[Zawgyi]

နည္းပညာကုမၸဏီႀကီးေတြက သူတုိ႔ရဲ႕ CEO ေတြအတြက္ လုံျခံဳေရးစရိတ္ဘယ္ေလာက္သုံးရလဲ

နည္းပညာကုမၸဏီႀကီးေတြမွာ ဦးေဆာင္ရတဲ့ CEO ေတြရဲ႕အခန္းက႑ကလည္း အေရးပါလြန္းတယ္။ သူတုိ႔ေတြရဲ႕အရည္အခ်င္းေၾကာင့္သာ မဟုတ္ရင္ ကုမၸဏီႀကီးဟာ ဒီေလာက္ေအာင္ျမင္စရာမရွိဘူးေလ။ ဒါ့ေၾကာင့္ ကုမၸဏီႀကီးေတြအေနနဲ႔ သူတုိ႔ေတြရဲ႕လုံျခံဳေရးကုိ အထူးဂရုစုိက္ရတာျဖစ္ပါတယ္။ လုံျခံဳေရးအတြက္ ေငြေၾကးဘယ္ေလာက္သုံးခဲ့ရတယ္ထင္လဲ။

(၅) Larry Ellison

Larry Ellison ဟာ Oracle Corporation မွာ CEO ရာထူးကုိ ၂ဝ၁၄ခုႏွစ္မွာ ႏႈတ္ထြက္ခဲ့ၿပီး Executive Chairman အေနနဲ႔ တာဝန္ယူေနတာျဖစ္ပါတယ္။ Oracle ရဲ႕ တည္ေထာင္သူလည္း ျဖစ္တဲ့ Larry Ellison ရဲ႕လုံျခံဳေရးကုိ ကုမၸဏီက အထူးဂရုစုိက္ၿပီး တစ္ႏွစ္ကုိ ေဒၚလာ ၁.၅သန္း သုံးခဲ့ပါတယ္။ လစာအျပင္ သီးျခားခံစားခြင့္အေနနဲ႔ ကုမၸဏီက သုံးခဲ့ရတာပါ။

(၄) Sundar Pichai

Google ဟာ CEO ျဖစ္တဲ့ Sundar Pichai အတြက္ လုပ္ခလစာ အမ်ားႀကီးေပးရတဲ့အျပင္ သူစိတ္ေက်နပ္ေအာင္ ရွယ္ယာေတြလည္း ခြဲေဝေပးရပါတယ္။ ဒါေတာင္မွ သူ႕လုံျခံဳေရးအတြက္ တစ္ႏွစ္မွာ ၆၈၃,၅၅၇ ေဒၚလာ သုံးခဲ့ပါေသးတယ္။ ၉၃ ရာခုိင္ႏႈန္းကုိ လုံျခံဳေရးအရ သုံးခဲ့ရတာျဖစ္ၿပီး ၇ရာခုိင္ႏႈန္းကုိေတာ့ ခရီးထြက္ရင္ ေလယာဥ္စင္းလုံးငွားတဲ့ေနရာမွာ သုံးခဲ့ရတာပါ။

(၃) Tim Cook

Tim Cook ဟာ Steve Jobs ရွိစဥ္ကတည္းက Apple မွာ လုပ္ကုိင္ခဲ့တဲ့ လူယုံတစ္ေယာက္ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ CEO တစ္ေယာက္ျဖစ္ေနပါၿပီ။ ၿပီးခဲ့တဲ့အပတ္ကပဲ သူ႕ရဲ႕စြမ္းေဆာင္ရည္ေတြေၾကာင့္ ကုမၸဏီဟာ သူ႕အတြက္ ေဒၚလာ သန္း ၁၂ဝတန္ ရွယ္ယာေတြကုိ ခြဲေဝေပးခဲ့ပါေသးတယ္။ ဒါ့အျပင္ Apple ကုမၸဏီဟာ သူ႕ရဲ႕လုံျခံဳေရးအတြက္ မႏွစ္တုန္းက ၂၂၄,၂၁၆ ေဒၚလာ အသုံးျပဳခဲ့ပါတယ္။

(၂) Jeff Bezos

Amazon ဟာ ထိပ္တန္းနည္းပညာကုမၸဏီႀကီးျဖစ္ေနတာ တည္ေထာင္သူ Jeff Bezos ရဲ႕အရည္အခ်င္းကိ ေမ့ထားလုိ႔မရပါဘူး။ သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈဟာ ၁၁၂ ဘီလီယံအထိရွိၿပီး ကမၻာ့အခ်မ္းသာဆုံးသူေဌးႀကီးျဖစ္ပါတယ္။ အထက္လူႀကီးအေနနဲ႔ သူ႕ရဲ႕လုံျခံဳေရးစရိတ္နဲ႔ ခရီးစရိတ္ေတြကုိ ကုမၸဏီက ေထာက္ပံ့ေပးရတာျဖစ္ပါတယ္။ ၂ဝ၁ဝခုႏွစ္မွာ Jeff Bezos ရဲ႕လုံျခံဳေရးအတြက္ ၁.၆ သန္းအသုံးျပဳခဲ့ရတယ္လုိ႔ သိရပါတယ္။

(၁) Mark Zuckerberg

Facebook မွာ ရွယ္ယာယူနစ္ေတြ အမ်ားႀကီးပုိင္ဆုိင္ထားတဲ့ Mark Zuckerberg ဟာ တစ္ႏွစ္လစာ ၁ေဒၚလာသာ ယူေပမယ့္ လုံျခံဳေရးနဲ႔ ခရီးသြားစရိတ္ကုိေတာ့ ေထာက္ပံ့ေပးရပါတယ္။ ၂ဝ၁၇ခုႏွစ္မွာ သူ႕ရဲ႕လုံျခံဳေရးအတြက္ ေဒၚလာ ၇.၃သန္း သုံးခဲ့တယ္လုိ႔ သိရၿပီး ၂ဝ၁၈ခုႏွစ္မွာေတာ့ ၁ဝသန္းအထိ တုိးျမွင့္အသုံးျပဳခဲ့ပါတယ္။

Mark Zuckerberg ရဲ႕လုံုျခံဳေရးအတြက္ ေငြေၾကးအမ်ားဆုံးအသုံးျပဳတဲ့ ကုမၸဏီဟာ Facebook ပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

နည်းပညာကုမ္ပဏီကြီးတွေက သူတို့ရဲ့ CEO တွေအတွက် လုံခြုံရေးစရိတ်ဘယ်လောက်သုံးရလဲ

နည်းပညာကုမ္ပဏီကြီးတွေမှာ ဦးဆောင်ရတဲ့ CEO တွေရဲ့အခန်းကဏ္ဍကလည်း အရေးပါလွန်းတယ်။ သူတို့တွေရဲ့အရည်အချင်းကြောင့်သာ မဟုတ်ရင် ကုမ္ပဏီကြီးဟာ ဒီလောက်အောင်မြင်စရာမရှိဘူးလေ။ ဒါ့ကြောင့် ကုမ္ပဏီကြီးတွေအနေနဲ့ သူတို့တွေရဲ့လုံခြုံရေးကို အထူးဂရုစိုက်ရတာဖြစ်ပါတယ်။ လုံခြုံရေးအတွက် ငွေကြေးဘယ်လောက်သုံးခဲ့ရတယ်ထင်လဲ။

(၅) Larry Ellison

Larry Ellison ဟာ Oracle Corporation မှာ CEO ရာထူးကို ၂ဝ၁၄ခုနှစ်မှာ နှုတ်ထွက်ခဲ့ပြီး Executive Chairman အနေနဲ့ တာဝန်ယူနေတာဖြစ်ပါတယ်။ Oracle ရဲ့ တည်ထောင်သူလည်း ဖြစ်တဲ့ Larry Ellison ရဲ့လုံခြုံရေးကို ကုမ္ပဏီက အထူးဂရုစိုက်ပြီး တစ်နှစ်ကို ဒေါ်လာ ၁.၅သန်း သုံးခဲ့ပါတယ်။ လစာအပြင် သီးခြားခံစားခွင့်အနေနဲ့ ကုမ္ပဏီက သုံးခဲ့ရတာပါ။

(၄) Sundar Pichai

Google ဟာ CEO ဖြစ်တဲ့ Sundar Pichai အတွက် လုပ်ခလစာ အများကြီးပေးရတဲ့အပြင် သူစိတ်ကျေနပ်အောင် ရှယ်ယာတွေလည်း ခွဲဝေပေးရပါတယ်။ ဒါတောင်မှ သူ့လုံခြုံရေးအတွက် တစ်နှစ်မှာ ၆၈၃,၅၅၇ ဒေါ်လာ သုံးခဲ့ပါသေးတယ်။ ၉၃ ရာခိုင်နှုန်းကို လုံခြုံရေးအရ သုံးခဲ့ရတာဖြစ်ပြီး ၇ရာခိုင်နှုန်းကိုတော့ ခရီးထွက်ရင် လေယာဉ်စင်းလုံးငှားတဲ့နေရာမှာ သုံးခဲ့ရတာပါ။

(၃) Tim Cook

Tim Cook ဟာ Steve Jobs ရှိစဉ်ကတည်းက Apple မှာ လုပ်ကိုင်ခဲ့တဲ့ လူယုံတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ CEO တစ်ယောက်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့အပတ်ကပဲ သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ကုမ္ပဏီဟာ သူ့အတွက် ဒေါ်လာ သန်း ၁၂ဝတန် ရှယ်ယာတွေကို ခွဲဝေပေးခဲ့ပါသေးတယ်။ ဒါ့အပြင် Apple ကုမ္ပဏီဟာ သူ့ရဲ့လုံခြုံရေးအတွက် မနှစ်တုန်းက ၂၂၄,၂၁၆ ဒေါ်လာ အသုံးပြုခဲ့ပါတယ်။

(၂) Jeff Bezos

Amazon ဟာ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးဖြစ်နေတာ တည်ထောင်သူ Jeff Bezos ရဲ့အရည်အချင်းကိ မေ့ထားလို့မရပါဘူး။ သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ ၁၁၂ ဘီလီယံအထိရှိပြီး ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်ပါတယ်။ အထက်လူကြီးအနေနဲ့ သူ့ရဲ့လုံခြုံရေးစရိတ်နဲ့ ခရီးစရိတ်တွေကို ကုမ္ပဏီက ထောက်ပံ့ပေးရတာဖြစ်ပါတယ်။ ၂ဝ၁ဝခုနှစ်မှာ Jeff Bezos ရဲ့လုံခြုံရေးအတွက် ၁.၆ သန်းအသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

(၁) Mark Zuckerberg

Facebook မှာ ရှယ်ယာယူနစ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ Mark Zuckerberg ဟာ တစ်နှစ်လစာ ၁ဒေါ်လာသာ ယူပေမယ့် လုံခြုံရေးနဲ့ ခရီးသွားစရိတ်ကိုတော့ ထောက်ပံ့ပေးရပါတယ်။ ၂ဝ၁၇ခုနှစ်မှာ သူ့ရဲ့လုံခြုံရေးအတွက် ဒေါ်လာ ၇.၃သန်း သုံးခဲ့တယ်လို့ သိရပြီး ၂ဝ၁၈ခုနှစ်မှာတော့ ၁ဝသန်းအထိ တိုးမြှင့်အသုံးပြုခဲ့ပါတယ်။

Mark Zuckerberg ရဲ့လုံခြုံရေးအတွက် ငွေကြေးအများဆုံးအသုံးပြုတဲ့ ကုမ္ပဏီဟာ Facebook ပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com