[ZawGyi]



(၁၀) Izabel Goulart


Izabel Goulart

(၉) Laetitia Casta


Laetitia Casta

(၈) Daniela Pestova


Daniela Pestova




(၇) Alessandra Ambrosio


Alessandra Ambrosio

(၆) Stephanie Seymour


Stephanie Seymour

Transcend Myanmar

Transcend Myanmar


(၅) Adriana Lima


adriana lima

(၄) Tyra Banks


Tyra Banks

(၃) Gisele Bundchen


Gisele Bündchen

(၂) Marisa Miller


Marisa Miller

(၁) Heidi Klum


Heidi Klum



[Unicode]

Victoria ‘s Secret ရဲ့ ခေတ်အဆက်ဆက်အလှဆုံး နတ်မိမယ်ဆယ်ဦး

နိုင်ငံတကာက Fashion Industry တစ်ခုလုံးမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေရဲ့ အိပ်မက်ဆိုတာ Victoria’s Secret ရဲ့ နတ်သမီးလေးတစ်ပါးအဖြစ် စင်မြင့်ပေါ်မှာ ကြွကြွရွရွလျှောက်လှမ်းနိုင်ဖို့ပါပဲ။ ခေတ်အဆက်ဆက် အရှိန်အဝါကြီးလွန်းတဲ့ Victoria’s Secret ရဲ့ ပွဲတိုင်း Runway ပေါ်မှာလျှောက်လှမ်းနိုင်ဖို့ဆိုတာ သာမန်မော်ဒယ်လ်တွေတိုင်း စိတ်ကူးယဉ်ကြတဲ့ ဘဝပါပဲ။ ဒီလို အလှဆုံး မော်ဒယ်လ်တွေအဖြစ် အများထက် မျက်နှာပွင့်ရတဲ့ ဂုဏ်ဒြပ်တွေရဲ့နောက်မှာ စံချိန်မီ အရည်အသွေးပြည့်ဝဖို့ အလှမယ်လေးတွေရဲ့ ကြိုးစားမှုကလည်း အံ့မခန်းပါပဲ။ ပြစ်မျိုးမှဲ့မထင် Body၊ Beauty ၊ Brain အားလုံး ပြီးပြည့်စုံမှသာလျှင် စင်မြင့်ထက် အလှဆုံး ပွဲထွက်ခွင့်ရတာမို့ Victoria Secret’s ရဲ့ အလှမယ်တိုင်းဟာ Fashion ကမ္ဘာတစ်ခုလုံးရဲ့ Icon တွေပါပဲ။ အဲ့လို နတ်မိမယ်လေးတွေအားလုံးထဲကမှ ခေတ်အဆက်ဆက် အကျော်ကြားဆုံး အမိုက်ဆုံး ပွဲအဆူစေဆုံး နတ်သမီးလေး ဆယ်ယောက်လည်း ရှိနေပါသေးတယ်။ အရည်ချင်းပြည့်ဝ အလှတကာဆင့်နေတဲ့ထဲကမှ ဆွဲဆောင်မှုအရှိဆုံး ဆယ်ယောက်ကတော့-

(၁၀) Izabel Goulart

သူမကတော့ ဘရာဇီးနွယ်ဖွား VS Angel အလှပဂေး ၄ ယောက်ထဲက တစ်ယောက်ပါ။ Victoria’s Secret ပွဲဟာ သူမရဲ့ ပွဲဦးထွက်ပွဲဖြစ်ပြီး စစလျှောက်ခြင်းမှာကို ပရိသတ်တွေအသိမှတ်ပြုခံရတဲ့ အရည်အချင်းရှိသူလေးပါ။

Izabel Goulart

(၉) Laetitia Casta

ပြင်သစ်သူလေး Laetitia ကတော့ 1990 ပြည့်နှစ်တုန်းက GUESS Girl အဖြစ် Runway ပေါ်စတင်လျှောက်လှမ်းခဲ့တည်းက အမျိုးသားတွေရဲ့ အသည်းနှလုံးတော်တော်များများကို သိမ်းပိုက်ခဲ့တာပါ။ အဲ့ဒိနောက် သူမရဲ့ အလုပ်တွေကို ချဲ့ထွင်ပြီး Victoria’s Secret လျှောက်လှမ်းတွေပေါ်ကနေ ရုပ်ရှင်အထိ ချဲ့ထွင်ခဲ့သူပါ။

Laetitia Casta

(၈) Daniela Pestova

Victoria’s Secret နတ်သမီးလေးတွေထဲမှာ အရှက်တတ်ဆုံး တစ်ယောက်လည်းဖြစ်တဲ့ ချက်နိုင်ငံသူလေး Daniela ဟာ သမိုင်းတစ်လျှောက် သူမရဲ့ လျှောက်လှမ်းတွေပေါ်မှာတော့ အမြဲတမ်းဆွဲဆောင်မှုအပြည့်နဲ့ လူစိတ်ဝင်စားခြင်းခံရပြီး အောင်မြင်ခဲ့သူတယောက်ပါ။

Daniela Pestova

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

(၇) Alessandra Ambrosio

Victoria’s Secret နတ်မိမယ်လေးတွေထဲက ရှားရှားပါးပါး Bond Girl တယောက် အဖြစ် James Bond ရုပ်ရှင်ဖြစ်တဲ့ Casino Royale မှာ အောင်မြင်ကျော်ကြားခဲ့တဲ့သူမဟာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီးတွေဖြစ်တဲ့ Entourage၊ How I Met Your Mother နဲ့ Teenage Mutant Ninja Turtles 2 တို့မှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

Alessandra Ambrosio

(၆) Stephanie Seymour

စင်မြင့်ထက်မှာ ကြွကြွရွရွ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းလေ့ရှိတဲ့ Stephanie ဟာလည်း Elite Model Contest ကနေ အဆင့်ဆင့်တက်လှမ်းပြီး VS နတ်သမီးတစ်ပါးအဖြစ် အောင်မြင်လာသူဖြစ်ပါတယ်။ နောက်ပိုင်းမှာ Music Videos တွေကနေတဆင့် ရုပ်ရှင်လောကကိုပါ ဝင်ရောက်ခဲ့သူတစ်ဦးပါ။

Stephanie Seymour

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၅) Adriana Lima

သူမကိုတော့ Medelling ကိုစိတ်ဝင်စားတဲ့ တက်သစ်စ တော်တော်များများသိကြမှာပါ။ ဘရာဇီးနွယ်ဖွားတစ်ယောက်ဖြစ်ပြီး စင်မြင့်ထက်မှာ ကြော့မော့ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ သွင်ပြင်ကြောင့် Top 5 ထဲထိ အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ How I Met Your Mother နဲ့ Ugly Betty တို့ထိပါ ပါဝင်ခဲ့သူဖြစ်ပြီး VS Swim Special နဲ့ VS Super Bowl Fashion Show ပွဲတွေမှာ အအောင်မြင်ဆုံးတစ်ယောက်ဖြစ်ပါတယ်။

adriana lima

(၄) Tyra Banks

အမေရိကန်ရဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူ၊ Producer ၊ စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်ရှင်မင်းသမီး၊ စာရေးဆရာ၊ အဆိုတော် စွယ်စုံရအောင်မြင်တဲ့ အာဖရိကန် အမေရိကန်အမျိုးသမီး Tyra Banks ကလည်း VS Show ရဲ့ အလှဆုံးနဲ့ Talent အရှိဆုံး မော်ဒယ်လ်တစ်ယောက်ပါပဲ။ America’s Next Top Model တို့မှာပါ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပြီး The Tyra Banks Show ဆိုပြီးတော့တောင် ကိုယ်ပိုင် Program တစ်ခုကို တည်ထောင်နိုင်ခဲ့လောက်အောင် တော်တဲ့ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ပါ။

Tyra Banks

(၃) Gisele Bundchen

ဘရာဇီးသူတွေကတော့ VS Angel တွေထဲမှာ အရေအတွက်အများဆုံးပါဝင်သူတွေပါပဲ။ Gisele ဟာလည်း VS Show တွေမှာ 2007 ခုနှစ်အထိ ထိပ်တန်းအလှမယ်တစ်ယောက်ဖြစ်ခဲ့ပြီး အနုပညာကြေးအမြင့်ဆုံး မော်ဒယ်လ်တစ်ယောက်ဖြစ်ခဲ့တဲ့အထိ အောင်မြင်မှုအရှိန်အဝါကြီးမားခဲ့သူပါ။ နောက်ပိုင်းမှာလည်း သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှုတွေအပြင် ကြက်ခြေနီနဲ့ မိဘမဲ့ကလေးငယ်စောင့်ရှောက်ရေးတို့ဘက်ကို အားစိုက်ပါဝင်ခဲ့တာဖြစ်ပါတယ်။

Gisele Bündchen

(၂) Marisa Miller

ထိပ်တန်းမော်ဒယ်လ်တွေထဲမှာ ဒုတိယနေရာကလိုက်နေတဲ့ Marisa ဟာလည်း VS ရဲ့ နာမည်အကျော်ကြားဆုံး အလှမယ်တစ်ဦးဖြစ်ပြီး အားကစားနဲ့ Swim Suit အပိုင်းမှာတော့ အလှပဆုံး မော်ဒယ်လ်တစ်ဦးအဖြစ်သတ်မှတ်ခံထားရသူပါ။ Harley Davidson Company နဲ့အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး နာမည်ကြီးရုပ်သံတွေဖြစ်တဲ့ How I Met Your Mother အပြင် Gary Unmarried နဲ့ Entourage တို့မှာ ပါဝင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

Marisa Miller

(၁) Heidi Klum

ဂျာမန်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Heidi Klum ကတော့ တကယ့်ပထမနေရာမှာ ရပ်တည်နေသူလို့ ဆိုထိုက်အောင်ပါပဲ။ ယောက်ျားထုကြီးတစ်ခုလုံးရဲ့အသည်းကို သူမရဲ့ အညိုရောင်အသားအရေ၊ ဆံပင်ရွှေအိုရောင်လေးနဲ့ ဖမ်းစားခဲ့နိုင်သူပါ။ ဂျာမန်လူမျိုးတွေရဲ့ ဆွဲဆောင်မှု၊ ညို့ဓါတ်ပြင်းထန်မှု အားလုံးကိုသိချင်ရင် Heidi Klum ကိုကြည့်လို့ပြောရလောက်အောင်ပါပဲ။ အောင်မြင်မှုပမာဏကြီးမားလွန်းခဲ့တာကြောင့် ရုပ်သံဇာတ်လမ်းတွဲများစွာ၊ Television Show များစွာတို့ကို လက်မလည်အောင်ရိုက်ကူးခဲ့ရတဲ့အထိပါပဲ။ ခုထိလည်း VS ရဲ့ အအောင်မြင်ဆုံးနတ်မိမယ်တစ်ပါးအနေနဲ့ စင်ပေါ်မှာ ပွဲအခံရဆုံးသူတစ်ယောက်ပါ။

Heidi Klum

VS Angel တိုင်းရဲ့ အလှဆိုတာ ခန္ဓာကိုယ်မျက်နှာသွင်ပြင်သာမက ဉာဏ်အရည်အချင်း မြင့်မားထက်မြက်မှုပါ ပါဝင်နေတယ်ဆိုတာ ဒီဆယ်ယောက်က သက်သေပြနေပါတယ်။ ဒါ့အပြင် VS နတ်မိမယ်တစ်ယောက်ဖြစ်ခွင့်ဆိုတာ နောက်ကွယ်က မရေမတွက်နိုင်တဲ့ အတော်ဆုံး၊ အလှဆုံး၊ အခက်ခဲဆုံး စံချိန်တွေနဲ့ တိုင်းထွာခံရသလောက် အောင်မြင်ပြီးသွားရင်လည်း ရှေ့ဆက်အနုပညာလမ်းကြောင်းဟာ ရွှေရောင်ခင်းတဲ့လမ်းပါပဲ။ ဒီအလှမယ် ၁၀ ယောက်ကတော့ VS Show တိုင်းရဲ့ ဂုဏ်ကို ဝင့်ကြွားစေတဲ့ စံနမူနာတင်ထိုက်သူတွေဆိုတာ ငြင်းမရနိုင်တော့ပါဘူး။

EiEiKhineMinn ( Akhayar )