[Zawgyi]

Taylor Swift ရဲ့ အသားတင္ပုိင္ဆိုင္မႈတန္ဖိုး ဘယ္ေလာက္ရွိေနျပီလဲ

Taylor Swift ရဲ့ ေငြရွာႏႈန္း၊ သူ႔ အယ္လ္ဘမ္ေတြရဲ့ ေရာင္းအားအရ သူဟာ ၾကြယ္ဝခ်မ္းသာတဲ့ နာမည္ၾကီး အႏုပညာရွင္တစ္ေယာက္ဆုိတာ သိၾကမွာပါ။ သူဘာေတြ ဘယ္ေလာက္ၾကြယ္ဝလဲ အေသးစိတ္တစ္ခ်က္ၾကည့္လို္က္ရေအာင္။

အယ္လ္ဘမ္ေရာင္းရေငြ

Taylor Swift Album Cover

Taylor Swift Album Cover

Reputation Album Cover

Reputation Album Cover

သူ႔ရဲ့ အယ္လ္ဘမ္ေတြ ျဖစ္တဲ့ Taylor Swift ၊ Fearless ၊ Speak Now ၊ Red ၊ 1989 နဲ႔ Reputation တို႔ရဲ့ ဝင္ေငြဟာ ေဒၚလာ သန္းဆယ္ခ်ီရွိေနပါတယ္။ အေမရိကန္ႏုိင္ငံရဲ့ Recording Industry Association အရဆုိရင္ Taylor အတြက္ သူ႔ရဲ့ Digital Singles အေနနဲ႔ ေရာင္းရေငြဟာ ေဒၚလာ ၁၀၈.၅ သန္းရွိျပီး Album ေရာင္းရေငြကေတာ့ ေဒၚလာ  ၄၁.၅ သန္းရွိေနပါတယ္။

Reputation အေခြရဲ့ သက္ေရာက္မႈ

Taylor ရဲ့ Reputation အေခြဟာ ၂၀၁၇ ခုႏွစ္ရဲ့ အေရာင္းရဆံုး အယ္လ္ဘမ္ျဖစ္ခဲ့ျပီး ထြက္ရွိျပီး ပထမ ၁လခြဲအတြင္းမွာ ေဒၚလာ ၁.၉ သန္းဖိုး ေရာင္းခ်ရခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ မတ္လအကုနု္မွာေတာ့ အေမရိကန္မွာပဲ ေရာင္းရေငြ ေဒၚလာ ၂ သန္းရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါဟာ Adele ရဲ့ ၂၀၁၅ ခုနွစ္က ထြက္ရွိခဲ့တဲ့ ‘25’ Album အျပီးမွာ ဘယ္သူမွ မလုပ္ႏုိင္ခဲ့တဲ့ စံခ်ိန္ျဖစ္ပါတယ္။

Reputation ကမာၻလွည့္ေဖ်ာ္ေျဖပြဲ

Reputation ေဖ်ာ္ေျဖပြဲ

Reputation ေဖ်ာ္ေျဖပြဲ

အေခြထြက္ရွိအျပီးမွာ ဆက္စီစဥ္ခဲ့တဲ့ Reputation World Tour ဟာလည္း အခုဆိုရင္ ေဒၚလာ ၅၄ သန္းဖိုး လက္မွတ္ေရာင္းရျပီးျပီဆုိေတာ့ ျဖံဳစရာပါ။ Tour တစ္ခုလံုးဟာ ေနာက္ ၆ လေလာက္ သြားေနဦးမွာဆုိေတာ့ စုစုေပါင္းဆုိ ဝင္ေငြ ေဒၚလာ သန္း ၄၀၀ ေလာက္ရရွိႏုိင္ပါတယ္။

1989 Concerts တုန္းကလည္း ဝင္ေငြေကာင္းခဲ့ပါတယ္

1989 Tour

1989 Tour

၂၀၁၅ ခုႏွစ္တုန္းကလည္း Taylor Swift ဟာ 1989 ကမာၻလွည့္ေဖ်ာ္ေျဖပြဲလုပ္ခဲ့ျပီး ေဒၚလာ သန္း ၂၅၀ ရရွိခဲ့ကာ အဲ့ဒီႏွစ္ရဲ့ ေဖ်ာ္ေျဖပြဲဝင္ေငြအမ်ားဆံုး အႏုပညာရွင္တစ္ေယာက္ျဖစ္ခဲ့ဖူးပါတယ္။

ေၾကာ္ျငာဝင္ေငြမ်ား

Diet Coke ေၾကာ္ျငာ

Diet Coke ေၾကာ္ျငာ

Taylor Swift ဟာ လူမႈကြန္ရက္မွာ စပြန္ဆာေၾကာ္ျငာေတြ တင္ေလ့မရွိေပမယ့္ နာမည္ၾကီး အမွတ္တံဆိပ္ေတြျဖစ္တဲ့ Keds ၊ Diet Coke နဲ႔ Apple တုိ႔နဲ႔ အလုပ္တြဲလုပ္ဖူးပါတယ္။ ဒီေၾကာ္ျငာေတြအတြက္ ဘယ္ေလာက္ရရွိတယ္လို႔ မေဖာ္ျပေပမယ့္ နာမည္ၾကီး ကုန္အမွတ္တံဆိပ္ေတြ ျဖစ္တဲ့အတြက္ တကယ့္ကို အမ်ားၾကီးရရွိမွာကေတာ့ ေသခ်ာေနပါတယ္။

Taylor ရဲ့ တျခားပိုင္ဆုိင္မႈ ျဖစ္တဲ့ အိမ္ျခံေျမေရာင္းရေငြမ်ား

Taylor Swift နဲ႔ Tom Hiddleston

Taylor Swift နဲ႔ Tom Hiddleston

Taylor ဟာ နယူးေယာက္ျမိဳ႕မွာ တိုက္ခန္းတစ္ခန္းပိုင္ဆုိင္ရံုတင္မဟုတ္ဘဲ သူေရာင္းခ်ခဲ့တဲ့ ဘီဗာလီေဟးလ္က ေဒၚလာ ၄ သန္းတန္ အိမ္၊ နက္ရွ္ဗီးလ္မွာ ရွိတဲ့ ေဒၚလာ ၂သန္းတန္အိမ္နဲ႔ Rohde ကၽြန္းေပၚက Tom Hiddleston နဲ႔ ျမဴးထူးေပ်ာ္ပါးခဲ့တဲ့ ေဒၚလာ ၁၇ သန္းတန္ အပန္းေျဖေနရာၾကီးအပါအဝင္ အိမ္ျခံေျမအေျမာက္အမ်ားပိုင္ဆုိင္ပါတယ္။

ဒါဆုိရင္ Taylor ရဲ့ အသားတင္ပိုင္ဆုိင္မႈအစုစုက ဘယ္ေလာက္ရွိေနပါသလဲ

Forbes မဂၢဇင္းရဲ့ ၾသဂုတ္လ ၂၀၁၇ ခုနွစ္က စစ္တမ္းအရဆုိရင္ Taylor Swift ဟာ ေဒၚလာ သန္း ၂၈၀ ေလာက္ ရရွိပိုင္ဆုိင္ေနပါျပီ (ဒါ Reputation Tour က ဝင္ေငြေတြ မပါေသးဘူးေနာ္)။ အဲ့ဒါေတြသာ ထည့္ေပါင္းရင္ေတာ့ သူ႔ပိုင္ဆုိင္မႈတန္ဖိုးဟာ အမ်ားၾကီးပုိတုိးေနပါျပီ။

ဒီေလာက္ဆိုရင္ေတာ့ Taylor Swift ဟာ နာမည္ၾကီး အႏုပညာရွင္ေတြထဲမွာမွ ဝင္ေငြရွာေဖြႏုိင္စြမ္းေကာင္းတဲ့ အဆုိေတာ္မေလးအျဖစ္အားက်စရာ ျဖစ္ေနပါျပီ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cosmopolitan.com

[Unicode]

Taylor Swift ရဲ့ အသားတင်ပိုင်ဆိုင်မှုတန်ဖိုး ဘယ်လောက်ရှိနေပြီလဲ

Taylor Swift ရဲ့ ငွေရှာနှုန်း၊ သူ့ အယ်လ်ဘမ်တွေရဲ့ ရောင်းအားအရ သူဟာ ကြွယ်ဝချမ်းသာတဲ့ နာမည်ကြီး အနုပညာရှင်တစ်ယောက်ဆိုတာ သိကြမှာပါ။ သူဘာတွေ ဘယ်လောက်ကြွယ်ဝလဲ အသေးစိတ်တစ်ချက်ကြည့်လိုက်ရအောင်။

အယ်လ်ဘမ်ရောင်းရငွေ

Taylor Swift Album Cover

Taylor Swift Album Cover

Reputation Album Cover

Reputation Album Cover

သူ့ရဲ့ အယ်လ်ဘမ်တွေ ဖြစ်တဲ့ Taylor Swift ၊ Fearless ၊ Speak Now ၊ Red ၊ 1989 နဲ့ Reputation တို့ရဲ့ ဝင်ငွေဟာ ဒေါ်လာ သန်းဆယ်ချီရှိနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ Recording Industry Association အရဆိုရင် Taylor အတွက် သူ့ရဲ့ Digital Singles အနေနဲ့ ရောင်းရငွေဟာ ဒေါ်လာ ၁၀၈.၅ သန်းရှိပြီး Album ရောင်းရငွေကတော့ ဒေါ်လာ  ၄၁.၅ သန်းရှိနေပါတယ်။

Reputation အခွေရဲ့ သက်ရောက်မှု

Taylor ရဲ့ Reputation အခွေဟာ ၂၀၁၇ ခုနှစ်ရဲ့ အရောင်းရဆုံး အယ်လ်ဘမ်ဖြစ်ခဲ့ပြီး ထွက်ရှိပြီး ပထမ ၁လခွဲအတွင်းမှာ ဒေါ်လာ ၁.၉ သန်းဖိုး ရောင်းချရခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လအကုနု်မှာတော့ အမေရိကန်မှာပဲ ရောင်းရငွေ ဒေါ်လာ ၂ သန်းရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ Adele ရဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘25’ Album အပြီးမှာ ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ စံချိန်ဖြစ်ပါတယ်။

Reputation ကမ္ဘာလှည့်ဖျော်ဖြေပွဲ

Reputation ဖျော်ဖြေပွဲ

Reputation ဖျော်ဖြေပွဲ

အခွေထွက်ရှိအပြီးမှာ ဆက်စီစဉ်ခဲ့တဲ့ Reputation World Tour ဟာလည်း အခုဆိုရင် ဒေါ်လာ ၅၄ သန်းဖိုး လက်မှတ်ရောင်းရပြီးပြီဆိုတော့ ဖြုံစရာပါ။ Tour တစ်ခုလုံးဟာ နောက် ၆ လလောက် သွားနေဦးမှာဆိုတော့ စုစုပေါင်းဆို ဝင်ငွေ ဒေါ်လာ သန်း ၄၀၀ လောက်ရရှိနိုင်ပါတယ်။

1989 Concerts တုန်းကလည်း ဝင်ငွေကောင်းခဲ့ပါတယ်

1989 Tour

1989 Tour

၂၀၁၅ ခုနှစ်တုန်းကလည်း Taylor Swift ဟာ 1989 ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်ခဲ့ပြီး ဒေါ်လာ သန်း ၂၅၀ ရရှိခဲ့ကာ အဲ့ဒီနှစ်ရဲ့ ဖျော်ဖြေပွဲဝင်ငွေအများဆုံး အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။

ကြော်ငြာဝင်ငွေများ

Diet Coke ကြော်ငြာ

Diet Coke ကြော်ငြာ

Taylor Swift ဟာ လူမှုကွန်ရက်မှာ စပွန်ဆာကြော်ငြာတွေ တင်လေ့မရှိပေမယ့် နာမည်ကြီး အမှတ်တံဆိပ်တွေဖြစ်တဲ့ Keds ၊ Diet Coke နဲ့ Apple တို့နဲ့ အလုပ်တွဲလုပ်ဖူးပါတယ်။ ဒီကြော်ငြာတွေအတွက် ဘယ်လောက်ရရှိတယ်လို့ မဖော်ပြပေမယ့် နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေ ဖြစ်တဲ့အတွက် တကယ့်ကို အများကြီးရရှိမှာကတော့ သေချာနေပါတယ်။

Taylor ရဲ့ တခြားပိုင်ဆိုင်မှု ဖြစ်တဲ့ အိမ်ခြံမြေရောင်းရငွေများ

Taylor Swift နဲ့ Tom Hiddleston

Taylor Swift နဲ့ Tom Hiddleston

Taylor ဟာ နယူးယောက်မြို့မှာ တိုက်ခန်းတစ်ခန်းပိုင်ဆိုင်ရုံတင်မဟုတ်ဘဲ သူရောင်းချခဲ့တဲ့ ဘီဗာလီဟေးလ်က ဒေါ်လာ ၄ သန်းတန် အိမ်၊ နက်ရှ်ဗီးလ်မှာ ရှိတဲ့ ဒေါ်လာ ၂သန်းတန်အိမ်နဲ့ Rohde ကျွန်းပေါ်က Tom Hiddleston နဲ့ မြူးထူးပျော်ပါးခဲ့တဲ့ ဒေါ်လာ ၁၇ သန်းတန် အပန်းဖြေနေရာကြီးအပါအဝင် အိမ်ခြံမြေအမြောက်အများပိုင်ဆိုင်ပါတယ်။

ဒါဆိုရင် Taylor ရဲ့ အသားတင်ပိုင်ဆိုင်မှုအစုစုက ဘယ်လောက်ရှိနေပါသလဲ

Forbes မဂ္ဂဇင်းရဲ့ သြဂုတ်လ ၂၀၁၇ ခုနှစ်က စစ်တမ်းအရဆိုရင် Taylor Swift ဟာ ဒေါ်လာ သန်း ၂၈၀ လောက် ရရှိပိုင်ဆိုင်နေပါပြီ (ဒါ Reputation Tour က ဝင်ငွေတွေ မပါသေးဘူးနော်)။ အဲ့ဒါတွေသာ ထည့်ပေါင်းရင်တော့ သူ့ပိုင်ဆိုင်မှုတန်ဖိုးဟာ အများကြီးပိုတိုးနေပါပြီ။

ဒီလောက်ဆိုရင်တော့ Taylor Swift ဟာ နာမည်ကြီး အနုပညာရှင်တွေထဲမှာမှ ဝင်ငွေရှာဖွေနိုင်စွမ်းကောင်းတဲ့ အဆိုတော်မလေးအဖြစ်အားကျစရာ ဖြစ်နေပါပြီ။

Yoe Lu (Akhayar)

www.akhayar.com

Ref : cosmopolitan.com