မန်စီးတီးအသင်းဂန္ထ၀င် အသင်းခေါင်းဆောင် ကွန်ပနီ Vincent Kompany ကို ဂုဏ်ပြုတဲ့ အမှတ်တရပွဲအဖြစ် လာမယ့်စက်တင်ဘာ(၁၁)ရက်မှာ ပရီးမီးယားလိဂ် All Stars အသင်းနဲ့ ခြေစမ်းကစားဖို့ မန်စီးတီးအသင်းက စီစဉ်ထားပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွန်ပနီဟာ မန်စီးတီးအသင်းမှာ ၂၀၀၈ ကနေ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်(၄)ကြိမ်အပါအ၀င် ဆုဖလားပေါင်းများစွာ ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကုန်က မန်စီးတီးအသင်းနဲ့ လမ်းခွဲခဲ့ပြီး အသင်းဟောင်း အန်ဒါလက်ခ်ျကို ပြောင်းရွှေ့ခဲ့တဲ့ ကွန်ပနီကို မန်စီးတီးအသင်းက ဂုဏ်ပြုတဲ့အနေနဲ့ အမှတ်တရပွဲကစားဖို့ စီစဉ်ခဲ့တာဖြစ်သလို အဲဒီပွဲအတွက် နှစ်ဖက်အသင်းလူစာရင်း ထွက်ပေါ်လာခဲ့ပါပြီ။

မန်စီးတီးဂန္ထ၀င်အသင်းမှာ နာမည်ကျော် ကစားသမားဟောင်းတွေဖြစ်တဲ့ ဂစ်ဗင်း Shay Given ၊ ဂျိုးဟတ် Joe Hart ၊ နာဆရီ Samir Nasri ၊ ဘယ်လာမီ Craig Bellamy ၊ ဘာလိုတယ်လီ Mario Balotelli တို့အပြင် လက်ရှိအသင်းရဲ့ တိုက်စစ်မှူး အဂွဲရိုး Sergio Aguero ၊ ဒေးဗစ်ဆေးလ်ဗား David Silva တို့လည်း ပါဝင်နေပြီး အသင်းနည်းပြအဖြစ် ဂွါဒီယိုလာ Pep Guardiola က ကိုင်တွယ်သွားမှာပါ။ ပရီးမီးယားလိဂ် All Stars အသင်းမှာတော့ မန်ယူဂန္ထ၀င်ကစားသမားတွေဖြစ်တဲ့ ဗန်ဒါဆား Edwin van der Sar ၊ နဗီးလ်ညီနောင် ၊ ကာရစ် Michael Carrick ၊ ရိုင်ယန်ဂစ် Ryan Giggs တို့အပါအ၀င် ကစားသမား(၁၀)ဦးအထိ ပါဝင်မှာဖြစ်ပြီး တခြားနာမည်ကျော် ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဘရီဂတ်စ် Cesc Fabregas ၊ ဗန်ဒါဗတ် Rafael van der Vaart ၊ ဗန်ပါစီ Robin van Persie ၊ ဟက်စကီး Emile Heskey တို့လည်း လူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။ ပရီးမီးယားလိဂ် All Stars အသင်းကိုတော့ လက်ရှိ ဘယ်လ်ဂျီယံနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ၀ီဂန်၊ အဲဗာတန်နည်းပြဟောင်း မာတီနက်ဇ် Roberto Martinez က ကိုင်တွယ်သွားမှာပါ။ အခု အမှတ်တရပွဲမှာ မန်ယူကစားသမား အများစုပါဝင်နေတာကြောင့် မန်ချက်စတာဒါဘီပွဲ အရသာကို ပရိသတ်တွေ ပြန်လည်ခံစားရဖို့လည်း ရှိနေပါပြီ။

Manchester City Legends: Joe Hart, Shay Given, Micah Richards, Pablo Zabaleta, Dedryck Boyata, Richard Dunne, Joleon Lescott, Aleksandr Kolarov, Gael Clichy, Wayne Bridge, Nigel de Jong, Samir Nasri, Shaun Wright-Phillips, Stephen Ireland, David Silva, Craig Bellamy, Mario Balotelli, Sergio Aguero.

Premier League All-Stars: Edwin van der Sar, Gary Neville, Phil Neville, John O’Shea, Wes Brown, Paul Scholes, Nicky Butt, Michael Carrick, Cesc Fabregas Ryan Giggs, Rafael van der Vaart, Emile Heskey, Robin van Persie.

မန်စီးတီးအသင်းနဲ့အတူ ကွန်ပနီ ရရှိခဲ့တဲ့ဆုဖလားများ
Premier League: 2011–12, 2013–14, 2017–18, 2018–19
FA Cup: 2010–11,[84] 2018–19;[52] runner-up: 2012–13
Football League Cup/EFL Cup: 2013–14,2015–16, 2017–18, 2018–19
FA Community Shield: 2012,2018

REF:sportbible
Photo:Vincent Kompany Facebook
Naing Linn(Akhayar)
www.akhayar.com