
[Zawgyi]



Heineken Beer
Heineken Beer





ရိုးလူ (အခရာ)

www.akhayar.com

Ref : Mashable
[Unicode]

Taylor Swift ရဲ့ ၂၀၁၈ အတွက် အသစ်စက်စက် Music Video “End Game” ထွက်ပြီ

Taylor Swift ရဲ့ ၂၀၁၈ ခုနှစ်အတွက် ပထမဆုံး Music Video ထွက်ရှိလာပြီး ဒီတစ်ခါလည်း ထင်ထားတဲ့အတိုင်းတကယ့်ကို အမိုက်စားပဲ ဖြစ်ပါတယ်။

Heineken Beer
Heineken Beer

Heineken Facebook Page သို့

သီချင်းကတော့၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့ နောက်ဆုံးအခွေ “Reputation” မှာပါတဲ့ Rapper Future နဲ့ Ed Sheeran တို့သီဆိုတဲ့ “End Game” သီချင်းဖြစ်ပါတယ်။ ဒီဗွီဒီယိုကို တိုကျို၊ မီယာမီနဲ့ လန်ဒန်မြို့တို့မှာ ရိုက်ကူးထားပြီး သူ့ရဲ့ Social Media App ဖြစ်တဲ့ The Swift Life မှာ အမြည်းအနေနဲ့ ဦးဆုံးတင်ပေးခဲ့ပါတယ်။

ဒီဗွီဒီယိုကို Taylor Swift နဲ့ လက်တွဲအလုပ်လုပ်ကိုင်တာ ကြာပြီဖြစ်တဲ့ Joseph Kahn ကပဲ ရိုက်ကူးပေးထားပြီး Joseph ရဲ့ လက်ရာတွေထဲမှာ “Blank Space” နဲ့ “Look What You Made Me Do” တို့လို နာမည်ကြီး Music Video တွေ ပါဝင်ပါတယ်။

ဒီ “End Game” သီချင်းဟာ YouTube ကို တင်တာ ခုမှ နှစ်နာရီကျော်ကျော်သာ ရှိသေးပေမယ့် ကြည့်ရှုသူ 481K ရှိပြီဖြစ်တဲ့အတွက် Taylor Swift ရဲ့ Music Video ဆိုတာ အမိုက်စားတွေဆိုတဲ့အတိုင်း ခုပဲ ကြည့်သင့်ပါပြီ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Mashable