[Zawgyi]

စမတ္ဖုန္းအသံုးျပဳတိုင္း သတိထားေစာင့္ၾကည့္ရမယ့္ Social Media နဲ႔ အင္တာနက္ေပၚမွ အလိမ္အညာမ်ား

စမတ္ဖုန္းအသံုးျပဳသူေတြ တစ္ေန႔တျခား မ်ားျပားလာတာနဲ႔အမွ် အြန္လိုင္းေပၚမွာ အလိမ္အညာခံရတဲ့သတင္းေတြလည္း တစ္ေန႔တျခား ပိုပိုမ်ားျပားလာတာကိုေတြ႕ျမင္ရပါတယ္။ ျမန္မာႏိုင္ငံမွာလည္း စမတ္ဖုန္းနဲ႔စပ္ဆက္ၿပီး နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔အလိမ္ခံေနရတဲ့သတင္းေတြ မၾကာခဏဆိုသလို Social Media ေတြမွတဆင့္ထြက္ေပၚလွ်က္ရွိပါတယ္။

ျမန္မာႏိုင္ငံအတြင္း အမ်ားဆံုးႀကံဳေတြ႕ရတဲ့ နည္းပညာအသံုးခ် ၊ အြန္လိုင္းလိမ္လည္မႈေတြကို စစ္တမ္းေကာက္ယူၾကည့္တဲ့အခါမွာ ေအာက္ပါအတိုင္း ပံုစံသံုးမ်ိဳးကိုအမ်ားဆံုးေတြ႕ျမင္ရမွာျဖစ္ပါတယ္။

(၁)ေငြလႊဲၿပီးေၾကာင္း လိမ္လည္ကာ ပစၥည္းဝယ္ယူျခင္း
(၂)ဖုန္းနံပါတ္မ်ားကို က်ပန္း (Random) ဆက္ကာ ပစၥည္းမ်ား လိမ္လည္ေရာင္းခ်ျခင္း နဲ႔
(၃) Email and Social Media မွတစ္ဆင့္ လိမ္လည္ျခင္းနဲ႔ တို႔ပဲျဖစ္ပါတယ္။

အမွတ္စဥ္ (၁) ေငြလႊဲၿပီးေၾကာင္း ေျပစာျပလိမ္လည္ကာ ပစၥည္းဝယ္ယူျခင္း
ဒီလိုလိမ္နည္းကေတာ့ Online Shopping လုပ္ငန္းလုပ္ကိုင္သူေတြအမ်ားဆံုးႀကံဳေတြ႕ရတဲ့ျပႆနာပဲျဖစ္ပါတယ္။ လိမ္လည္သူဘက္က ေငြလႊဲၿပီးေၾကာင္း ေျပစာျပတဲ့အတြက္ ပစၥည္းပို႔ေပးလိုက္ၿပီး ဘဏ္မွာေငြစစ္ၾကည့္တဲ့အခါမွာေတာ့ ဘဏ္အေကာင့္ထဲ ေငြမဝင္တဲ့ျပႆနာပဲျဖစ္ပါတယ္။

ဒီျဖစ္ရပ္မွာ လိမ္လည္သူဘက္က Photoshop နည္းပညာကိုအသံုးခ်ၿပီးေငြလႊဲေျပစာအတုျပဳလုပ္ကာလိမ္လည္တာပဲျဖစ္ပါတယ္။ အခုလိုလိမ္တာကိုခံရတဲ့သူအမ်ားစုကေတာ့ ATM Card ေတြနဲ႔ ေငြေခ်ဖို႔စီစဥ္ထားၿပီး ေငြစစ္ဖို႔အတြက္ကိုေတာ့ Bank Account လုပ္မထားပဲ ဘဏ္ဖြင့္ခ်ိန္ ၊ ဒါမွမဟုတ္ ATM စက္ေတြရွိတဲ့ေနရာကိုသြားၿပီးမွသာ ေငြပမာဏစစ္လို႔ရတဲ့သူေတြအမ်ားဆံုးခံရပါတယ္။ တစ္ဖက္က Messenger ကေန ေငြလြဲၿပီးေၾကာင္း ဓာတ္ပံုပို႔လိုက္တဲ့အခါမွာ ယံုၾကည္မိၿပီး တစ္ကယ္ေငြဝင္မဝင္ကို မစစ္ေဆးေတာ့ပဲ ပစၥည္းပို႔ေပးမိလိုက္ေတာ့တာပါပဲ။ လိမ္လည္သူေတြအေနနဲ႔ ဒီလိုအစီအစဥ္ကိုျပဳလုပ္ဖို႔အတြက္ ဘဏ္ပိတ္တဲ့ ရံုးပိတ္ရက္ေတြကိုအမ်ားဆံုးေရြးလုပ္ေလ့ရွိၿပီး ၄င္းတို႔ရဲ႕ေနရပ္ဟာလည္း လိုက္လို႔မလြယ္တဲ့ နယ္ၿမိဳ႕ေတြျဖစ္ေနတတ္ပါတယ္။
ဒီလိုမျဖစ္ေအာင္ ကာကြယ္ရမယ့္နည္းလမ္းကေတာ့ ATM ကဒ္ကို Mobile Banking နဲ႔တြဲဖြင့္ထားေပးဖို႔လိုမွာျဖစ္ပါတယ္။ ဒါမွသာ ေငြဝင္မဝင္ကို ထိုင္ရာကမထပဲ ဖုန္းကေနတစ္ဆင့္ အလြယ္တစ္ကူ လွ်င္ျမန္စြာစစ္ေဆးႏိုင္မွာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ATM ကဒ္ကို တစ္ကဒ္တည္းမထားပဲ လူသံုးမ်ားတဲ့ ATM Card ေတြနဲ႔ Mobile Banking Account ေတြကိုႀကိဳတင္ျပင္ဆင္ၿပီးမွသာ လုပ္ငန္းကို စတင္သင့္ပါတယ္။

အမွတ္စဥ္(၂) ဖုန္းနံပါတ္မ်ားကို က်ပန္း (Random) ဆက္ကာ ပစၥည္းမ်ား လိမ္လည္ေရာင္းခ်ျခင္း
“မဂၤလာပါ ကြ်န္ေတာ္/ကြ်န္မကေတာ့ ဘယ္သူပါ ဘလာ ဘလာ… အစ္ကိုက ကံထူးၿပီး ဘလာ ဘလာ ဘလာ… “ဆိုတဲ့ခ်ိဳသာတဲ့စကားလံုးေလးေတြနဲ႔ မိတ္ဆက္လာရင္ေတာ့သတိႀကီးႀကီးသာထားပါ။ သင္ကံနိမ့္ေနတဲ့အခ်ိန္ေရာက္ေနပါၿပီ။ မၾကာခင္အခ်ိန္အတြင္း လက္ေဆာင္ေတြအမ်ားႀကီးနဲ႔ ဂ်င္းထည့္ခံရေတာ့မွာျဖစ္ပါတယ္။
ဒီလိမ္နည္းကေတာ့ ေထြေထြထူးထူးေျပာဖို႔ေတာင္မလိုေလာက္ေတာ့ပါဘူး။ ျမန္မာႏိုင္ငံအတြင္းမွာ အေတာ္ေလးပ်ံ႔ႏွ႔ံေနတဲ့နည္းလမ္းတစ္ခုျဖစ္ၿပီးအေတာ္မ်ားမ်ားလည္း ရင္းႏွီးၿပီးသားျဖစ္မွာပါ။နာမည္ေတြအမ်ိဳးမ်ိဳးေၿပာင္းၿပီးေရာင္းခ်ေနတဲ့ လူတစ္ဦးနဲ႔ တစ္ဦးကို ဘယ္ေလာက္ေဝးေဝး အသံၾကားေအာင္ ဖန္တီးေပးတဲ့ ပစၥည္းေလးပါ။ ေသခ်ာနားမလည္တဲ့သူအေတာ္မ်ားမ်ားခံရတဲ့ ဂ်င္းႀကီးတစ္ခုလို႔ပဲေျပာရင္းနိဂံုးခ်ဳပ္ပါတယ္။

အမွတ္စဥ္(၃) Email and Social Media မွတစ္ဆင့္ လိမ္လည္ျခင္း
ဒီနည္းလမ္းကေတာ့ လိမ္လည္သူေတြဟာ ျပည္တြင္းကမဟုတ္ပဲ ျပည္ပကေနလုပ္တတ္တဲ့နည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။ ဇာတ္လမ္းတစ္ခု အကြက္က်က်ကဆင္ၿပီးမွလုပ္တာမ်ိဳးပါ။ ပထမဦးဆံုးအေနနဲ႔ အလိမ္ခံရမယ့္သူ (Target) ကိုေသခ်ာေစာင့္ၾကည့္ေလ့လာၿပီးမွေရြးခ်ယ္ပါတယ္။ လိမ္ဖို႔အတြက္ ျမန္မာႏိုင္ငံမွာအမ်ားဆံုးအသံုးျပဳတာကေတာ့ Gmail နဲ႔ Facebook Messenger ေတြကေနတဆင့္စာပို႔ၿပီးလိမ္တာမ်ိဳးုျဖစ္ပါတယ္။ အလိမ္ခံရတဲ့သူေတြဟာ မ်ားေသာအားျဖင့္ အယံုလြယ္သူေတြ ၊ ေငြမက္သူေတြ ၊ ေလာင္းကစားျပဳလုပ္သူေတြအမ်ားစုျဖစ္ပါတယ္။ အလိမ္ခံရသူေတြဟာ ၄င္းတို႔ရဲ႕သေဘာသဘာဝ အက်င့္စရိုက္မ်ားကို Social Network မွာအမ်ားဆံုးေဖာ္ျပေလ့ရွိသူမ်ားျဖစ္ပါတယ္။ ပို႕တဲ့စာထဲမွာပါတဲ့ပံုစံကေတာ့ (ကြ်န္ေတာ္/ကြ်န္မကေတာ့ ဘယ္သူျဖစ္ပါတယ္။ ခုကေတာ့ ဘယ္ႏိုင္ငံမွာေနပါတယ္။ ကြ်န္ေတာ္/ကြ်န္မရဲ႕ အမ်ိဳးသား/သမီးကေတာ့ ျမန္မာႏုိင္ငံကျဖစ္ၿပီး လုပ္ငန္းရွင္တစ္ဦးျဖစ္ေၾကာင္းနဲ႔ ပိုင္ဆိုင္မႈဘယ္ေလာက္ရွိေၾကာင္းေျပာပါလိမ့္မယ္။ အဆိုပါလုပ္ငန္းရွင္ႀကီးဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းက ကြယ္လြန္ခဲ့ၿပီျဖစ္ၿပီး ခုအခ်ိန္မွာေတာ့ ၄င္းရဲ႕ပိုင္ဆိုင္မႈရွယ္ယာေတြကိုျပန္ခြဲယူဖို႔အတြက္ ျမန္မာႏိုင္ငံသားစစ္တစ္ဦးလိုအပ္ေနပါတယ္။ အဲ့အတြက္ေၾကာင့္သင့္ကိုအကူညီေတာင္းရတာျဖစ္ၿပီး ဒီကိစၥမွာပါဝင္ကူညီမယ္ဆိုရင္ေတာ့ တစ္ဝက္တိတိ ခြဲေပးမွာျဖစ္ပါတယ္) အစရွိတဲ့ပံုစံမ်ိဳးအစခ်ီကာ အဂၤလိပ္လိုပို႔လာမွာျဖစ္ပါတယ္။(တျခားသူေတြကိုလည္းမျပဖို႔သတိေပးထားပါေသးတယ္) သူတို႔ပို႔တဲ့အခ်က္အလက္ေတြမွန္ကန္ေၾကာင္း ေရွ႕ေန အေထာက္အထား နဲ႔ စာရြက္စာတမ္း စံုစံုလင္လင္ပို႔ေပးမွာျဖစ္ပါတယ္။ အဲ့ေနာက္မွာေတာ့ ဒီကိစၥမွာပါဝင္မယ္ဆိုရင္ ရံုးလုပ္ငန္းစဥ္ေတြအတြက္ ေငြအနည္းငယ္စိုက္ေပးဖို႔လိုတယ္ဆိုၿပီး ႏိုင္ငံျခားဘဏ္ကိုေငြလႊဲခိုင္းပါလိမ့္မယ္။ ဒီလိုနဲ႕သင္ဟာယံုၾကည္မိၿပီးေငြလႊဲခဲ့မယ္ဆိုရင္ေတာ့ အမွ်ေဝဖို႕ကလြဲၿပီးက်န္တာမရွိေတာ့ပါဘူး။ ဒီနည္းနဲ႔အလိမ္ခံရတဲ့သူေတြကလည္း ျမန္မာႏိုင္ငံမွာ ဒုနဲ႕ေဒးရွိေနၿပီး ကိစၥၿပီးမွရွက္လို႔ ထုတ္မေျပာပဲျငိမ္ခံေနၾကပါတယ္တဲ့။

အခရာရဲ႕ပရိသတ္ေတြထဲမွာေရာ အခုေဖာ္ျပခဲ့တဲ့ နည္းေတြနဲ႔ အလိမ္ခံခဲ့ရဖူးတာရွိလား ဘယ္လို လွလွပပ ေရွာင္ခဲ့လဲ ေျပာျပေပးခဲ့ပါဦး။

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စမတ်ဖုန်းအသုံးပြုတိုင်း သတိထားစောင့်ကြည့်ရမယ့် Social Media နဲ့ အင်တာနက်ပေါ်မှ အလိမ်အညာများ

စမတ်ဖုန်းအသုံးပြုသူတွေ တစ်နေ့တခြား များပြားလာတာနဲ့အမျှ အွန်လိုင်းပေါ်မှာ အလိမ်အညာခံရတဲ့သတင်းတွေလည်း တစ်နေ့တခြား ပိုပိုများပြားလာတာကိုတွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံမှာလည်း စမတ်ဖုန်းနဲ့စပ်ဆက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့အလိမ်ခံနေရတဲ့သတင်းတွေ မကြာခဏဆိုသလို Social Media တွေမှတဆင့်ထွက်ပေါ်လျှက်ရှိပါတယ်။

မြန်မာနိုင်ငံအတွင်း အများဆုံးကြုံတွေ့ရတဲ့ နည်းပညာအသုံးချ ၊ အွန်လိုင်းလိမ်လည်မှုတွေကို စစ်တမ်းကောက်ယူကြည့်တဲ့အခါမှာ အောက်ပါအတိုင်း ပုံစံသုံးမျိုးကိုအများဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်။

(၁)ငွေလွှဲပြီးကြောင်း လိမ်လည်ကာ ပစ္စည်းဝယ်ယူခြင်း
(၂)ဖုန်းနံပါတ်များကို ကျပန်း (Random) ဆက်ကာ ပစ္စည်းများ လိမ်လည်ရောင်းချခြင်း နဲ့
(၃) Email and Social Media မှတစ်ဆင့် လိမ်လည်ခြင်းနဲ့ တို့ပဲဖြစ်ပါတယ်။

အမှတ်စဉ် (၁) ငွေလွှဲပြီးကြောင်း ပြေစာပြလိမ်လည်ကာ ပစ္စည်းဝယ်ယူခြင်း
ဒီလိုလိမ်နည်းကတော့ Online Shopping လုပ်ငန်းလုပ်ကိုင်သူတွေအများဆုံးကြုံတွေ့ရတဲ့ပြဿနာပဲဖြစ်ပါတယ်။ လိမ်လည်သူဘက်က ငွေလွှဲပြီးကြောင်း ပြေစာပြတဲ့အတွက် ပစ္စည်းပို့ပေးလိုက်ပြီး ဘဏ်မှာငွေစစ်ကြည့်တဲ့အခါမှာတော့ ဘဏ်အကောင့်ထဲ ငွေမဝင်တဲ့ပြဿနာပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ လိမ်လည်သူဘက်က Photoshop နည်းပညာကိုအသုံးချပြီးငွေလွှဲပြေစာအတုပြုလုပ်ကာလိမ်လည်တာပဲဖြစ်ပါတယ်။ အခုလိုလိမ်တာကိုခံရတဲ့သူအများစုကတော့ ATM Card တွေနဲ့ ငွေချေဖို့စီစဉ်ထားပြီး ငွေစစ်ဖို့အတွက်ကိုတော့ Bank Account လုပ်မထားပဲ ဘဏ်ဖွင့်ချိန် ၊ ဒါမှမဟုတ် ATM စက်တွေရှိတဲ့နေရာကိုသွားပြီးမှသာ ငွေပမာဏစစ်လို့ရတဲ့သူတွေအများဆုံးခံရပါတယ်။ တစ်ဖက်က Messenger ကနေ ငွေလွဲပြီးကြောင်း ဓာတ်ပုံပို့လိုက်တဲ့အခါမှာ ယုံကြည်မိပြီး တစ်ကယ်ငွေဝင်မဝင်ကို မစစ်ဆေးတော့ပဲ ပစ္စည်းပို့ပေးမိလိုက်တော့တာပါပဲ။ လိမ်လည်သူတွေအနေနဲ့ ဒီလိုအစီအစဉ်ကိုပြုလုပ်ဖို့အတွက် ဘဏ်ပိတ်တဲ့ ရုံးပိတ်ရက်တွေကိုအများဆုံးရွေးလုပ်လေ့ရှိပြီး ၎င်းတို့ရဲ့နေရပ်ဟာလည်း လိုက်လို့မလွယ်တဲ့ နယ်မြို့တွေဖြစ်နေတတ်ပါတယ်။
ဒီလိုမဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းကတော့ ATM ကဒ်ကို Mobile Banking နဲ့တွဲဖွင့်ထားပေးဖို့လိုမှာဖြစ်ပါတယ်။ ဒါမှသာ ငွေဝင်မဝင်ကို ထိုင်ရာကမထပဲ ဖုန်းကနေတစ်ဆင့် အလွယ်တစ်ကူ လျှင်မြန်စွာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ATM ကဒ်ကို တစ်ကဒ်တည်းမထားပဲ လူသုံးများတဲ့ ATM Card တွေနဲ့ Mobile Banking Account တွေကိုကြိုတင်ပြင်ဆင်ပြီးမှသာ လုပ်ငန်းကို စတင်သင့်ပါတယ်။

အမှတ်စဉ်(၂) ဖုန်းနံပါတ်များကို ကျပန်း (Random) ဆက်ကာ ပစ္စည်းများ လိမ်လည်ရောင်းချခြင်း
“မင်္ဂလာပါ ကျွန်တော်/ကျွန်မကတော့ ဘယ်သူပါ ဘလာ ဘလာ… အစ်ကိုက ကံထူးပြီး ဘလာ ဘလာ ဘလာ… “ဆိုတဲ့ချိုသာတဲ့စကားလုံးလေးတွေနဲ့ မိတ်ဆက်လာရင်တော့သတိကြီးကြီးသာထားပါ။ သင်ကံနိမ့်နေတဲ့အချိန်ရောက်နေပါပြီ။ မကြာခင်အချိန်အတွင်း လက်ဆောင်တွေအများကြီးနဲ့ ဂျင်းထည့်ခံရတော့မှာဖြစ်ပါတယ်။
ဒီလိမ်နည်းကတော့ ထွေထွေထူးထူးပြောဖို့တောင်မလိုလောက်တော့ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ အတော်လေးပျံ့နှံ့နေတဲ့နည်းလမ်းတစ်ခုဖြစ်ပြီးအတော်များများလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။နာမည်တွေအမျိုးမျိုးပြောင်းပြီးရောင်းချနေတဲ့ လူတစ်ဦးနဲ့ တစ်ဦးကို ဘယ်လောက်ဝေးဝေး အသံကြားအောင် ဖန်တီးပေးတဲ့ ပစ္စည်းလေးပါ။ သေချာနားမလည်တဲ့သူအတော်များများခံရတဲ့ ဂျင်းကြီးတစ်ခုလို့ပဲပြောရင်းနိဂုံးချုပ်ပါတယ်။

အမှတ်စဉ်(၃) Email and Social Media မှတစ်ဆင့် လိမ်လည်ခြင်း
ဒီနည်းလမ်းကတော့ လိမ်လည်သူတွေဟာ ပြည်တွင်းကမဟုတ်ပဲ ပြည်ပကနေလုပ်တတ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခု အကွက်ကျကျကဆင်ပြီးမှလုပ်တာမျိုးပါ။ ပထမဦးဆုံးအနေနဲ့ အလိမ်ခံရမယ့်သူ (Target) ကိုသေချာစောင့်ကြည့်လေ့လာပြီးမှရွေးချယ်ပါတယ်။ လိမ်ဖို့အတွက် မြန်မာနိုင်ငံမှာအများဆုံးအသုံးပြုတာကတော့ Gmail နဲ့ Facebook Messenger တွေကနေတဆင့်စာပို့ပြီးလိမ်တာမျိုးုဖြစ်ပါတယ်။ အလိမ်ခံရတဲ့သူတွေဟာ များသောအားဖြင့် အယုံလွယ်သူတွေ ၊ ငွေမက်သူတွေ ၊ လောင်းကစားပြုလုပ်သူတွေအများစုဖြစ်ပါတယ်။ အလိမ်ခံရသူတွေဟာ ၎င်းတို့ရဲ့သဘောသဘာဝ အကျင့်စရိုက်များကို Social Network မှာအများဆုံးဖော်ပြလေ့ရှိသူများဖြစ်ပါတယ်။ ပို့တဲ့စာထဲမှာပါတဲ့ပုံစံကတော့ (ကျွန်တော်/ကျွန်မကတော့ ဘယ်သူဖြစ်ပါတယ်။ ခုကတော့ ဘယ်နိုင်ငံမှာနေပါတယ်။ ကျွန်တော်/ကျွန်မရဲ့ အမျိုးသား/သမီးကတော့ မြန်မာနိုင်ငံကဖြစ်ပြီး လုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်းနဲ့ ပိုင်ဆိုင်မှုဘယ်လောက်ရှိကြောင်းပြောပါလိမ့်မယ်။ အဆိုပါလုပ်ငန်းရှင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ကွယ်လွန်ခဲ့ပြီဖြစ်ပြီး ခုအချိန်မှာတော့ ၎င်းရဲ့ပိုင်ဆိုင်မှုရှယ်ယာတွေကိုပြန်ခွဲယူဖို့အတွက် မြန်မာနိုင်ငံသားစစ်တစ်ဦးလိုအပ်နေပါတယ်။ အဲ့အတွက်ကြောင့်သင့်ကိုအကူညီတောင်းရတာဖြစ်ပြီး ဒီကိစ္စမှာပါဝင်ကူညီမယ်ဆိုရင်တော့ တစ်ဝက်တိတိ ခွဲပေးမှာဖြစ်ပါတယ်) အစရှိတဲ့ပုံစံမျိုးအစချီကာ အင်္ဂလိပ်လိုပို့လာမှာဖြစ်ပါတယ်။(တခြားသူတွေကိုလည်းမပြဖို့သတိပေးထားပါသေးတယ်) သူတို့ပို့တဲ့အချက်အလက်တွေမှန်ကန်ကြောင်း ရှေ့နေ အထောက်အထား နဲ့ စာရွက်စာတမ်း စုံစုံလင်လင်ပို့ပေးမှာဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ဒီကိစ္စမှာပါဝင်မယ်ဆိုရင် ရုံးလုပ်ငန်းစဉ်တွေအတွက် ငွေအနည်းငယ်စိုက်ပေးဖို့လိုတယ်ဆိုပြီး နိုင်ငံခြားဘဏ်ကိုငွေလွှဲခိုင်းပါလိမ့်မယ်။ ဒီလိုနဲ့သင်ဟာယုံကြည်မိပြီးငွေလွှဲခဲ့မယ်ဆိုရင်တော့ အမျှဝေဖို့ကလွဲပြီးကျန်တာမရှိတော့ပါဘူး။ ဒီနည်းနဲ့အလိမ်ခံရတဲ့သူတွေကလည်း မြန်မာနိုင်ငံမှာ ဒုနဲ့ဒေးရှိနေပြီး ကိစ္စပြီးမှရှက်လို့ ထုတ်မပြောပဲငြိမ်ခံနေကြပါတယ်တဲ့။

အခရာရဲ့ပရိသတ်တွေထဲမှာရော အခုဖော်ပြခဲ့တဲ့ နည်းတွေနဲ့ အလိမ်ခံခဲ့ရဖူးတာရှိလား ဘယ်လို လှလှပပ ရှောင်ခဲ့လဲ ပြောပြပေးခဲ့ပါဦး။

Phone Hay Ko (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။