[Zawgyi] 
Ready Player One – (2018)
Passengers – (2016)
Tomorrowland – (2015)
Her – (2013) 
Minority Report – (2002)
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
ရုံးပိတ်ရက်မှာ Tech နဲ့ ပတ်သက်ပြီး ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတွေ
ရုပ်ရှင်နဲ့ပတ်သက်လာရင် စိတ်ဝင်စားဖို့ကောင်းတာတွေ အများကြီးပါ။ အဲ့ဒီအထဲကမှ Tech နဲ့ပတ်သက်ပြီး ရုပ်ရှင်ကောင်းကောင်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့ရင်းနှီးပြီးသားဖြစ်တဲ့ AI တွေ၊ Software ပိုင်းတွေ၊ Social Newtork တွေနဲ့ Internet ဆိုတာတွေကို စုပေါင်းပြီး တစ်ထောင့်စီထည့်ရိုက်ထားတဲ့ ရုပ်ရှင်ကောင်းကောင်းတွေ အများကြီးပါပဲ။ အဲ့ဒီလို ရုပ်ရှင်တွေ အများကြီးထဲက ကြည့်လို့လည်းကောင်း၊ ကြည့်လည်းကြည့်သင့်တာတွေကို ရွေးပေးလိုက်ပါတယ်။ 
Ready Player One – (2018)
ဒီဇာတ်ကားကတော့ Tech နဲ့ပတ်သက်ပြီး ပစ္စည်းတွေ၊ နည်းပညာတွေ အများကြီးသုံးထားတာတွေ့ရမယ့်ဇာတ်လမ်းပါပဲ။ Tech နဲ့ပတ်သက်တဲ့ပစ္စည်းတွေ၊ ကားတွေနဲ့ Virtual Reality တွေကို အားလုံးရောထားပြီး အရသာရှိရှိ အချိန်အဆက်မိမိကြည့်နိုင်မယ့် ဇာတ်ကားဖြစ်လို့ ဒီဇာတ်ကားကတော့ Tech Geek တွေ၊ Car Geek တွေနဲ့ Gamer တွေကိုကောင်းကောင်း ဆွဲဆောင်နိုင်မယ့်ဇာတ်ကားပါပဲ။ ဇာတ်လမ်းကိုတော့ OASIS ဆိုတဲ့ Virtual World တစ်ခုကို အဓိကဦးစားပေးပြီး ရိုက်ထားတာကြောင့် ကြည့်ရတာ တော်တော်လေး အမြင်ဆန်းနေပြီး အားရဖို့ကောင်းပါတယ်။ 
Passengers – (2016)
ဒီဇာတ်ကားကတော့ Outer Space မှာ ဖြစ်သွားတဲ့အဖြစ်အပျက်တွေကို ကောင်းကောင်းရိုက်ပြထားတဲ့ကားပါ။ Automated System တွေ၊ AI တွေ၊ Android တွေပါတဲ့ Spaceship အကြီးကြီးတစ်ခုပေါ်မှာ ချို့ယွင်းမှုတွေဖြစ်သွားတဲ့အခါ ဘယ်လိုနေမလဲဆိုတာကို စိတ်ကူးယဉ်ဇာတ်လမ်းဖွဲ့ထားပြီး ရိုက်ပြထားတာကြောင့် ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းတစ်ခုပါပဲ။ ဒီဇာတ်ကားမှာလည်း Sony ရဲ့စိတ်ကူးယဉ် Gadget အဆန်းတွေ တွေ့ရမှာပါ။ 
Tomorrowland – (2015)
ဒါကလည်း အပေါ်ကပြောခဲ့တဲ့ Reday Player One ဆန်ဆန်ပါပဲ။ ဒီဇာတ်ကားမှာလည်း လက်ရှိနေတဲ့ ကမ္ဘာနဲ့ တခြား Hidden ကမ္ဘာတစ်ခုက တစ်နေရာတည်းမှာ ရှိနေတာကို ကောင်းကောင်းရိုက်ပြထားတာပါ။ စိတ်ဝင်စားဖို့ကောင်းပြီး အကြိမ်ကြိမ်ကြည့်ုလို့ကောင်းတဲ့ ဇာတ်လမ်းတွေထဲမှာပါပါတယ်။ 
Her – (2013) 
Director Spike Jonze ရိုက်ကူးထားတဲ့ Her ကတော့ အပေါ်ရံကြည့်လိုက်မယ်ဆိုရင် Romantic Drama ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ ဒါပေမယ့် ဇာတ်ကားထဲက အဓိက ဇာတ်ကောင်ဖြစ်တဲ့ Samantha ကြောင့် ဇာတ်ကားက စိတ်ဝင်စားဖိုု့ကောင်းသွားတာပါ။ Samantha က လူမဟုတ်ဘဲ OS တစ်ခုက AI ဖြစ်နေပါတယ်။ Theodore Twombly ဆိုတဲ့ တကယ့်လူအစစ်နဲ့ Samantha တို့ကြားမှာဖြစ်လာတဲ့ Romantic ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ Spoil မလုပ်တော့ပါဘူး။ Oscar ဆူတွေလည်း ရထားတဲ့ဇာတ်ကားဖြစ်တာကြောင့် ကိုယ်တိုင် ခံစားကြည့်သင့်ပါတယ်။ 
Minority Report – (2002)
ဆယ်စုနှစ်တစ်ခုကျော် ကြာနေပြီဖြစ်ပေမယ့် ဒီဖက် ၂၀၁၇ နဲ့ ၂၀၁၈ ပိုင်းတွေမှ ကောင်းကောင်းမြင်ရတဲ့ နည်းပညာတွေကို ဇာတ်လမ်းထဲမှာ ထည့်သုံးပေးသွားတာ တော်တော်လေး အားရဖို့ကောင်းပါတယ်။ Motion Sensing Gadget တွေ၊ Smart ဖြစ်တဲ့ ဈေးဆိုင်လိုမျိုးတွေကို ဒီဇာတ်ကားထဲမှာ ကောင်းကောင်းတွေ့ရမှာပါ။ ဒီဇာတ်ကားမှာတော့ Tom Cruise က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပြီး ဇာတ်အိမ်က လာမယ့် ၂၀၅၄ ခုနှစ်ကို စိတ်ကူးယဉ်ပြီး ဖွဲ့စဉ်းပေးထားတာပါ။ Tech နဲ့ပတ်သက်ပြီး ကောင်းကောင်းခံစားချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားက ကြည့်ကိုကြည့်သင့်ပါတယ်။ 
ဒီဇာတ်ကားတွေကတော့ အားလုံးကြည့်လို့ကောင်းတဲ့ဇာတ်ကားတွေဖြစ်လို့ Akhayar-Tech ပရိသတ်ကြီးလည်း သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။