ျမန္မာႏုိင္ငံရဲ႕ ဆက္သြယ္ေရးေအာ္ပေရတာတစ္ခုျဖစ္တဲ့ Telenor Myanmar ကေန Telenor ကို သံုးစြဲေနတဲ့သူေတြအတြက္ Telenor Star နာမည္နဲ႔ အသံုးျပဳသူေတြအတြက္ အစီအစဥ္တစ္ခုကို မိတ္ဆက္လုိက္ပါတယ္။

အခု Telenor Star ဆိုတာကေတာ့ လက္ရွိ Telenor SIM Card သံုးစြဲသူေတြကို လြန္ခဲ့တဲ့ ၃ လအတြင္း သံုးစြဲခဲ့တဲ့ ပမာဏနဲ႔ သက္တမ္းအေပၚမူတည္ျပီး Silver ၊ Gold နဲ႔ Platinum Star Member ဆိုျပီး ခြဲျခားထားတယ္လုိ႔သိရပါတယ္။ ဘယ္လုိမ်ိဳး ခြဲျခားသလဲဆုိတာကို ေအာက္ပါ ဇယားမွာ ၾကည့္ႏုိင္ပါတယ္။ ကုိယ္က ဘယ္အဆင့္လဲဆိုတာကို သိဖုိ႔ကေတာ့ *2345# ကို ဖုန္းေခၚဆုိတာ ဒါမွမဟုတ္ “STAR” ဆုိျပီး 2345 ကို SMS ပို႔လုိက္ရင္ အဆင္ေျပမွာပါ။

ဒါေပမယ့္ အခုလုိမ်ိဳး Telenor Star ျဖစ္သြားတာက ဘာေတြရမွာလဲ?

Telenor ကေန တရားဝင္ထုတ္ျပန္ထားတဲ့သတင္းအရေတာ့ အခုလုိမ်ိဳး Telenor Star Member အျဖစ္သတ္မွတ္ခံလုိက္ရျပီဆုိရင္

– တယ္လီေနာအေရာင္းဆိုင္မ်ားတြင္ ဝန္ေဆာင္မႈမ်ားကို ဦးစားေပးေဆာင္႐ြက္ေပးျခင္း၊ အေရာင္းပစၥည္းမ်ားကို သက္သာေသာေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးျခင္း။

– တယ္​လီ​ေနာစတားမ်ား သည္​ ႀကိဳသုံး​ေငြ ကို ၃ဆ အထိ (ေငြက်ပ္ ၂၄၀၀) ရယူႏိုင္​ျခင္း။

– တယ္လီေနာစတားအဖြဲ႕ဝင္မ်ားအေနျဖင့္ တယ္လီေနာ၏ Call Center သို႔အခမဲ့ ဖုန္းေခၚဆိုေမးျမန္းႏိုင္ျခင္း။

– ကုန္းလမ္းပို႔ေဆာင္ေရး (ဥပမာ။ တကၠစီ) ဝန္ေဆာင္မႈမ်ားကို အထူးေလ်ာ့ေစ်းျဖင့္ ရယူႏိုင္ျခင္း။

– နာမည္ႀကီးစားေသာက္ဆိုင္မ်ားတြင္ (ဥပမာ။ Pizzahut) အထူးေလ်ာ့ေစ်းျဖင့္ ဝယ္ယူစားေသာက္ႏိုင္ျခင္း။

– Online ေစ်းဆိုင္မ်ားမွ အထူးေလ်ာ့ေစ်းျဖင့္ ရယူႏိုင္ျခင္း ေတြရရွိႏုိင္မယ္လုိ႔ သိရပါတယ္။

အခုလုိမ်ိဳး ေလ်ာ႔ေစ်းရဖုိ႔ Promo Code ကို ရယူဖုိ႔အတြက္ဆိုရင္ေတာ့ “2121” ကို Pizzahut ဆုိ၇င္ “PIZZAHUT” ၊ Shop.com.mm ဆုိရင္ “SHOPMM” ၊ Oway Ride ဆုိရင္ “OWAY” နဲ႔ မႏၱေလးက MiniOway ဆိုရင္ “MINIOWAY” ဆုိျပီး ေပးပို႔ရမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ Telenor Star Member ေတြက Telenor အေရာင္းဆုိင္ေတြမွာ ဦးစားေပးေဆာင္ရြက္ေပးတာေတြ၊ care@Telenor.com.mm ကို Email ပို႔ျပီးေတာ့ တိုင္ၾကားတာေတြ၊ 979 Call Center ကို အခမဲ့ဖုန္းေခၚဆိုႏိုင္တာေတြလည္း ရရွိႏုိင္ဦးမွာပါ။

အခု Telenor Star Member ျဖစ္ျပီးျပီဆိုရင္ ၃ လဆက္တုိက္ျဖစ္ခြင့္ရွိျပီးေတာ့ လစဥ္ ကိုယ့္ရဲ႕အသံုးျပဳမႈကိုလည္း စစ္ေဆးသြားမယ္လို႔ သိရပါတယ္။ Akhayar ပရိသတ္ၾကီးေရာ Telenor ရဲ႕ ဘယ္အဆင့္ Star Member ျဖစ္ျပီးၾကျပီလဲ?

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Telenor Myanmar ကနေ Telenor ကို သုံးစွဲနေတဲ့သူတွေအတွက် Telenor Star နာမည်နဲ့ အသုံးပြုသူတွေအတွက် အစီအစဉ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

အခု Telenor Star ဆိုတာကတော့ လက်ရှိ Telenor SIM Card သုံးစွဲသူတွေကို လွန်ခဲ့တဲ့ ၃ လအတွင်း သုံးစွဲခဲ့တဲ့ ပမာဏနဲ့ သက်တမ်းအပေါ်မူတည်ပြီး Silver ၊ Gold နဲ့ Platinum Star Member ဆိုပြီး ခွဲခြားထားတယ်လို့သိရပါတယ်။ ဘယ်လိုမျိုး ခွဲခြားသလဲဆိုတာကို အောက်ပါ ဇယားမှာ ကြည့်နိုင်ပါတယ်။ ကိုယ်က ဘယ်အဆင့်လဲဆိုတာကို သိဖို့ကတော့ *2345# ကို ဖုန်းခေါ်ဆိုတာ ဒါမှမဟုတ် “STAR” ဆိုပြီး 2345 ကို SMS ပို့လိုက်ရင် အဆင်ပြေမှာပါ။

ဒါပေမယ့် အခုလိုမျိုး Telenor Star ဖြစ်သွားတာက ဘာတွေရမှာလဲ?

Telenor ကနေ တရားဝင်ထုတ်ပြန်ထားတဲ့သတင်းအရတော့ အခုလိုမျိုး Telenor Star Member အဖြစ်သတ်မှတ်ခံလိုက်ရပြီဆိုရင်

– တယ်လီနောအရောင်းဆိုင်များတွင် ဝန်ဆောင်မှုများကို ဦးစားပေးဆောင်ရွက်ပေးခြင်း၊ အရောင်းပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း။

– တယ်လီနောစတားများ သည် ကြိုသုံးငွေ ကို ၃ဆ အထိ (ငွေကျပ် ၂၄၀၀) ရယူနိုင်ခြင်း။

– တယ်လီနောစတားအဖွဲ့ဝင်များအနေဖြင့် တယ်လီနော၏ Call Center သို့အခမဲ့ ဖုန်းခေါ်ဆိုမေးမြန်းနိုင်ခြင်း။

– ကုန်းလမ်းပို့ဆောင်ရေး (ဥပမာ။ တက္ကစီ) ဝန်ဆောင်မှုများကို အထူးလျော့ဈေးဖြင့် ရယူနိုင်ခြင်း။

– နာမည်ကြီးစားသောက်ဆိုင်များတွင် (ဥပမာ။ Pizzahut) အထူးလျော့ဈေးဖြင့် ဝယ်ယူစားသောက်နိုင်ခြင်း။

– Online ဈေးဆိုင်များမှ အထူးလျော့ဈေးဖြင့် ရယူနိုင်ခြင်း တွေရရှိနိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး လျော့ဈေးရဖို့ Promo Code ကို ရယူဖို့အတွက်ဆိုရင်တော့ “2121” ကို Pizzahut ဆို၇င် “PIZZAHUT” ၊ Shop.com.mm ဆိုရင် “SHOPMM” ၊ Oway Ride ဆိုရင် “OWAY” နဲ့ မန္တလေးက MiniOway ဆိုရင် “MINIOWAY” ဆိုပြီး ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Telenor Star Member တွေက Telenor အရောင်းဆိုင်တွေမှာ ဦးစားပေးဆောင်ရွက်ပေးတာတွေ၊ care@Telenor.com.mm ကို Email ပို့ပြီးတော့ တိုင်ကြားတာတွေ၊ 979 Call Center ကို အခမဲ့ဖုန်းခေါ်ဆိုနိုင်တာတွေလည်း ရရှိနိုင်ဦးမှာပါ။

အခု Telenor Star Member ဖြစ်ပြီးပြီဆိုရင် ၃ လဆက်တိုက်ဖြစ်ခွင့်ရှိပြီးတော့ လစဉ် ကိုယ့်ရဲ့အသုံးပြုမှုကိုလည်း စစ်ဆေးသွားမယ်လို့ သိရပါတယ်။ Akhayar ပရိသတ်ကြီးရော Telenor ရဲ့ ဘယ်အဆင့် Star Member ဖြစ်ပြီးကြပြီလဲ?

Zawyè (Akhayar) 

www.akhayar.com