Linkedin ရဲ့ပြီးခဲ့တဲ့အပတ်ကြာသာပတေးကပြုလုပ်တဲ့ စစ်တမ်းတွေအရ အမေရိကမှာ အလုပ်လုပ်တဲ့သူတွေ စိတ်ဝင်စားတဲ့အများစုဟာနည်းပညာကုမ္ပဏီတွေဖြစ်တယ်လို့သိရပါတယ်။ Linkedin ရဲ့ဒီစစ်တမ်းဟာ အသုံးပြုသူတွေ အများဆုံးကြည့်တဲ့ Company အပ်ါမှာအခြေခံပြီး စာရင်းပြုလုပ်ထားတာဖြစ်ပါတယ်။ ဘယ်နည်းပညာကုမ္ပဏီတွေလည်းဆိုတာ အခရာပရိတ်သတ်တွေ သိရအောင် ဖော်ပြပေးလိုက်ပါတယ်။

Alphabet

(https://careers.google.com/locations/sing/)

Alphabet ဟာ Software နဲ့ Search Engine မှာဆရာတစ်ဆူဖြစ်တဲ့ Google ၊ Google Fiber ၊ X ၊ Verily နဲ့ မောင်းသူမဲ့ ကားကုမ္ပဏီ Waymo တို့ရဲ့ပင်မ ကုမ္ပဏီဖြစ်ပါတယ်။ Alphbet မှာဝန်ထမ်းပေါင်း ၇၂,၀၀၀ ခန့်ရှိပြီး အလုပ်သမားများအတွက် များပြားလှတဲ့အခွင့်အလမ်းတွေကြောင့် အလုပ်ရှာဖွေသူတွေရဲ့ ထိပ်ဆုံးစာရင်းမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Amazon

(https://www.amazon.jobs)

Seattle အခြေစိုက် နာမည်ကျော် Online ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Amazonကတော့ ဒုတိယနေရာမှာရပ်တည်နေတဲ့ Company တစ်ခုဖြစ်ပါတယ်။ တခြားလုပ်ငန်းတွေဖြစ်တဲ့ Food Delivery ၊ Online Advertising ၊ Original TV Shows & Movies တွေကိုပါ တဖြည်းတဖြည်း စတင်လုပ်ကိုင်လာတာတာကိုတွေ့ရပါတယ်။

Facebook

( http://www.facebook.jobs/#1 )

နာမည်ကြီးFacebook ကတော့ နည်းပညာကုမ္ပဏီမှာလုပ်ကိုင်ချင်သူတွေရဲ့ နံပါတ်၃ နေရာမှာ ရပ်တည်နေ တာကိုတွေ့ရပါတယ်။ Linkedin ကနေ Facebook မှာအလုပ်လုပ်ချင်တဲ့သူတွေကို ညွန်းထားတဲ့ Position တွေကတော့ Software Engineering ၊ Infrastructure ၊ Machine Learning ၊ Data Analytics နဲ့ Marketing တို့ဖြစ်ပါတယ်။

Sales Force

( https://www.salesforce.com/company/careers/ )

Cloud Computing ကုမ္ပဏီတစ်ခုဖြစ်တဲ့ Salesforce မှာလိုအပ်နေတဲ့အပိုင်းကတော့ Sales ၊ Marketingနဲ့ Customer Software တို့ဖြစ်ပါတယ်။ San Francisco အခြေစိုက်ဒီကုမ္ပဏီမှာတော့ ၀န်ထမ်းပေါင်း ၂၅,၀၀၀ ခန့်ရှိပါတယ်။

Uber

(https://join.uber.com/)

ဒီစာရင်းမှာထူးခြားတာကတော့ နည်းပညာကုမ္ပဏီစစ်စစ်မဟုတ်တဲ့ UBER ပါဝင်လာတာပါပဲ။ ခုဆိုရင်နိုင်ငံတော်တော်များများမှာ UBER ဟာသူတို့ရဲ့ Taxi Servie ကုမ္ပဏီခွဲတွေ ဖွင့်လှစ်လာတာကိုတွေ့ရမှာပါ။ အလုပ်သမားခံစားခွင့်အပါအ၀င် တခြားအခွင့်အလမ်းအများအပြားရှိတာကြောင့် UBER မှာအလုပ်လုပ်ချင်တဲ့သူတွေ များပြားပါတယ်။

Tesla

(https://www.tesla.com/careers)

Palo Alto အခြေစိုက် ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla မှာဝန်ထမ်းပေါင်း ၃၀,၀၀၀ ရှိတဲ့အပြင် လိုအပ်နေတဲ့ရာထူးအတွက် လစ်လပ်နေရာပေါင်း ၂၅၀၀ ကိုတစ်ကမ္ဘာလုံး အနှံ့ခေါ်ယူထားပါတယ်။ Energy Advisor နဲ့ Thermal Systems Aerodynamicist စတဲ့ ရာထူးတွေကိုပါ ခေါ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် Tesla ဟာ စွမ်းအင်ထိန်းသိမ်း ဖို့နဲ့ နေရောင်ခြည်စွမ်းအင် နဲ့မောင်းနှင်နိုင်တဲ့ကား ထုတ်လုပ်ရေးအတွက် ရည်ရွယ်ထားကြောင်းသိရပါတယ်။

Apple

(https://www.apple.com/jobs/us/)

နာမည်ကြီးလှတဲ့ iPhone ၊ iPad နဲ့ MacBook ဈေးကွက်မှာရှိတဲ့ နည်းပညာ ဆရာတစ်ဆူ Apple မှာလည်း အလုပ်လုပ်ကိုင်ချင်သူတွေများပြားလှပါတယ်။ ဒါ့အပြင် အိန္ဒိယမှာ iPhone ထုတ်လုပ်မယ့်စီမံကိန်းအတွက် လစ်လပ်နေရာအများအပြားရှိတယ်လို့သိရပါတယ်။

Netflix

(https://jobs.netflix.com/jobs)

လူတိုင်းအလုပ်လုပ်ချင်ကြတဲ့ကုမ္ပဏီ စာရင်းထဲမှာ Netflix လည်းအပါအ၀င်ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတိုးတက်လာတဲ့ နာမည်ကျော် Streaming Platform ကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ ၀န်ထမ်းပေါင်း ၃၂၀၀ ခန့်ရှိပါတယ်။ Netflix ဟာလည်း တိုတို့ရဲ့ ဗီဒီယိုထုတ်လုပ်ရေးအပိုင်းနဲ့ Original Content Library ကိုပိုမိုတိုးတက်အောင်လုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။

Jan (Akhayar)

Ref: Business Insider