[Zawgyi]

ဒီအခ်က္ေတြေၾကာင့္ Taylor Swift ကုိ ပုိျပီးခ်စ္မိသြားတယ္

December လ (၁၃) ရက္ေန႔ဟာ ပရိသတ္ရဲ႕အသည္းေက်ာ္ Country နဲ႕ Pop အဆုိေတာ္မေလး Taylor Swift ရဲ႕ အသက္ (၂၉) ႏွစ္ျပည့္ေမြးေန႔ ျဖစ္ပါတယ္။ ေမြးေန႔ရွင္ေလးရဲ႕အေၾကာင္းကို ပရိသတ္ႀကီးေတြ ႏွံ႔ႏွံ႔စပ္စပ္ပိုၿပီး သိရွိေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။ သူမဟာ You Belong With Me ဆုိတဲ့ သီခ်င္းေလးနဲ႕ ပရိသတ္အားေပးမႈေတြရရွိလာၿပီး အခုဆိုရင္ ေဟာလိ၀ုဒ္ရဲ႕ အခ်မ္းသာဆုံး အမ်ိဳးသမီးဆယ္လီ ေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ေနပါၿပီ။ အသက္(၂၉)ႏွစ္အရြယ္ Taylor ဟာ သူမထြက္ရွိမယ့္ သီခ်င္းအပုဒ္ေရတုိင္းကုိ ေသခ်ာေလးျပင္ဆင္ျပီး အေကာင္းဆုံးျဖစ္မွ ပရိသတ္ကုိ ခ်ျပေလ့ရွိတာမုိ႕ သူမရဲ႕ သီခ်င္း MTV ေတြက တစ္ပုဒ္ဆုိ တစ္ပုဒ္ ဆုိသေလာက္ လူၾကဳိက္မ်ားျပီး Billboard မွာ အၿမဲတမ္း Top ျဖစ္ေနတာပါ။

Taylor Family

ရုပ္ရည္လွသလို စိတ္သေဘာထားလည္းေကာင္းမြန္တဲ့ Taylor နဲ႕ ပတ္သက္ျပီး ပရိသတ္ေတြေတာင္ မသိေလာက္ေသးတဲ့ အခ်က္ေလးေတြ ရွိေနပါတယ္။ဒီအခ်က္ေတြကုိ သိျပီးရင္ နဂိုထက္ပိုၿပီး ခ်စ္မွာ အေသအခ်ာပါပဲ။

(၁) Taylor မွာ ေသြးသားရင္းခ်ာေမာင္ႏွမဆုိလုိ႕ အသက္(၂)ႏွစ္ခြဲငယ္တဲ့ ေမာင္ေလးတစ္ေယာက္တည္းသာရွိပါတယ္။ ေတလာရဲ႕ ေမာင္ေလး Austin Swift ကလည္း ဇာတ္ကားတစ္ခ်ိဳ႕မွာ ဇာတ္ပုိ႕တစ္ေယာက္အေနနဲ႕ ပါ၀င္သရုပ္ေဆာင္ဖူးေပမယ့္ အစ္မျဖစ္သူရဲ႕ MTV ေတြမွာေတာ့ မၾကာခဏ ပါ၀င္သရုပ္ေဆာင္ေပးထားတာကုိ ေတြ႕ဖူးမွာပါ။ အစ္မျဖစ္သူ Taylor က ၂၀၁၁ ခုႏွစ္ကက်င္းပတဲ့ American Music Awards အခမ္းအနားမွာ ဆုတက္ယူတုန္းက ေမာင္ျဖစ္သူ Austin ကုိ ထည့္ေျပာဖူးပါတယ္။ Austin ဟာ ႏႈတ္ခမ္းနီမေလးေတြေၾကြေလာက္စရာ ရူပါကုိပုိင္ဆုိင္ထားတဲ႔သူတစ္ေယာက္မုိ႔  Taylor ကို  ေယာင္းမေတာ္ခ်င္သူေတြ တန္းစီေနမွာေသခ်ာပါတယ္။

Austin Swift and Taylor Swift

(၂) သီခ်င္းေလးေတြအဆုိေကာင္းတဲ့ Taylor ကုိ ဂစ္တာတီးရင္း သီခ်င္းဆုိေလ့ရွိတာကုိ ပရိသတ္ေတြသတိထားမိၾကမွာပါ။ ခ်ီးက်ဳးစရာေကာင္းတာက သူမဟာ ဂစ္တာတီးတာအျပင္ ဘင္ဂ်ဳိတီးတာနဲ႕ ပုေလြမႈတ္တာကုိလည္း ကၽြမ္းကၽြင္သူျဖစ္ပါတယ္တဲ့။

(၃) လက္ရွိမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့အဆုိေတာ္တစ္ဦးျဖစ္ေနေပမယ့္ သူမရဲ႕ ငယ္ဘ၀စိတ္ကူးအိပ္မက္က ဘ႑ာေရးအၾကံေပး ျဖစ္ခ်င္တာပါတဲ့။

Austin Swift and Taylor Swift

(၄) သီခ်င္းေတာ္ေတာ္မ်ားမ်ားမွာ ကုိယ္တုိင္ေရးကုိယ္တုိင္သီဆုိတဲ့ Taylor ဟာ Lucky You ဆုိတဲ့ သီခ်င္းေလးကို သူမ (၁၂)ႏွစ္အရြယ္မွာ ပထမဆုံးေရးစပ္ခဲ့တယ္လုိ႕ ဆုိပါတယ္။

(၅) ေနာက္ထပ္ ခီ်းက်ဳးစရာေကာင္းတာက သူမဟာ သဒါၵတရားထက္သန္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ျပီး သူမရသမွ် အႏုပညာေၾကးေတြကုိ ဆင္းရဲႏြမ္းပါးတဲ့သူေတြ၊ အကူအညီလုိအပ္ေနတဲ့ အဖြဲ႕အစည္းေတြ၊ လိင္တူခြဲျခားမႈကုိ ဆန္႔က်င္လႈပ္ရွားတဲ့အဖြဲ႕ေတြနဲ႔ မက်န္းမာတဲ့သူေတြကုိ ေထာက္ပံ့လႈဒါန္းေလ့ရွိတာ မ်ားပါတယ္။

(၆) Taylor Swift ဆုိတဲ့ နာမည္ျဖစ္လာပုံေလးပါ။ သူမရဲ႕မိဘေတြက အမ်ဳိးသားအဆုိေတာ္ James Taylor ကုိ ၾကဳိက္လြန္းလုိ႕ Taylor Swift ဆုိတဲ့ နာမည္ေလးေပးခဲ့ပါတယ္။ Taylor အရြယ္ေရာက္လာျပီး အဆုိေတာ္ျဖစ္လာတဲ့အခ်ိန္မွာလည္း James Taylor နဲ႕အတူ “Fire and Rain”သီခ်င္းေတြ သီဆုိေဖ်ာ္ေျဖဖူးတာ ေတြ႕ရပါတယ္။

(၇) ေနာက္ျပီး သူမက Album of the Year Grammy ဆုကုိ ဆြတ္ခူးထားတဲ့ အသက္အငယ္ဆုံး အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ Fearless အယ္ဘမ္လ္နဲ႕ ဆုရခ်ိန္မွာ သူမအသက္က (၂၀)ေလာက္ပဲရွိပါေသးတယ္။

James Taylor and Taylor Swift performed together

(၈) Taylor နဲ႕ ပတ္သက္ျပီး လူသိနည္းတဲ့အေၾကာင္းအရာတစ္ခုကေတာ့ သူမဟာ သရုပ္ေဆာင္ပုိင္းမွာလည္း ေခသူတစ္ေယာက္မဟုတ္ပါဘူး။ ၂၀၀၉ခုႏွစ္က ရုိက္ကူးခဲ့တဲ့ CSI ဆုိတဲ့ ဇာတ္လမ္းတြဲမွာ သရုပ္ေဆာင္ခဲ့တာဟာ သူမရဲ႕ ပြဲဦးထြက္ေျခလွမ္းျဖစ္ေပမယ့္ သူမရဲ႕ ဇာတ္ေကာင္က ဇာတ္သိမ္းမွာ ေသရတဲ့အတြက္ ပရိသတ္ေတြ သိပ္မႀကိဳက္ခဲ႔ပါဘူး။

(၉) လူမႈကြန္ရက္ေပၚမွာ သူမရဲ႕ ေၾကာင္ေလးေတြနဲ႕ ပုံေတြမၾကာခဏ တင္ေလ့ရွိတာကုိလည္း ပရိသတ္ေတြသတိထားမိမွာပါ။ ဒါေပမယ့္ သူမမွာ Olivia နဲ႕ Meredith လုိ႕နာမည္ေပးထားတဲ့ ေၾကာင္ေလး ႏွစ္ေကာင္တည္းရွိတာပါ။ ေၾကာင္ေလးေတြရဲ႕နာမည္ကုိ သူမ ၾကဳိက္တဲ့ ဇာတ္ေကာင္နာမည္ေတြကုိအစြဲျပဳျပီး ေပးထားတာျဖစ္ပါတယ္။

(၁၀) သူမဟာ Instagram မွာ ရွစ္ေယာက္ေျမာက္ Follower  အမ်ားဆုံးေနရာယူထားတဲ့ ဆယ္လီတစ္ေယာက္ဆုိတာကုိေရာ သိျပီးၾကျပီလား ။ေနာက္ျပီး သူမဟာ သီခ်င္းအခ်ပ္ေရေပါင္း သန္း(၂၀)ေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တဲ့ အဆုိေတာ္မေလးတစ္ဦးမုိ႕ သူမရဲ႕ ေအာင္ျမင္မႈအရွိန္အ၀ါကေတာ့ အံ့အားသင့္စရာပါပဲေနာ္။

အဆုိေတာ္ Taylor Swift ရဲ႕ကုိယ္ေရးအခ်က္အလက္ေလးေတြက စိတ္၀င္စားစရာေကာင္းျပီး သူမဟာ အသက္ငယ္ေပမယ့္ ေအာင္ျမင္မႈကုိ အခ်ိန္ေတာ္ေတာ္ၾကာၾကာထိန္းထားႏုိင္တဲ့အတြက္ ခ်ီးက်ဳးဖုိ႔ အရမ္းကာင္းပါတယ္။ ဒီေလာက္ဆိုရင္ ပရိသတ္ႀကီးလည္း  Taylor ရဲ႕ အေၾကာင္းကို ႏွံ႔ႏွံ႔စပ္သိသြားေလာက္ၿပီလို႔ ထင္ပါတယ္။ ေမြးေန႔ရွင္ မမကိုလည္း ေမြးေန႔ဆုေတာင္းေလးေတြ ေတာင္းေပးဖို႔ မေမ့ၾကနဲ႔ဦးေနာ္။

Stella (Akhayar)

www.Akhyar.com

[Unicode]

ဒီအချက်တွေကြောင့် Taylor Swift ကို ပိုပြီးချစ်မိသွားတယ်

December လ (၁၃) ရက်နေ့ဟာ ပရိသတ်ရဲ့အသည်းကျော် Country နဲ့ Pop အဆိုတော်မလေး Taylor Swift ရဲ့ အသက် (၂၉) နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့ရှင်လေးရဲ့အကြောင်းကို ပရိသတ်ကြီးတွေ နှံ့နှံ့စပ်စပ်ပိုပြီး သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ သူမဟာ You Belong With Me ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်အားပေးမှုတွေရရှိလာပြီး အခုဆိုရင် ဟောလိဝုဒ်ရဲ့ အချမ်းသာဆုံး အမျိုးသမီးဆယ်လီ တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေပါပြီ။ အသက်(၂၉)နှစ်အရွယ် Taylor ဟာ သူမထွက်ရှိမယ့် သီချင်းအပုဒ်ရေတိုင်းကို သေချာလေးပြင်ဆင်ပြီး အကောင်းဆုံးဖြစ်မှ ပရိသတ်ကို ချပြလေ့ရှိတာမို့ သူမရဲ့ သီချင်း MTV တွေက တစ်ပုဒ်ဆို တစ်ပုဒ် ဆိုသလောက် လူကြိုက်များပြီး Billboard မှာ အမြဲတမ်း Top ဖြစ်နေတာပါ။

Taylor Family

ရုပ်ရည်လှသလို စိတ်သဘောထားလည်းကောင်းမွန်တဲ့ Taylor နဲ့ ပတ်သက်ပြီး ပရိသတ်တွေတောင် မသိလောက်သေးတဲ့ အချက်လေးတွေ ရှိနေပါတယ်။ဒီအချက်တွေကို သိပြီးရင် နဂိုထက်ပိုပြီး ချစ်မှာ အသေအချာပါပဲ။

(၁) Taylor မှာ သွေးသားရင်းချာမောင်နှမဆိုလို့ အသက်(၂)နှစ်ခွဲငယ်တဲ့ မောင်လေးတစ်ယောက်တည်းသာရှိပါတယ်။ တေလာရဲ့ မောင်လေး Austin Swift ကလည်း ဇာတ်ကားတစ်ချို့မှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ဖူးပေမယ့် အစ်မဖြစ်သူရဲ့ MTV တွေမှာတော့ မကြာခဏ ပါဝင်သရုပ်ဆောင်ပေးထားတာကို တွေ့ဖူးမှာပါ။ အစ်မဖြစ်သူ Taylor က ၂၀၁၁ ခုနှစ်ကကျင်းပတဲ့ American Music Awards အခမ်းအနားမှာ ဆုတက်ယူတုန်းက မောင်ဖြစ်သူ Austin ကို ထည့်ပြောဖူးပါတယ်။ Austin ဟာ နှုတ်ခမ်းနီမလေးတွေကြွေလောက်စရာ ရူပါကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်မို့  Taylor ကို  ယောင်းမတော်ချင်သူတွေ တန်းစီနေမှာသေချာပါတယ်။

Austin Swift and Taylor Swift

(၂) သီချင်းလေးတွေအဆိုကောင်းတဲ့ Taylor ကို ဂစ်တာတီးရင်း သီချင်းဆိုလေ့ရှိတာကို ပရိသတ်တွေသတိထားမိကြမှာပါ။ ချီးကျုးစရာကောင်းတာက သူမဟာ ဂစ်တာတီးတာအပြင် ဘင်ဂျိုတီးတာနဲ့ ပုလွေမှုတ်တာကိုလည်း ကျွမ်းကျွင်သူဖြစ်ပါတယ်တဲ့။

(၃) လက်ရှိမှာ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ဦးဖြစ်နေပေမယ့် သူမရဲ့ ငယ်ဘဝစိတ်ကူးအိပ်မက်က ဘဏ္ဍာရေးအကြံပေး ဖြစ်ချင်တာပါတဲ့။

Austin Swift and Taylor Swift

(၄) သီချင်းတော်တော်များများမှာ ကိုယ်တိုင်ရေးကိုယ်တိုင်သီဆိုတဲ့ Taylor ဟာ Lucky You ဆိုတဲ့ သီချင်းလေးကို သူမ (၁၂)နှစ်အရွယ်မှာ ပထမဆုံးရေးစပ်ခဲ့တယ်လို့ ဆိုပါတယ်။

(၅) နောက်ထပ် ချီးကျုးစရာကောင်းတာက သူမဟာ သဒါ္ဒတရားထက်သန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမရသမျှ အနုပညာကြေးတွေကို ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ အကူအညီလိုအပ်နေတဲ့ အဖွဲ့အစည်းတွေ၊ လိင်တူခွဲခြားမှုကို ဆန့်ကျင်လှုပ်ရှားတဲ့အဖွဲ့တွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့လှုဒါန်းလေ့ရှိတာ များပါတယ်။

(၆) Taylor Swift ဆိုတဲ့ နာမည်ဖြစ်လာပုံလေးပါ။ သူမရဲ့မိဘတွေက အမျိုးသားအဆိုတော် James Taylor ကို ကြိုက်လွန်းလို့ Taylor Swift ဆိုတဲ့ နာမည်လေးပေးခဲ့ပါတယ်။ Taylor အရွယ်ရောက်လာပြီး အဆိုတော်ဖြစ်လာတဲ့အချိန်မှာလည်း James Taylor နဲ့အတူ “Fire and Rain”သီချင်းတွေ သီဆိုဖျော်ဖြေဖူးတာ တွေ့ရပါတယ်။

(၇) နောက်ပြီး သူမက Album of the Year Grammy ဆုကို ဆွတ်ခူးထားတဲ့ အသက်အငယ်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ Fearless အယ်ဘမ်လ်နဲ့ ဆုရချိန်မှာ သူမအသက်က (၂၀)လောက်ပဲရှိပါသေးတယ်။

James Taylor and Taylor Swift performed together

(၈) Taylor နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့အကြောင်းအရာတစ်ခုကတော့ သူမဟာ သရုပ်ဆောင်ပိုင်းမှာလည်း ခေသူတစ်ယောက်မဟုတ်ပါဘူး။ ၂၀၀၉ခုနှစ်က ရိုက်ကူးခဲ့တဲ့ CSI ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တာဟာ သူမရဲ့ ပွဲဦးထွက်ခြေလှမ်းဖြစ်ပေမယ့် သူမရဲ့ ဇာတ်ကောင်က ဇာတ်သိမ်းမှာ သေရတဲ့အတွက် ပရိသတ်တွေ သိပ်မကြိုက်ခဲ့ပါဘူး။

(၉) လူမှုကွန်ရက်ပေါ်မှာ သူမရဲ့ ကြောင်လေးတွေနဲ့ ပုံတွေမကြာခဏ တင်လေ့ရှိတာကိုလည်း ပရိသတ်တွေသတိထားမိမှာပါ။ ဒါပေမယ့် သူမမှာ Olivia နဲ့ Meredith လို့နာမည်ပေးထားတဲ့ ကြောင်လေး နှစ်ကောင်တည်းရှိတာပါ။ ကြောင်လေးတွေရဲ့နာမည်ကို သူမ ကြိုက်တဲ့ ဇာတ်ကောင်နာမည်တွေကိုအစွဲပြုပြီး ပေးထားတာဖြစ်ပါတယ်။

(၁၀) သူမဟာ Instagram မှာ ရှစ်ယောက်မြောက် Follower  အများဆုံးနေရာယူထားတဲ့ ဆယ်လီတစ်ယောက်ဆိုတာကိုရော သိပြီးကြပြီလား ။နောက်ပြီး သူမဟာ သီချင်းအချပ်ရေပေါင်း သန်း(၂၀)ကျော် ရောင်းချနိုင်ခဲ့တဲ့ အဆိုတော်မလေးတစ်ဦးမို့ သူမရဲ့ အောင်မြင်မှုအရှိန်အဝါကတော့ အံ့အားသင့်စရာပါပဲနော်။

အဆိုတော် Taylor Swift ရဲ့ကိုယ်ရေးအချက်အလက်လေးတွေက စိတ်ဝင်စားစရာကောင်းပြီး သူမဟာ အသက်ငယ်ပေမယ့် အောင်မြင်မှုကို အချိန်တော်တော်ကြာကြာထိန်းထားနိုင်တဲ့အတွက် ချီးကျုးဖို့ အရမ်းကာင်းပါတယ်။ ဒီလောက်ဆိုရင် ပရိသတ်ကြီးလည်း  Taylor ရဲ့ အကြောင်းကို နှံ့နှံ့စပ်သိသွားလောက်ပြီလို့ ထင်ပါတယ်။ မွေးနေ့ရှင် မမကိုလည်း မွေးနေ့ဆုတောင်းလေးတွေ တောင်းပေးဖို့ မမေ့ကြနဲ့ဦးနော်။

Stella (Akhayar)

www.Akhyar.com