[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

အနုပညာအမွေအနှစ်တွေ ကြားပျော်ရွှင်နေတဲ့ တက္ကသိုလ်ဂွမ်းပုံ

အနုပညာအမွေအနှစ်တွေ များစွာရှိတဲ့ ပုဂံမြေကို ရောက်ရှိနေတယ်ဆိုပြီးတော့ တက္ကသိုလ်ဂွမ်းပုံ က သူမရဲ့လူမှုကွန်ရက်ပေါ်မှာ ပျော်ရွှင်နေတဲ့ ဓါတ်ပုံတွေနဲ့ အတူ စာလေးတစ်ကြောင်းကို လည်း အခုလိုရေးထားပါတယ်။ “အနုပညာအမွေအနှစ်တွေစုစည်းရာ”ပုဂံမြေ”. .မှာ” ဆိုပြီးတော့ ရေးထားတာဖြစ်ပါတယ်။

အန်တီဂွမ်းလို့ ချစ်စနိုးခေါ်ကြတဲ့ တက္ကသိုလ်ဂွမ်းပုံကိုဆိုရင် ပရိသတ်တွေကချစ်ကြသလို အနုပညာရှင်အသိုင်းအဝိုင်းကလည်း သူမကို ချစ်ခင်ကြတာတွေ့ရပါတယ်။

သူမ ပါဝင်တဲ့ ဇာတ်ကားတွေဟာဆိုရင် မို့မို့မြင့်အောင်တို့ မင်းသမီးလုပ်ခဲ့တဲ့ လက်ထက် ကတည်း က အခုဆိုရင် ဝတ်မှုန်ရွှေရည်တို့ ဖွေးဖွေးတို့ လက်ထက်အထိကို သူပါဝင်တဲ့ ဇာတ်ကားတွေက လက်ညှိုးထိုး မလွဲပါဘူး။ သရုပ်ဆောင်ကောင်းတဲ့ ဇာတ်ပို့ တစ်ယောက်ဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အကယ်ဒမီပေးပွဲမှာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ ဆုကို “ဤအရာကိုအချစ်ဟုခေါ်သလား” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit: Tekktho Goon Poon Facebook

ကြည်သာ (Akhayar)

www.akhayar.com