယ္အေလးခ်ိန္ေတြက်လာရာကေန တစ္လတစ္လကို ခႏၶာကိုယ္အေလးခ်ိန္ရဲ႕ ပ်မ္းမွ် 0.5 % ထိ က်လာတာမ်ိဳးပါ။

(၄) အိပ္ခ်ိန္ေတြ ေျပာင္းလာမယ္။

အိပ္မေပ်ာ္တာေတြ အထူးသျဖင့္ မနက္အေစာႀကီးႏိုးေနတာမ်ိဳးေတြ ၊ အလြန္အကြ်ံအိပ္ေနတာမ်ိဳးေတြ၊ ညနက္ထိ အိပ္မေပ်ာ္တာေတြက အဓိကပါပဲ။

(၅) ေဒါသေတြထြက္လာမယ္။ သည္းခံႏိုင္စိတ္ေတြ ေလ်ာ့နည္းလာမယ္။

အေၾကာင္းကိစၥေသးေသးေလးနဲ႔လည္း သည္းမခံႏိုင္တာမ်ိဳး၊ ရႈးရႈးရႈားရႈားေဒါသထြက္လာတာမ်ိဳး၊ တစ္ခုခုဆို ေပါက္ကြဲလြယ္တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။ အေၾကာင္းကိစၥတိုင္း၊ လူတိုင္းက ကိုယ့္ကို စိတ္အေႏွာင့္ယွက္ျဖစ္လာေစတာမ်ိဳးေတြပါ။

(၆) စြမ္းအင္ေတြကုန္ဆံုးလာမယ္။

ဘာမွ ပင္ပင္ပန္းပန္းမလုပ္ေဆာင္ရေသးဘဲလည္း ေမာပန္းႏြမ္းလ်လာမယ္။ ပင္ပန္းလာမယ္။ တစ္ကိုယ္လံုးေလးလံထိုင္းမိႈင္းလာသလို၊ အလုပ္ေသးေသးေလးကအစ ၿပီးဆံုးဖို႔ အရမ္းၾကာျမင့္ေနတာမ်ိဳးပါ။

(၇) ကိုယ့္ကိုကိုယ္စက္ဆုပ္မုန္းတီးေနျခင္း

ကိုယ့္ကိုကိုယ္ဘာတန္ဖိုးမွမရွိေတာ့ဘဲ အျပစ္ရွိေနသလို စိတ္မလံုျခံဳျဖစ္ေနတာမ်ိဳးပါ။ ဘဝမွာ ျဖစ္ခဲ့သမွ်အမွားေတြအတြက္ ကိုယ့္မွာပဲ အျပစ္ရွိေနသလို ႀကီးႀကီးမားမား စိတ္ဖိဆီးလာတာမ်ိဳးပါ။

(၈) နေမာ္နမဲ့ႏိုင္လာျခင္း

ကိုယ့္လုပ္ရပ္ေတြက က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိဘဲ မိုက္႐ူးရဲဆန္လာျခင္း၊ အထူးသျဖင့္ အႏၲရာယ္မ်ားတဲ့ ဂိမ္းေတြ ကစားတာမ်ိဳး၊ အရွိန္ျပင္းျပင္း ကားေမာင္းတာမ်ိဳး၊ ေလာင္းကစားတစ္ခုခုကိုစြဲၿမဲေနေအာင္ေလာင္းတာမ်ိဳးေတြ လုပ္မိေနတာကို ဆိုလိုတာပါ။

(၉) အာရံုစူးစိုက္မႈေလ်ာ့နည္းလာျခင္း

အာရံုစူးစိုက္မႈေတြ ေဝဝါးလာျခင္း၊ ဆံုးျဖတ္ခ်က္ခ်ရာမွာ မျပတ္သားေတာ့ျခင္း၊ မွတ္မိႏိုင္စြမ္းေတြ ေလ်ာ့က်လာျခင္းေတြပါ။

(၁၀) ေဖာ္ျပလို႔မရတဲ့ နာက်င္ကိုက္ခဲမႈေတြ

ေခါင္းကိုက္တာေတြ၊ ေက်ာေအာင့္တာေတြ၊ ႂကြက္သားေတြနာက်င္တာေတြ၊ အစာအိမ္က ေအာင့္လာနာလာတာမ်ိဳးေတြ ျပင္းျပင္းထန္ထန္ျဖစ္လာတာမ်ိဳးေတြပါ။

Huawei
HuaweiHUAWEI nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

ဒီ ၁၀ ခ်က္နဲ႔ ကိုယ့္အေျခအေနကကိုက္ညီေနၿပီဆိုရင္ေတာ့ ကိုယ့္မွာ စိတ္က်ေရာဂါဝင္ေရာက္ေနပါၿပီ။ တစ္စထက္တစ္စပိုမိုဆိုးရြားမလာေစဖို႔ စိတ္က်န္းမာေရးဆရာဝန္တစ္ေယာက္နဲ႔ ေဆြးေႏြးတိုင္ပင္ရင္ဖြင့္ၿပီး ကုသမႈကို ထိထိေရာက္ေရာက္ခံယူသင့္ပါတယ္။ ဘဝမွာ ေနေပ်ာ္ေစမယ့္ အေၾကာင္းအရာေတြကို စဥ္းစားၿပီး အေကာင္းျမင္စိတ္ကို တျဖည္းျဖည္းပိုမိုျမႇင့္တင္သင့္ပါတယ္။ ဒါမွသာ စိတ္ေရာကိုယ္ေရာက်န္းမာတဲ့လူတစ္ေယာက္အေနနဲ႔ ဘဝမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရွင္သန္သြားႏိုင္မွာပါ။

www.akhayar.com

[Unicode]

စိတ်ကျရောဂါဝင်နေပြီမှန်း သိနိုင်တဲ့အချက် ၁၀ ချက်

လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာတွေဆိုတာကတော့ အနည်းနဲ့အများဆိုသလိုရှိကြမှာပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်မဲ့လာသလို၊ စိတ်ပျက်လာတာမျိုးတွေ ဘယ်လိုဖြေဖျောက်ဖျောက် ခံစားနေရပြီဆိုရင်တော့ စိတ်ကျနေတာသေချာပါပြီ။ စိတ်ဓါတ်ကျနေပြီဆိုတာနဲ့ ကိုယ့်နေ့စဉ်လုပ်ငန်းဆောင်တာတွေ ပျက်ယွင်းလာပြီး ဘဝမှာ အရင်လိုနေမပျော်တော့တာမျိုးတွေဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဆုံးစီရင်မိတဲ့အထိ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်တာမို့ စိတ်ကျခြင်းရဲ့ ရောဂါလက္ခဏာတွေကို သိရှိထားမှသာ ဆောင်ရန်ရှောင်ရန်တွေပြင်ဆင်နိုင်ပြီး လူကောင်းတစ်ယောက်အဖြစ် ဘဝကိုပြန်လည်ထူထောင်နိုင်မှာပါ။ ဒါဆိုရင်တော့ စိတ်ကျရောဂါဝင်နေပြီလား သိနိုင်ဖို့ အောက်ကဖော်ပြထားတဲ့အချက်တွေနဲ့ ကိုယ်လတ်တလောကြုံတွေ့နေရတာတွေ တိုက်ဆိုင်မဆိုင် တိုက်ကြည့်ကြရန် တင်ပြပေးလိုက်ပါတယ်။

depression

စိတ်ကျခြင်းရဲ့ ရောဂါလက္ခဏာများ

(၁) အကူအညီမဲ့နေသလို မျှော်လင့်ချက်မဲ့လာသလို ခံစားရလာပါတယ်။

ဘယ်အရာကမှ ပြန်အဆင်ပြေသွားတော့မှာ မဟုတ်သလိုလို ၊ ကိုယ့်အခြေနေပြန်လည်ကောင်းမွန်လာဖို့ နည်းလမ်းမရှိတော့သလို ခံစားချက်တွေ ခံစားလာရတာမျိုးပါ။

(၂) နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ စိတ်ဝင်စားမှု လျော့နည်းလာပါမယ်။

ကိုယ့်ဝါသနာတွေ၊ လူမှုရေးကိစ္စတွေ၊ ယုတ်စွအဆုံး လိင်မှုကိစ္စမှာပါ စိတ်ဝင်စားစိတ်မရှိတော့တာမျိုးပါ။ ဘဝမှာ ပျော်ရွှင်ဖို့ ၊ ကြည်နူးဖို့စွမ်းအင်တွေပါ ကုန်ဆုံးသွားတာပါ။

(၃) အစာစားချင်စိတ်လျော့နည်းလာမယ်။ ကိုယ်အလေးချိန်ကျလာမယ်။

သိသိသာသာကိုယ်အလေးချိန်တွေကျလာရာကနေ တစ်လတစ်လကို ခန္ဓာကိုယ်အလေးချိန်ရဲ့ ပျမ်းမျှ 0.5 % ထိ ကျလာတာမျိုးပါ။

(၄) အိပ်ချိန်တွေ ပြောင်းလာမယ်။

အိပ်မပျော်တာတွေ အထူးသဖြင့် မနက်အစောကြီးနိုးနေတာမျိုးတွေ ၊ အလွန်အကျွံအိပ်နေတာမျိုးတွေ၊ ညနက်ထိ အိပ်မပျော်တာတွေက အဓိကပါပဲ။

(၅) ဒေါသတွေထွက်လာမယ်။ သည်းခံနိုင်စိတ်တွေ လျော့နည်းလာမယ်။

အကြောင်းကိစ္စသေးသေးလေးနဲ့လည်း သည်းမခံနိုင်တာမျိုး၊ ရှုးရှုးရှုားရှုားဒေါသထွက်လာတာမျိုး၊ တစ်ခုခုဆို ပေါက်ကွဲလွယ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ အကြောင်းကိစ္စတိုင်း၊ လူတိုင်းက ကိုယ့်ကို စိတ်အနှောင့်ယှက်ဖြစ်လာစေတာမျိုးတွေပါ။

(၆) စွမ်းအင်တွေကုန်ဆုံးလာမယ်။

ဘာမှ ပင်ပင်ပန်းပန်းမလုပ်ဆောင်ရသေးဘဲလည်း မောပန်းနွမ်းလျလာမယ်။ ပင်ပန်းလာမယ်။ တစ်ကိုယ်လုံးလေးလံထိုင်းမှိုင်းလာသလို၊ အလုပ်သေးသေးလေးကအစ ပြီးဆုံးဖို့ အရမ်းကြာမြင့်နေတာမျိုးပါ။

(၇) ကိုယ့်ကိုကိုယ်စက်ဆုပ်မုန်းတီးနေခြင်း

ကိုယ့်ကိုကိုယ်ဘာတန်ဖိုးမှမရှိတော့ဘဲ အပြစ်ရှိနေသလို စိတ်မလုံခြုံဖြစ်နေတာမျိုးပါ။ ဘဝမှာ ဖြစ်ခဲ့သမျှအမှားတွေအတွက် ကိုယ့်မှာပဲ အပြစ်ရှိနေသလို ကြီးကြီးမားမား စိတ်ဖိဆီးလာတာမျိုးပါ။

(၈) နမော်နမဲ့နိုင်လာခြင်း

ကိုယ့်လုပ်ရပ်တွေက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ မိုက်ရူးရဲဆန်လာခြင်း၊ အထူးသဖြင့် အန္တရာယ်များတဲ့ ဂိမ်းတွေ ကစားတာမျိုး၊ အရှိန်ပြင်းပြင်း ကားမောင်းတာမျိုး၊ လောင်းကစားတစ်ခုခုကိုစွဲမြဲနေအောင်လောင်းတာမျိုးတွေ လုပ်မိနေတာကို ဆိုလိုတာပါ။

(၉) အာရုံစူးစိုက်မှုလျော့နည်းလာခြင်း

အာရုံစူးစိုက်မှုတွေ ဝေဝါးလာခြင်း၊ ဆုံးဖြတ်ချက်ချရာမှာ မပြတ်သားတော့ခြင်း၊ မှတ်မိနိုင်စွမ်းတွေ လျော့ကျလာခြင်းတွေပါ။

(၁၀) ဖော်ပြလို့မရတဲ့ နာကျင်ကိုက်ခဲမှုတွေ

ခေါင်းကိုက်တာတွေ၊ ကျောအောင့်တာတွေ၊ ကြွက်သားတွေနာကျင်တာတွေ၊ အစာအိမ်က အောင့်လာနာလာတာမျိုးတွေ ပြင်းပြင်းထန်ထန်ဖြစ်လာတာမျိုးတွေပါ။

Huawei
HuaweiHUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်

ဒီ ၁၀ ချက်နဲ့ ကိုယ့်အခြေအနေကကိုက်ညီနေပြီဆိုရင်တော့ ကိုယ့်မှာ စိတ်ကျရောဂါဝင်ရောက်နေပါပြီ။ တစ်စထက်တစ်စပိုမိုဆိုးရွားမလာစေဖို့ စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်နဲ့ ဆွေးနွေးတိုင်ပင်ရင်ဖွင့်ပြီး ကုသမှုကို ထိထိရောက်ရောက်ခံယူသင့်ပါတယ်။ ဘဝမှာ နေပျော်စေမယ့် အကြောင်းအရာတွေကို စဉ်းစားပြီး အကောင်းမြင်စိတ်ကို တဖြည်းဖြည်းပိုမိုမြှင့်တင်သင့်ပါတယ်။ ဒါမှသာ စိတ်ရောကိုယ်ရောကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်ရှင်သန်သွားနိုင်မှာပါ။

www.akhayar.com