[Zawgyi]

The Best ဆု ပဏာမစာရငး္မွာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ခ်န္လွပ္ခံခဲ့ရတဲ့ Neymar

ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(ဖီဖာ)က ခ်ီးျမႇင့္မယ့္ ၂၀၁၈ FIFA’s The Best ဆုအတြက္ ပဏာမ(၁၀)ဦးစာရင္းကုိ ၿပီးခဲ့တဲ့အဂၤါေန႔က ထုတ္ျပန္ေၾကညာခဲ့ၿပီး ထိပ္သီးကစားသမားေတြ အားလုံးပါ၀င္ခဲ့ေပမယ့္ ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မွဴး ေနမာ Neymar ကေတာ့ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ခ်န္လွပ္ခံခဲ့ရတယ္။ အခု ပဏာမ(၁၀)ဦးစာရင္းမွာ ပါ၀င္ခဲ့သူေတြကေတာ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ ဒီဘ႐ုိင္းနား De Bruyne ၊ ဂရစ္ဇ္မန္း Griezmann ၊ ဟာဇက္ Hazard ၊ ဟာရီကိန္း Harry Kane ၊ ဘာေပ Mbappe ၊ မက္ဆီ Messi ၊ မုိဒရစ္ Modric ၊ ဆာလာ Salah ၊ ဗာရန္း Varane တို႔ပဲျဖစ္ပါတယ္။

ten-players-that-will-compete-for-FIFAs-The-Best-award-have-been-named-

ten-players-that-will-compete-for-FIFAs-The-Best-award-have-been-named-

The Best နာမည္ေျပာင္းလဲၿပီး ခ်ီးျမႇင့္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္က စလုိ႔ လက္ရွိဂ်ဴဗင္တပ္စ္အသင္းရဲ႕ ရီးယဲလ္ကစားသမားေဟာင္း စီေရာ္နယ္လ္ဒုိက ဒီဆုကုိ (၂)ႀကိမ္ဆက္ ဆြတ္ခူးခဲ့ၿပီး (၃)ႀကိမ္ေျမာက္ဆြတ္ခူးႏုိင္မလား ေစာင့္ၾကည့္ရမယ္။ ၿပီးခဲ့တဲ့ရာသီက ဘာစီလုိနာအသင္းနဲ႔ လာလီဂါ၊ စပိန္ဘုရင့္ဖလားေတြ ဆြတ္ခူးခဲ့ၿပီး လာလီဂါသြင္းဂုိးအမ်ားဆုံးေရႊဖိနပ္ဆု ဆြတ္ခူးခဲ့တဲ့ မက္ဆီကေတာ့ The Best ဆုကုိ ပထမဆုံးအႀကိမ္ ဆြတ္ခူးဖုိ႔ ႀကိဳးပမ္းရမွာပါ။ ဒါ့အျပင္ ၂၀၁၈ ခုႏွစ္အတြင္း ယူ႐ုိပါလိဂ္၊ ကမၻာ႔ဖလားခ်န္ပီယံဆုေတြ ဆြတ္ခူးခဲ့တဲ့ ျပင္သစ္နဲ႔အက္သလက္တီကုိတိုက္စစ္မွဴး ဂရစ္ဇ္မန္းကလည္း ဆုရရွိဖုိ႔ေရပန္းစားသူေတြထဲမွာ တစ္ဦးအပါအ၀င္ပါပဲ။ ဘာေပ၊ ဆာလာ၊ ဟာဇက္၊ ဟာရီကိန္း၊ ဗာရန္းတို႔ကေတာ့ The Best ဆုအတြက္ ပဏာမစာရင္းမွာ ပထမဆုံးအႀကိမ္ပါ၀င္လာခဲ့တာျဖစ္ပါတယ္။ The Best ဆုရဲ႕ ပဏာမစာရင္းမွာ ပါသင့္တဲ့သူေတြ အားလုံးပါ၀င္ခဲ့ေပမယ့္ ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မွဴး ေနမာ ခ်န္လွပ္ခံခဲ့ရတာကေတာ့ တကယ့္ကုိ အံအားသင့္စရာပါ။ ေနမာဟာ ၿပီးခဲ့တဲ့ရာသီက PSG အသင္းအတြက္ ေျခစြမ္းျပကစားခဲ့သလုိ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း ဘရာဇီးလ္အသင္းနဲ႔အတူ ကြာတားဖုိင္နယ္တက္ေရာက္ခဲ့သူျဖစ္ပါတယ္။

Cristiano-Ronaldo-and-Infantino

Cristiano-Ronaldo-and-Infantino

၂၀၁၈ The Best ဆုအတြက္ ေနာက္ဆုံးဆန္ခါတင္(၃)ဦးစာရင္းကုိ လာမယ့္ၾသဂုတ္လအတြင္းမွာ ဆက္လက္ေၾကညာသြားမွာျဖစ္ၿပီး ဆုေပးပဲြအခမ္းအနားကုိေတာ့ စက္တင္ဘာ(၂၄)ရက္က်ရင္ လန္ဒန္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

REF:Marca
Photo:Marca,IBT
Naing Linn(Akhayar)
www.akhayar.com

[Unicode]

The Best ဆု ပဏာမစာရင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် ချန်လှပ်ခံခဲ့ရတဲ့ Neymar

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ချီးမြှင့်မယ့် ၂၀၁၈ FIFA’s The Best ဆုအတွက် ပဏာမ(၁၀)ဦးစာရင်းကို ပြီးခဲ့တဲ့အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ထိပ်သီးကစားသမားတွေ အားလုံးပါဝင်ခဲ့ပေမယ့် ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူး နေမာ Neymar ကတော့ အံ့အားသင့်စရာကောင်းလောက်အောင် ချန်လှပ်ခံခဲ့ရတယ်။ အခု ပဏာမ(၁၀)ဦးစာရင်းမှာ ပါဝင်ခဲ့သူတွေကတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဒီဘရိုင်းနား De Bruyne ၊ ဂရစ်ဇ်မန်း Griezmann ၊ ဟာဇက် Hazard ၊ ဟာရီကိန်း Harry Kane ၊ ဘာပေ Mbappe ၊ မက်ဆီ Messi ၊ မိုဒရစ် Modric ၊ ဆာလာ Salah ၊ ဗာရန်း Varane တို့ပဲဖြစ်ပါတယ်။

ten-players-that-will-compete-for-FIFAs-The-Best-award-have-been-named-

ten-players-that-will-compete-for-FIFAs-The-Best-award-have-been-named-

The Best နာမည်ပြောင်းလဲပြီး ချီးမြှင့်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က စလို့ လက်ရှိဂျူဗင်တပ်စ်အသင်းရဲ့ ရီးယဲလ်ကစားသမားဟောင်း စီရော်နယ်လ်ဒိုက ဒီဆုကို (၂)ကြိမ်ဆက် ဆွတ်ခူးခဲ့ပြီး (၃)ကြိမ်မြောက်ဆွတ်ခူးနိုင်မလား စောင့်ကြည့်ရမယ်။ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းနဲ့ လာလီဂါ၊ စပိန်ဘုရင့်ဖလားတွေ ဆွတ်ခူးခဲ့ပြီး လာလီဂါသွင်းဂိုးအများဆုံးရွှေဖိနပ်ဆု ဆွတ်ခူးခဲ့တဲ့ မက်ဆီကတော့ The Best ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးဖို့ ကြိုးပမ်းရမှာပါ။ ဒါ့အပြင် ၂၀၁၈ ခုနှစ်အတွင်း ယူရိုပါလိဂ်၊ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ဆွတ်ခူးခဲ့တဲ့ ပြင်သစ်နဲ့အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကလည်း ဆုရရှိဖို့ရေပန်းစားသူတွေထဲမှာ တစ်ဦးအပါအဝင်ပါပဲ။ ဘာပေ၊ ဆာလာ၊ ဟာဇက်၊ ဟာရီကိန်း၊ ဗာရန်းတို့ကတော့ The Best ဆုအတွက် ပဏာမစာရင်းမှာ ပထမဆုံးအကြိမ်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ The Best ဆုရဲ့ ပဏာမစာရင်းမှာ ပါသင့်တဲ့သူတွေ အားလုံးပါဝင်ခဲ့ပေမယ့် ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူး နေမာ ချန်လှပ်ခံခဲ့ရတာကတော့ တကယ့်ကို အံအားသင့်စရာပါ။ နေမာဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းအတွက် ခြေစွမ်းပြကစားခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘရာဇီးလ်အသင်းနဲ့အတူ ကွာတားဖိုင်နယ်တက်ရောက်ခဲ့သူဖြစ်ပါတယ်။

Cristiano-Ronaldo-and-Infantino

Cristiano-Ronaldo-and-Infantino

၂၀၁၈ The Best ဆုအတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်းကို လာမယ့်သြဂုတ်လအတွင်းမှာ ဆက်လက်ကြေညာသွားမှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကိုတော့ စက်တင်ဘာ(၂၄)ရက်ကျရင် လန်ဒန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

REF:Marca
Photo:Marca,IBT
Naing Linn(Akhayar)
www.akhayar.com