[Zawgyi]

Taylor Swift ကို စြဲလမ္းလြန္းၾကတဲ့ အေျခအေနက ဒီေလာက္ေတာင္ ဆိုးရြားေနျပီလား

Taylor Swift ကို ေနာက္က တေကာက္ေကာက္လိုက္ေနတဲ့ လူတစ္ေယာက္ဟာ အခုလည္း Taylor Swift ရဲ့ Beverly Hills မွာ ရွိတဲ့ စံအိမ္ကို ဝင္ေရာက္ဖို႔ ၾကိဳးစားခဲ့တဲ့အတြက္ အဖမ္းခံခဲ့ရပါတယ္။ သူဟာ မ်က္ႏွာဖံုးေတြ၊ ရာဘာလက္အိတ္ေတြ ဝတ္ဆင္ထားျပီး ဒီလို ဝင္ေရာက္ဖို႔ ၾကိဳးစားခဲ့တာ ျဖစ္ပါတယ္။

သူ႔ကို ဖမ္းဆီးရမိလို႔ စစ္ေမးတဲ့ အခါမွာေတာ့ အသက္ ၃၈ ႏွစ္ရွိျပီး နာမည္က Julius Sandrock ျဖစ္ပါတယ္။ သူဟာ အရင္ကလည္း ေနာက္ေယာင္ခံလိုက္မႈေတြနဲ႔ သံသယရွိခံထားရျပီးေတာ့ ျပီးခဲ့တဲ့ အဂၤါေန႔ မနက္ကမွ အခ်ဳပ္က လြတ္လာတာ ျဖစ္ပါတယ္။

သူ႔ဆီမွာ .22 Caliber Handgun ေတြေရာ၊ 9mm Handgun စတာေတြေရာ လက္ဝယ္ထားရွိထားတယ္လို႔လည္း ဝန္ခံထားပါတယ္။ သူ႔ကားကို ရွာေဖြတဲ့အခါမွာေတာ့ က်ည္ဆံေတြ၊ ရာဘာလက္အိတ္ေတြ၊ ဓားတစ္ေခ်ာင္း၊ မ်က္ႏွာဖံုးမ်ိဳးစံုနဲ႔ ၾကိဳးတစ္ေခြပါ ေတြ႔ခဲ့ရတာပါ။

အဆိုးဆံုးကေတာ့ စိတ္ပညာရွင္နဲ႔ စစ္ေဆးခံထားတဲ့ စာရြက္စာတမ္းေတြ ေတြ႔ခဲ့ရတာ ျဖစ္ျပီး သူဟာ စိတ္က်ေဝဒနာ၊ စိတ္ႏွစ္ခြျဖစ္ေနတဲ့ ေဝဒနာနဲ႔ သတိခဏခဏေမ့တတ္တဲ့ စိတ္ပုိင္းဆိုင္ရာ ေဝဒနာေတြ ခံစားေနရသူလို႔ ဆိုပါတယ္။

ရဲေတြကုိ အစစ္ခံခဲ့ပံုကေတာ့ သူေနရာ ေကာ္လိုရာဒိုကေန ေလာ့စ္အိန္ဂ်လိစ္ကို လာခဲ့တဲ့ တစ္ခုတည္းေသာ အေၾကာင္းအရင္းက Taylor Swift ဆီ အလည္လာခ်င္လို႔ပါတဲ့။ သူ႔ရဲ့ အမႈကိုေတာ့ ေမလ ၉ ရက္ေန႔မွာ ၾကားနာမွာ ျဖစ္ျပီး အရင္ကလည္း သူ႔လို Taylor Swift ကို ေႏွာင့္ယွက္ဖို႔ ၾကိဳးစားတဲ့ အမႈေတြ ရွိခဲ့ဖူးပါတယ္။

အဲ့ဒါကေတာ့ ျပီးခဲ့တဲ့ ၃ ပတ္ေလာက္က Bruce Rowley ဆိုတဲ့ ငနဲဟာ ေကာ္နက္တီကပ္ျပည္နယ္မွာ ဘဏ္ေဖာက္ထြင္းမႈနဲ႔ စြပ္စြဲခံခဲ့ရျပီး ဒီလို လုပ္တာဟာ Taylor Swift သတိျပဳမိ အထင္ၾကီးလာေအာင္ လုပ္တာပါတဲ့ခင္ဗ်ား။

Justin Lilly ဆိုတဲ့ လူတစ္ေယာက္ဟာလည္း ပိုင္နက္က်ဴးလြန္မႈနဲ႔ အဖမ္းခံထားရျပီး သူဟာလည္း Swift ရဲ့ Beverly Hills က အိမ္ကို ဝင္ဖို႔ ၾကိဳးစားခဲ့တာျဖစ္တဲ့အတြက္ Taylor Swift ဟာ အႏၱရာယ္ရွိေလာက္ေအာင္ အစြဲလမ္းခံေနရျပီလားဆိုတာ အခုဆို ေမးခြန္းထုတ္စရာ ျဖစ္ေနခဲ့ပါျပီ။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

Taylor Swift ကို စွဲလမ်းလွန်းကြတဲ့ အခြေအနေက ဒီလောက်တောင် ဆိုးရွားနေပြီလား

Taylor Swift ကို နောက်က တကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ဟာ အခုလည်း Taylor Swift ရဲ့ Beverly Hills မှာ ရှိတဲ့ စံအိမ်ကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။ သူဟာ မျက်နှာဖုံးတွေ၊ ရာဘာလက်အိတ်တွေ ဝတ်ဆင်ထားပြီး ဒီလို ဝင်ရောက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးရမိလို့ စစ်မေးတဲ့ အခါမှာတော့ အသက် ၃၈ နှစ်ရှိပြီး နာမည်က Julius Sandrock ဖြစ်ပါတယ်။ သူဟာ အရင်ကလည်း နောက်ယောင်ခံလိုက်မှုတွေနဲ့ သံသယရှိခံထားရပြီးတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်ကမှ အချုပ်က လွတ်လာတာ ဖြစ်ပါတယ်။

သူ့ဆီမှာ .22 Caliber Handgun တွေရော၊ 9mm Handgun စတာတွေရော လက်ဝယ်ထားရှိထားတယ်လို့လည်း ဝန်ခံထားပါတယ်။ သူ့ကားကို ရှာဖွေတဲ့အခါမှာတော့ ကျည်ဆံတွေ၊ ရာဘာလက်အိတ်တွေ၊ ဓားတစ်ချောင်း၊ မျက်နှာဖုံးမျိုးစုံနဲ့ ကြိုးတစ်ခွေပါ တွေ့ခဲ့ရတာပါ။

အဆိုးဆုံးကတော့ စိတ်ပညာရှင်နဲ့ စစ်ဆေးခံထားတဲ့ စာရွက်စာတမ်းတွေ တွေ့ခဲ့ရတာ ဖြစ်ပြီး သူဟာ စိတ်ကျဝေဒနာ၊ စိတ်နှစ်ခွဖြစ်နေတဲ့ ဝေဒနာနဲ့ သတိခဏခဏမေ့တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားနေရသူလို့ ဆိုပါတယ်။

ရဲတွေကို အစစ်ခံခဲ့ပုံကတော့ သူနေရာ ကော်လိုရာဒိုကနေ လော့စ်အိန်ဂျလိစ်ကို လာခဲ့တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက Taylor Swift ဆီ အလည်လာချင်လို့ပါတဲ့။ သူ့ရဲ့ အမှုကိုတော့ မေလ ၉ ရက်နေ့မှာ ကြားနာမှာ ဖြစ်ပြီး အရင်ကလည်း သူ့လို Taylor Swift ကို နှောင့်ယှက်ဖို့ ကြိုးစားတဲ့ အမှုတွေ ရှိခဲ့ဖူးပါတယ်။

အဲ့ဒါကတော့ ပြီးခဲ့တဲ့ ၃ ပတ်လောက်က Bruce Rowley ဆိုတဲ့ ငနဲဟာ ကော်နက်တီကပ်ပြည်နယ်မှာ ဘဏ်ဖောက်ထွင်းမှုနဲ့ စွပ်စွဲခံခဲ့ရပြီး ဒီလို လုပ်တာဟာ Taylor Swift သတိပြုမိ အထင်ကြီးလာအောင် လုပ်တာပါတဲ့ခင်ဗျား။

Justin Lilly ဆိုတဲ့ လူတစ်ယောက်ဟာလည်း ပိုင်နက်ကျူးလွန်မှုနဲ့ အဖမ်းခံထားရပြီး သူဟာလည်း Swift ရဲ့ Beverly Hills က အိမ်ကို ဝင်ဖို့ ကြိုးစားခဲ့တာဖြစ်တဲ့အတွက် Taylor Swift ဟာ အန္တရာယ်ရှိလောက်အောင် အစွဲလမ်းခံနေရပြီလားဆိုတာ အခုဆို မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါပြီ။

Yoe Lu (Akhayar)

www.akhayar.com