[Zawgyi]

ဂိုဏ္းဖြဲ႔ ျပစ္မႈက်ဴးလြန္မႈေတြအတြက္ ဖမ္းဆီးခံလိုက္ရတဲ့ Rapper Tekashi 6ix9ine

နာမည္ရင္း Daniel Hernandez လို႔ ေခၚတဲ့ Rapper Tekashi 6ix9ine ဟာ ျပီးခဲ့တဲ့ တနဂၤေႏြက ဖမ္းဆီးခံခဲ့ရျပီး ဂိုဏ္းဖြဲ႔ျပစ္မႈက်ဴးလြန္တာေတြနဲ႔ လက္နက္ကိုင္ေဆာင္မႈေတြအတြက္ အျမင့္ဆံုးျပစ္ဒဏ္က်ခံရဖို႔ ရွိေနပါတယ္။

6ix9ine ရဲ႕ မန္ေနဂ်ာေဟာင္းျဖစ္တဲ့ Shottie (Kifano Jordan) နဲ႔ တျခားသံုးေယာက္ဟာလည္း တနဂၤေႏြညနဲ႔ တနလၤာေန႔မနက္မွာ ဖမ္းဆီးခံခဲ့ရျပီး 6ix9ine ရဲ႕ အဖြဲ႔ဝင္တစ္ေယာက္ဟာလည္း အခ်ဳပ္နဲ႔ တရားရင္ဆုိင္ေနရျပီး ျဖစ္ပါတယ္။

Kifano Jordan

အသက္ ၂၂ ႏွစ္သာ ရွိေသးတဲ့ 6ix9ine ရဲ႕ ျပစ္မႈက်ဴးလြန္မႈသက္တမ္းေတြအရဆုိရင္ အစုိးရေရွ႕ေနေတြဟာ အျမင့္ဆံုးျပစ္ဒဏ္ေပးဖို႔ လုပ္ေဆာင္ႏုိင္တယ္လို႔ သိရပါတယ္။

သူတို႔ဟာ Nine Trey Gangsta Bloods လို႔ သိၾကတဲ့ ဂိုဏ္းရဲ႕ ဂိုဏ္းသားေတြ ျဖစ္ၾကျပီး စြဲခ်က္ေတြအရဆုိရင္ နယူးေယာက္ျမိဳ႕ေပၚက ရုန္းရင္းဆန္ခတ္ျဖစ္မႈေတြနဲ႔ အၾကမ္းဖက္ရန္ျဖစ္မႈေတြမွာ ပါဝင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဂိုဏ္းသားေတြဟာ လုယက္မႈေတြ၊ ေသနတ္ပစ္ခတ္မႈေတြနဲ႔ လူစည္ကားတဲ့ Barclay’s Center ပစ္ခတ္မႈေတြမွာ ပါဝင္ခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။

6ix9ine ဟာ ၂၀၁၈ ခုႏွစ္ ေမလတုန္းကလည္း ႏွစ္ၾကိမ္အဖမ္းခံခဲ့ရျပီး ပထမတစ္ၾကိမ္တုန္းက Texas မွာ အသက္ ၁၆ ႏွစ္အရြယ္ေကာင္ေလးကို တုိက္ခုိက္ခဲ့မႈနဲ႔ ဒုတိယတစ္ေခါက္ကေတာ့ ဆုိင္းငံ့လိုင္စင္နဲ႔ ကားတက္ေမာင္းတာကို မိလို႔ပါ။

၂၀၁၇ ခုႏွစ္ ေအာက္တုိဘာလ ၂၇ ရက္ေန႔မွာ လိင္ျပစ္မႈတစ္ခုက်ဴးလြန္တယ္ဆိုျပီး တစ္ႏွစ္ကေန သံုးႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ဖို႔ လုပ္ေပမယ့္ သူ႔ရဲ႕ေရွ႕ေနေတြကေတာ့ ေလးႏွစ္ခံဝန္ခ်ဳပ္နဲ႔ လႊတ္ထားဖို႔နဲ႔ လူမႈေရးလုပ္ငန္းမွာ နာရီတစ္ေထာင္လုပ္အားေပးျပစ္ဒဏ္ခ်မွတ္ဖို႔ လုပ္ေဆာင္ခဲ့ပါတယ္။

6ix9ine ဟာ သူ႔ရဲ႕ အေပါင္းအပါႏွစ္ေယာက္နဲ႔  Manhattan စားေသာက္ဆုိင္တစ္ခုအတြင္း ပစ္ခတ္မႈမွာ ပါဝင္ခဲ့ေပမယ့္ သူ႔ရဲ႕အက်ိဳးေဆာင္ေရွ႕ေနကေတာ့ ဒီျဖစ္ရပ္ျဖစ္ပြားခ်ိန္မွာ 6ix9ine ဟာ အခင္းျဖစ္ေနရာမွာ မရွိဘူးလို႔ ထုတ္ေျပာခဲ့ပါတယ္။

ႏုိဝင္ဘာလ ၈ ရက္ေန႔မွာလည္း ကယ္လီဖိုးနီးယား၊ ဘီဗာလီေဟးလ္မွာ ရုိက္ကြင္းတည္တဲ့ Kanye West နဲ႔ Nicki Minaj တို႔ရဲ႕ ရိုက္ကြင္းမွာလည္း ပစ္ခတ္မႈျဖစ္ခဲ့ပါေသးတယ္။ အစိုးရေရွ႕ေနေတြရဲ႕ အဆုိအရေတာ့ 6ix9ine ဟာ သူ႔ကိုယ္သူ ဂိုဏ္းသားတစ္ေယာက္ျဖစ္ေၾကာင္း ဝန္ခံထားျပီး ဥပေဒစည္းမ်ဥး္ေတြကို ေဖာက္ဖ်က္တယ္လို႔ စြပ္စြဲထားပါတယ္။

6ix9ine ရဲ႕ ထိပ္တန္း Single သီခ်ငး္ျဖစ္တဲ့ ‘Gummo’ ဟာ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလတုန္းက Billboard ရဲ႕ R&B/Hip-hop Chart မွာ နံပါတ္ ၅ ေနရာက ရပ္တည္ဖူးပါတယ္။

www.akhayar.com

Source : huffingtonpost.com
[Unicode]

ဂိုဏ်းဖွဲ့ ပြစ်မှုကျူးလွန်မှုတွေအတွက် ဖမ်းဆီးခံလိုက်ရတဲ့ Rapper Tekashi 6ix9ine

နာမည်ရင်း Daniel Hernandez လို့ ခေါ်တဲ့ Rapper Tekashi 6ix9ine ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက ဖမ်းဆီးခံခဲ့ရပြီး ဂိုဏ်းဖွဲ့ပြစ်မှုကျူးလွန်တာတွေနဲ့ လက်နက်ကိုင်ဆောင်မှုတွေအတွက် အမြင့်ဆုံးပြစ်ဒဏ်ကျခံရဖို့ ရှိနေပါတယ်။

6ix9ine ရဲ့ မန်နေဂျာဟောင်းဖြစ်တဲ့ Shottie (Kifano Jordan) နဲ့ တခြားသုံးယောက်ဟာလည်း တနင်္ဂနွေညနဲ့ တနင်္လာနေ့မနက်မှာ ဖမ်းဆီးခံခဲ့ရပြီး 6ix9ine ရဲ့ အဖွဲ့ဝင်တစ်ယောက်ဟာလည်း အချုပ်နဲ့ တရားရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။

Kifano Jordan

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ 6ix9ine ရဲ့ ပြစ်မှုကျူးလွန်မှုသက်တမ်းတွေအရဆိုရင် အစိုးရရှေ့နေတွေဟာ အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

သူတို့ဟာ Nine Trey Gangsta Bloods လို့ သိကြတဲ့ ဂိုဏ်းရဲ့ ဂိုဏ်းသားတွေ ဖြစ်ကြပြီး စွဲချက်တွေအရဆိုရင် နယူးယောက်မြို့ပေါ်က ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ အကြမ်းဖက်ရန်ဖြစ်မှုတွေမှာ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဂိုဏ်းသားတွေဟာ လုယက်မှုတွေ၊ သေနတ်ပစ်ခတ်မှုတွေနဲ့ လူစည်ကားတဲ့ Barclay’s Center ပစ်ခတ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

6ix9ine ဟာ ၂၀၁၈ ခုနှစ် မေလတုန်းကလည်း နှစ်ကြိမ်အဖမ်းခံခဲ့ရပြီး ပထမတစ်ကြိမ်တုန်းက Texas မှာ အသက် ၁၆ နှစ်အရွယ်ကောင်လေးကို တိုက်ခိုက်ခဲ့မှုနဲ့ ဒုတိယတစ်ခေါက်ကတော့ ဆိုင်းငံ့လိုင်စင်နဲ့ ကားတက်မောင်းတာကို မိလို့ပါ။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ လိင်ပြစ်မှုတစ်ခုကျူးလွန်တယ်ဆိုပြီး တစ်နှစ်ကနေ သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ဖို့ လုပ်ပေမယ့် သူ့ရဲ့ရှေ့နေတွေကတော့ လေးနှစ်ခံဝန်ချုပ်နဲ့ လွှတ်ထားဖို့နဲ့ လူမှုရေးလုပ်ငန်းမှာ နာရီတစ်ထောင်လုပ်အားပေးပြစ်ဒဏ်ချမှတ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

6ix9ine ဟာ သူ့ရဲ့ အပေါင်းအပါနှစ်ယောက်နဲ့  Manhattan စားသောက်ဆိုင်တစ်ခုအတွင်း ပစ်ခတ်မှုမှာ ပါဝင်ခဲ့ပေမယ့် သူ့ရဲ့အကျိုးဆောင်ရှေ့နေကတော့ ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ 6ix9ine ဟာ အခင်းဖြစ်နေရာမှာ မရှိဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာလည်း ကယ်လီဖိုးနီးယား၊ ဘီဗာလီဟေးလ်မှာ ရိုက်ကွင်းတည်တဲ့ Kanye West နဲ့ Nicki Minaj တို့ရဲ့ ရိုက်ကွင်းမှာလည်း ပစ်ခတ်မှုဖြစ်ခဲ့ပါသေးတယ်။ အစိုးရရှေ့နေတွေရဲ့ အဆိုအရတော့ 6ix9ine ဟာ သူ့ကိုယ်သူ ဂိုဏ်းသားတစ်ယောက်ဖြစ်ကြောင်း ဝန်ခံထားပြီး ဥပဒေစည်းမျဥ်းတွေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲထားပါတယ်။

6ix9ine ရဲ့ ထိပ်တန်း Single သီချင်းဖြစ်တဲ့ ‘Gummo’ ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတုန်းက Billboard ရဲ့ R&B/Hip-hop Chart မှာ နံပါတ် ၅ နေရာက ရပ်တည်ဖူးပါတယ်။

www.akhayar.com

Source : huffingtonpost.com