[Zawgyi]
Yoe Lu (Akhayar)
www.akhayar.com
Source : eonline.com
[Unicode]
Ruby Rose၊ Shawn Mendes တို့နဲ့ အတူတွေ့ရတဲ့ Taylor Swift ရဲ့ AMAs After Party
Taylor Swift နဲ့ Camila Cabello တို့ သိမ်းပိုက်သွားတဲ့ American Music Award ညကတော့ ပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ Taylor Swift ရဲ့ After Party ကတော့ လုံးဝအမိုက်စားနဲ့ ဆက်ပြီး လှုပ်ခတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အဂါၤနေ့ညမှာပဲ Taylor ဟာ ရင်းနှီးတဲ့ လူနည်းနည်းကို ဖိတ်ပြီး Berverly Hills စံအိမ်မှာ ပေါ့ပေါ့ပါးပါး Party တစ်ခု ကျင်းပခဲ့ပါတယ်။ တက်ရောက်လာသူထဲမှာ Shawn Mendes ၊ Hayley Kiyoko နဲ့ Ruby Rose တို့လို နာမည်ကြီးတွေပါသလို သူ့ရဲ့ Crew အဖွဲ့ဝင် နောက်ခံအကသမားနဲ့ အဆိုတော်တွေလည်း တက်ရောက်ခဲ့ပါတယ်။
Taylor Swift ဟာ Pop သီချင်းအမျိုးအစားတွေ သီဆိုနေခဲ့ပေမယ့်လည်း AMAs သမိုင်းမှာတော့ စုစုပေါင်း ဆု ၂၃ ဆု ဆွတ်ခူးရရှိထားပြီး နာမည်ကျော် Whitney Houston ရရှိခဲ့တဲ့ AMAs ဆု ၂၁ ဆု ဆိုတဲ့ စံချိန်ကို ချိုးဖြတ်လိုက်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆုလက်ခံကျေးဇူးတင်စကားမှာ သူ့မိသားစု၊ သူငယ်ချင်းနဲ့ ပရိသတ်တွေကို ဆုအတွက် Vote လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဒီလိုမျိုးပဲ Midterm Elections ကလည်း နိုဝင်ဘာလ ၆ ရက်နေ့မှာ ရှိတဲ့အတွက် ဒီမိုကရက်အတွက် Vote လုပ်ကြပါလို့ နှိုးဆော်လိုက်ပြီး ကျေးဇူးတင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ After Party မှာ ဘယ်လို အမိုက်စား ဓာတ်ပုံတွေ ရိုက်ခဲ့သလဲဆိုရင်တော့
Taylor Swift & Shawn Mendes
Taylor Swift & Shawn Mendes
Shawn Mendes, Hayley Kiyoko and Jack Antonoff
Shawn Mendes, Hayley Kiyoko and Jack Antonoff
Taylor Swift၊ Ruby Rose and Hayley Kiyoko
Taylor Swift၊ Ruby Rose and Hayley Kiyoko
Taylor Swift နဲ့ သူ့ရဲ့ Backup Dancer တစ်ယောက်
Taylor Swift နဲ့ သူ့ရဲ့ Backup Dancer တစ်ယောက်
အားလုံး ပျော်နေချိန်မှာ ရုပ်တည်ကြီးနဲ့ Ruby Rose
အားလုံး ပျော်နေချိန်မှာ ရုပ်တည်ကြီးနဲ့ Ruby Rose
Taylor Swift နဲ့ Shawn Mendes
Taylor Swift နဲ့ Shawn Mendes
Taylor Swift နဲ့ သူ့ရဲ့ Backup Singers များ
Taylor Swift နဲ့ သူ့ရဲ့ Backup Singers များ
Taylor Swift နဲ့ သူ့ရဲ့ Backup Dancer တစ်ယောက်
Taylor Swift နဲ့ သူ့ရဲ့ Backup Dancer တစ်ယောက်
ပုံတွေကို ကြည့်လိုက်ရင်တော့ ခေတ်စကားနဲ့ဆိုရင် မီးတောက်အီမိုဂျီ x ၁၀၀ နဲ့ Lit နေတာမို့ အားကျမိပါတယ်လို့။
Yoe Lu (Akhayar)
www.akhayar.com
Source : eonline.com