[Zawgyi]

Facebook ေပၚမွ ဖက္ရွင္ေလွ်ာက္လမ္းေပၚအထိတက္ေရာက္လာႏိုင္တဲ႔ Kate Grant

ေျမာက္ Ireland မွ ဆယ္ေက်ာ္သက္အရြယ္ ေဒါင္းေရာဂါလကၡဏာရွိတဲ့ မိန္းမပ်ဳိေလးတစ္ဦးဟာ Belfast Fashion Week ရဲ႕ ေလွ်ာက္လမ္းထက္မွာ ပဲြဦးထြက္ေလွ်ာက္လွမ္းႏိုင္ခဲ႔ပါၿပီ။ ပဲြဦးထြက္ေလွ်ာက္လွမ္းခြင္႔ရခဲ႔တဲ႔ ဆယ္ေက်ာ္သက္အရြယ္မိန္းမပ်ဳိေလးကေတာ့ ေျမာက္ Ireland ႏိုင္ငံ County Tyrone ၿမိဳ႕မွာ ေနထုိင္တဲ႔ Kate Grant ဆိုတဲ႔ အမ်ဳိးသမီးေလးပဲ ျဖစ္ပါတယ္။ သူမရဲ႕မိခင္ Deirdre ဟာ Facebook ေပၚမွာ သူမရဲ႕အေၾကာင္းနဲ႔ဓာတ္ပံုေတြကို တင္ေပးရာမွစၿပီး ပရိသတ္ေတြ သတိထားမိကာ နာမည္ႀကီးလာရျခင္း ျဖစ္ပါတယ္။

Kate Grant

Kate Grant

Deirdre ဟာ သူမသမီးျဖစ္ခ်င္တဲ့ အိပ္မက္ေတြနဲ႔ပတ္သက္ၿပီး Facebook မွာ ေရးသားေဖာ္ျပခဲ႔တာေတာ့ Kate ဟာ ေဒါင္းေရာဂါလကၡဏာရွိေပမယ္႔လည္း ဖက္ရွင္နယ္ပယ္မွာ ထြန္းလင္းေတာက္ပတဲ႔ ၾကယ္တစ္ပြင္႔ျဖစ္ခ်င္ခဲ႔ၿပီး သူမတုိ႔လိုလူမ်ဳိးေတြအတြက္ စံျပပုဂိၢဳလ္လည္းျဖစ္ခ်င္ခဲ႔ကာ စစ္မွန္တဲ႔ အလွတရားကို ရဲဝံံံ့စြာ ထုတ္ေဖာ္ျပသခ်င္ခဲ႔သူပါ။ ဒါေၾကာင့္မို႔ သူမကို သာမန္မိန္းကေလးေတြလို ျမင္ေပးၿပီး ကူညီပံ့ပိုးေပးျခင္းအားျဖင့္ သူမရဲ႕အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာေအာင္ ကူညီေပးၾကပါလို႔ ေမတၱာရပ္ခံထားတာက ေတြ႔ရပါတယ္။

Deirdre Grant Post

Deirdre Grant Post

ရက္ေပါင္းအနည္းငယ္ၾကာတဲ႔အခါမွာ အဲလိုေရးသားတင္ခဲ႔တဲ႔ Post ကို Facebook အသံုးျပဳသူူေတြကို မယံုၾကည္ႏိုင္ေလာက္ေအာင္ Like ေတြ Share ေတြ အေျမာက္အျမား ျပဳလုပ္ၿပီး ဝိုင္းဝန္းပံ့ပိုးေပးခဲ့ၾကတာကို ေတြ႔ရပါတယ္။

သူမအေမထပ္ေလာင္းေျပာၾကားခဲ႔တာကေတာ့ “Kate လို ေဒါင္းေရာဂါလကၡဏာရွိတဲ႔ ကေလးမ်ဳိးေတြနဲ႔ မသန္မစြမ္းကေလးငယ္ေတြအေနနဲ႔ ေရာဂါရွိတယ္ သာမန္လူေတြလို ၿပီးျပည္႔စံုမႈမရွိဘူးဆိုတာနဲ႔ ေၾကာက္ရြံ႕ၿပီး အိမ္မွာပုန္းေနတာမ်ဳိး မျပဳလုပ္ဘဲ ကိုယ္အိမ္မက္ေတြကို ရဲရဲဝံဝံလူေရွ႕ခ်ျပကာ ေအာင္ျမင္မႈကို ဆြတ္ခူးလိုက္ၾကပါဆိုၿပီး” အားေပးစကား ေျပာၾကားထားတာကို ေတြ႔ရပါတယ္။

၁၉ ႏွစ္အရြယ္ Kate ကေတာ့ New York Fashion Week မွာ ေလွ်ာက္လွမ္းခဲ႔တဲ႔ ေဒါင္းေရာဂါလကၡဏာပိုင္ရွင္ Australian Model တစ္ဦးျဖစ္တဲ႔ Madeline Stuart ကို သူမရဲ႕ စံျပေမာ္ဒယ္အျဖစ္ ထားကာ ခြန္အားယူခဲ႔သူ ျဖစ္ပါတယ္။

Kate Grant

Kate Grant

BBC ရဲ႕Talkback Programme တစ္ခုမွာ သူမက အခုလိုေျပာၾကားခဲ႔ပါတယ္။ သူမေျပာၾကားခဲ႔တာကေတာ့ ထင္ရွားေက်ာ္ၾကားတဲ႔ ဖက္ရွင္ေမာ္ဒယ္လ္အျဖစ္နဲ႔ ကမာၻႀကီးရဲ႕ ေနရာတိုင္းမွာ သူမမွ သူမဆိုၿပီး သည္္းသည္းလႈပ္ ခ်စ္ခင္ခံရသူမ်ုဳိး ျဖစ္ခ်င္ပါတယ္။ အဲလိုျဖစ္ခ်င္ခဲ႔တဲ့ သူမအတြက္ေတာ့ အိမ္မက္ေတြဟာ တျဖည္းျဖည္းနဲ႔ ပံုေပၚလာၿပီလို႔ ဆိုရမွာပါ။ ဘာေၾကာင္႔လဲဆုိေတာ့ Facebook မွာ နာမည္ႀကီးလာတဲ႔ သူမကို ေမာ္ဒယ္လ္ေအဂ်င္စီတစ္ခုကေန Belfast Fashion Week မွာ ေလွ်ာက္လွမ္းဖို႔ ကမ္းလွမ္းျခင္းခံရတဲ႔အတြက္ေၾကာင္႔ ျဖစ္ပါတယ္။

သာမန္လူသားေတြလိုမ်ဳိးမဟုတ္ဘဲ ေဒါင္းေရာဂါလကၡဏာရွိသူေလးျဖစ္ေသာ္လည္း သူမရဲ႕ျပင္းျပတဲ႔ ျဖစ္ခ်င္စိတ္ေၾကာင့္ ေအာင္ျမင္မႈေတြဟာ တျဖည္းျဖည္းနီးကပ္လာကာ ဆြတ္ခူးခြင္႔ ရရွိခဲ႔ျခင္းျဖစ္ပါတယ္။ Belfast Fashion Week ကေတာ့ ၂၆ ရက္ေန႔ ေအာက္တုိဘာလမွာ စတင္မွာျဖစ္ၿပီး Kate ကိုေတာ့ ၂၇ ရက္ေန႔ ေအာက္တိုဘာမွာ ေလွ်ာက္လမ္းထက္ ေတြ႔ျမင္ရမွာျဖစ္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

Facebook ပေါ်မှ ဖက်ရှင်လျှောက်လမ်းပေါ်အထိတက်ရောက်လာနိုင်တဲ့ Kate Grant

မြောက် Ireland မှ ဆယ်ကျော်သက်အရွယ် ဒေါင်းရောဂါလက္ခဏာရှိတဲ့ မိန်းမပျိုလေးတစ်ဦးဟာ Belfast Fashion Week ရဲ့ လျှောက်လမ်းထက်မှာ ပွဲဦးထွက်လျှောက်လှမ်းနိုင်ခဲ့ပါပြီ။ ပွဲဦးထွက်လျှောက်လှမ်းခွင့်ရခဲ့တဲ့ ဆယ်ကျော်သက်အရွယ်မိန်းမပျိုလေးကတော့ မြောက် Ireland နိုင်ငံ County Tyrone မြို့မှာ နေထိုင်တဲ့ Kate Grant ဆိုတဲ့ အမျိုးသမီးလေးပဲ ဖြစ်ပါတယ်။ သူမရဲ့မိခင် Deirdre ဟာ Facebook ပေါ်မှာ သူမရဲ့အကြောင်းနဲ့ဓာတ်ပုံတွေကို တင်ပေးရာမှစပြီး ပရိသတ်တွေ သတိထားမိကာ နာမည်ကြီးလာရခြင်း ဖြစ်ပါတယ်။

Kate Grant

Kate Grant

Deirdre ဟာ သူမသမီးဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့ပတ်သက်ပြီး Facebook မှာ ရေးသားဖော်ပြခဲ့တာတော့ Kate ဟာ ဒေါင်းရောဂါလက္ခဏာရှိပေမယ့်လည်း ဖက်ရှင်နယ်ပယ်မှာ ထွန်းလင်းတောက်ပတဲ့ ကြယ်တစ်ပွင့်ဖြစ်ချင်ခဲ့ပြီး သူမတို့လိုလူမျိုးတွေအတွက် စံပြပုဂ္ဂိုလ်လည်းဖြစ်ချင်ခဲ့ကာ စစ်မှန်တဲ့ အလှတရားကို ရဲဝံံံ့စွာ ထုတ်ဖော်ပြသချင်ခဲ့သူပါ။ ဒါကြောင့်မို့ သူမကို သာမန်မိန်းကလေးတွေလို မြင်ပေးပြီး ကူညီပံ့ပိုးပေးခြင်းအားဖြင့် သူမရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ကူညီပေးကြပါလို့ မေတ္တာရပ်ခံထားတာက တွေ့ရပါတယ်။

Deirdre Grant Post

Deirdre Grant Post

ရက်ပေါင်းအနည်းငယ်ကြာတဲ့အခါမှာ အဲလိုရေးသားတင်ခဲ့တဲ့ Post ကို Facebook အသုံးပြုသူူတွေကို မယုံကြည်နိုင်လောက်အောင် Like တွေ Share တွေ အမြောက်အမြား ပြုလုပ်ပြီး ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတာကို တွေ့ရပါတယ်။

သူမအမေထပ်လောင်းပြောကြားခဲ့တာကတော့ “Kate လို ဒေါင်းရောဂါလက္ခဏာရှိတဲ့ ကလေးမျိုးတွေနဲ့ မသန်မစွမ်းကလေးငယ်တွေအနေနဲ့ ရောဂါရှိတယ် သာမန်လူတွေလို ပြီးပြည့်စုံမှုမရှိဘူးဆိုတာနဲ့ ကြောက်ရွံ့ပြီး အိမ်မှာပုန်းနေတာမျိုး မပြုလုပ်ဘဲ ကိုယ်အိမ်မက်တွေကို ရဲရဲဝံဝံလူရှေ့ချပြကာ အောင်မြင်မှုကို ဆွတ်ခူးလိုက်ကြပါဆိုပြီး” အားပေးစကား ပြောကြားထားတာကို တွေ့ရပါတယ်။

၁၉ နှစ်အရွယ် Kate ကတော့ New York Fashion Week မှာ လျှောက်လှမ်းခဲ့တဲ့ ဒေါင်းရောဂါလက္ခဏာပိုင်ရှင် Australian Model တစ်ဦးဖြစ်တဲ့ Madeline Stuart ကို သူမရဲ့ စံပြမော်ဒယ်အဖြစ် ထားကာ ခွန်အားယူခဲ့သူ ဖြစ်ပါတယ်။

Kate Grant

Kate Grant

BBC ရဲ့Talkback Programme တစ်ခုမှာ သူမက အခုလိုပြောကြားခဲ့ပါတယ်။ သူမပြောကြားခဲ့တာကတော့ ထင်ရှားကျော်ကြားတဲ့ ဖက်ရှင်မော်ဒယ်လ်အဖြစ်နဲ့ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ သူမမှ သူမဆိုပြီး သည်းသည်းလှုပ် ချစ်ခင်ခံရသူမျိုုး ဖြစ်ချင်ပါတယ်။ အဲလိုဖြစ်ချင်ခဲ့တဲ့ သူမအတွက်တော့ အိမ်မက်တွေဟာ တဖြည်းဖြည်းနဲ့ ပုံပေါ်လာပြီလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ Facebook မှာ နာမည်ကြီးလာတဲ့ သူမကို မော်ဒယ်လ်အေဂျင်စီတစ်ခုကနေ Belfast Fashion Week မှာ လျှောက်လှမ်းဖို့ ကမ်းလှမ်းခြင်းခံရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

သာမန်လူသားတွေလိုမျိုးမဟုတ်ဘဲ ဒေါင်းရောဂါလက္ခဏာရှိသူလေးဖြစ်သော်လည်း သူမရဲ့ပြင်းပြတဲ့ ဖြစ်ချင်စိတ်ကြောင့် အောင်မြင်မှုတွေဟာ တဖြည်းဖြည်းနီးကပ်လာကာ ဆွတ်ခူးခွင့် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ Belfast Fashion Week ကတော့ ၂၆ ရက်နေ့ အောက်တိုဘာလမှာ စတင်မှာဖြစ်ပြီး Kate ကိုတော့ ၂၇ ရက်နေ့ အောက်တိုဘာမှာ လျှောက်လမ်းထက် တွေ့မြင်ရမှာဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com