[Zawgyi]

ဆယ္ေက်ာ္သက္ေတြရဲ႕ PUBG ကစားခ်ိန္ကိုကန္႔သတ္ေတာ့မယ့္ Tencent Games

တရုတ္အစိုးရကေတာ့ ဆယ္ေက်ာ္သက္ေတြကို စမတ္ဖုန္းတစ္လုံးနဲ႔ အခ်ိန္မကုန္ေစခ်င္ဘူးထင္ပါတယ္၊ သူေတြးမိတာလည္း မွန္ပါတယ္။ အခုခ်ိန္က Mobile Legends နဲ႔ PUBG လို ဂိိမ္းမ်ိဳးေတြ အရမ္းေခတ္စားေနတာဆိုေတာ့ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ကစားၾကရင္း အခ်ိန္ကုန္ေနသူရွိသလို တခ်ိဳ႕စြဲလမ္းသြားၾကသူေတြလည္း ရွိပါတယ္။

Tecent Groups

အဲ့သလို မျဖစ္ေစဖို႔ က်န္းမာေရးရႈေဒါင့္ကေန ညြန္ၾကားခ်က္ေတြ ထုတ္ျပန္ေပးထားေပမယ့္ တကယ္တမ္းလိုက္နာဖို႔က် ထင္သေလာက္မလြယ္ကူပါဘူး။ အထူးသျဖင့္ အသက္မျပည့္ေသးတဲ့ ဆယ္ေက်ာ္သက္အရြယ္ေတြ ရည္ရြယ္ျပီး ဂိမ္းကစားခ်ိန္သတ္မွတ္ဖို႔ Tencent Groups ကိုဖိအားေပးခဲ့ပါတယ္။ Tencent အေနနဲ႔ ဘယ္လိုအခ်ိန္မွာ ဂိမ္းကစားရမယ္ဆိုျပီး Time Management လုပ္ေပမယ့္ တရုတ္လူငယ္၊ လူလည္ေတြကို မထိန္းႏိုင္ခဲ့ပါဘူး။

Popular PUBG Mobile Game

အဲ့ဒါေၾကာင့္ နည္းအမ်ိဳးမ်ိဳးနဲ႔ စမ္းသပ္ခဲ့ရာကေန အခုဆိုရင္ User ID သုံးျပီး ဂိမ္းကစားခ်ိန္ ကန္႔သတ္ေတာ့မယ္ဆိုတာပါ၊ အသက္ ၁၂ ႏွစ္ေအာက္ ကေလးငယ္အားလုံး တစ္ေန႔ကို ၁ နာရီပဲ ဂိမ္းကစားႏိုင္မွာျဖစ္ျပီး ၁၃ ႏွစ္နဲ႔ ၁၈ ႏွစ္အၾကားကေတာ့ ၂ နာရီပဲကစားခြင့္ရွိမွာပါ။ ဒီ Teenager ေတြကေတာ့ မနက္ ၈နာရီကေန ည ၉ နာရီအတြင္းပဲ ကစားလို႔ရမွာျဖစ္ျပီး ဂိမ္းမကစားခင္ Verification လုပ္ရမယ္၊ အဲ့ဒီ Database ကတဆင့္ ဂိမ္းကစားခ်ိန္ သတ္မွတ္ေပးသြားမယ္ဆိုပါတယ္။

Kid playing Honor of Kings Mobile Game

ဒီလုပ္ပိုင္ခြင့္နဲ႔ ပတ္သက္လို႔ အစိုးရသတ္မွတ္ေပးတာဆိုေတာ့ Tecent အေနနဲ႔လည္း ျငင္းဆန္လို႔ မရပါဘူး၊ ဘယ္လိုမ်ိဳး User Verification လုပ္မယ္ ေျပာမထားေပမယ့္ ဒီအစီစဥ္ထဲမွာ Tecent Games ၁၀ မ်ိဳးပါဝင္လာမွာျဖစ္ျပီး အခုခ်ိန္မွာေတာ့ Honor of Kings ဂိမ္းနဲ႔ Beta Testing စတင္ေနျပီလို႔သိရပါတယ္။ ဒီလိုမ်ိဳး ဂိမ္းကစားခ်ိန္ ကန္႔သတ္လိုက္တာက က်န္းမာေရးရႈေဒါင့္ကၾကည့္ရင္ ေကာင္းတယ္ဆိုေပမယ့္လို႔ PUBG ထဲကလို အျပင္မွာလည္း တကယ္အသက္ဝင္သြားေအာင္ တမင္ Restrict လုပ္လိုက္တာလား မေျပာတတ္ေတာ့ပါဘူး။

2B (Akhayar)
www.akhayar.com

[Unicode]

ဆယ်ကျော်သက်တွေရဲ့ PUBG ကစားချိန်ကိုကန့်သတ်တော့မယ့် Tencent Games

တရုတ်အစိုးရကတော့ ဆယ်ကျော်သက်တွေကို စမတ်ဖုန်းတစ်လုံးနဲ့ အချိန်မကုန်စေချင်ဘူးထင်ပါတယ်၊ သူတွေးမိတာလည်း မှန်ပါတယ်။ အခုချိန်က Mobile Legends နဲ့ PUBG လို ဂိမ်းမျိုးတွေ အရမ်းခေတ်စားနေတာဆိုတော့ တစ်မျိုးမဟုတ်တစ်မျိုး ကစားကြရင်း အချိန်ကုန်နေသူရှိသလို တချို့စွဲလမ်းသွားကြသူတွေလည်း ရှိပါတယ်။

Tecent Groups

အဲ့သလို မဖြစ်စေဖို့ ကျန်းမာရေးရှုဒေါင့်ကနေ ညွန်ကြားချက်တွေ ထုတ်ပြန်ပေးထားပေမယ့် တကယ်တမ်းလိုက်နာဖို့ကျ ထင်သလောက်မလွယ်ကူပါဘူး။ အထူးသဖြင့် အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ်တွေ ရည်ရွယ်ပြီး ဂိမ်းကစားချိန်သတ်မှတ်ဖို့ Tencent Groups ကိုဖိအားပေးခဲ့ပါတယ်။ Tencent အနေနဲ့ ဘယ်လိုအချိန်မှာ ဂိမ်းကစားရမယ်ဆိုပြီး Time Management လုပ်ပေမယ့် တရုတ်လူငယ်၊ လူလည်တွေကို မထိန်းနိုင်ခဲ့ပါဘူး။

Popular PUBG Mobile Game

အဲ့ဒါကြောင့် နည်းအမျိုးမျိုးနဲ့ စမ်းသပ်ခဲ့ရာကနေ အခုဆိုရင် User ID သုံးပြီး ဂိမ်းကစားချိန် ကန့်သတ်တော့မယ်ဆိုတာပါ၊ အသက် ၁၂ နှစ်အောက် ကလေးငယ်အားလုံး တစ်နေ့ကို ၁ နာရီပဲ ဂိမ်းကစားနိုင်မှာဖြစ်ပြီး ၁၃ နှစ်နဲ့ ၁၈ နှစ်အကြားကတော့ ၂ နာရီပဲကစားခွင့်ရှိမှာပါ။ ဒီ Teenager တွေကတော့ မနက် ၈နာရီကနေ ည ၉ နာရီအတွင်းပဲ ကစားလို့ရမှာဖြစ်ပြီး ဂိမ်းမကစားခင် Verification လုပ်ရမယ်၊ အဲ့ဒီ Database ကတဆင့် ဂိမ်းကစားချိန် သတ်မှတ်ပေးသွားမယ်ဆိုပါတယ်။

Kid playing Honor of Kings Mobile Game

ဒီလုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ အစိုးရသတ်မှတ်ပေးတာဆိုတော့ Tecent အနေနဲ့လည်း ငြင်းဆန်လို့ မရပါဘူး၊ ဘယ်လိုမျိုး User Verification လုပ်မယ် ပြောမထားပေမယ့် ဒီအစီစဉ်ထဲမှာ Tecent Games ၁၀ မျိုးပါဝင်လာမှာဖြစ်ပြီး အခုချိန်မှာတော့ Honor of Kings ဂိမ်းနဲ့ Beta Testing စတင်နေပြီလို့သိရပါတယ်။ ဒီလိုမျိုး ဂိမ်းကစားချိန် ကန့်သတ်လိုက်တာက ကျန်းမာရေးရှုဒေါင့်ကကြည့်ရင် ကောင်းတယ်ဆိုပေမယ့်လို့ PUBG ထဲကလို အပြင်မှာလည်း တကယ်အသက်ဝင်သွားအောင် တမင် Restrict လုပ်လိုက်တာလား မပြောတတ်တော့ပါဘူး။

2B (Akhayar)
www.akhayar.com