[Zawgyi]

Reputation Tour ရဲ႕ ပထမေျခာက္ရက္မွာတင္ ဝင္ေငြေဒၚလာ ၅၄ သန္းရရွိခဲ့တဲ့ Taylor Swift

“Haters gonna hate, I’m just gonna shake shake” ဆိုတဲ့အတုိင္း Taylor Swift ကို မလိုမုန္းထားတဲ့သူေတြ ဘယ္ေလာက္မ်ားမ်ား၊ Taylor Swift က ပန္းပန္လ်က္ပါပဲ။

Shake it off

Shake it off

Taylor Swift ရဲ့ ကမာၻလွည့္ေဖ်ာ္ေျဖပြဲ ျဖစ္တဲ့ Reputation Tour ရဲ့ ပထမဆံုးေျခာက္ရက္မွာတင္ ေဒၚလာ ၅၄ သန္း ဝင္ေငြရရွိျပီးေနျပီလို႔ သတင္းေတြက ဆိုပါတယ္။ ဒီ Tour ဟာ ေနာက္ထပ္ ၅ လ၊ ေျခာက္လေလာက္ၾကာဦးမွာ ျဖစ္တဲ့အတြက္ Taylor အေနနဲ႔ Tour အျပီးမွာ ေဒၚလာ သန္း ၄၀၀ ေက်ာ္ေလာက္ရရွိလိမ့္မယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

Reputation Tour

Reputation Tour

ေမလ ၈ရက္ေန႔က Phoneix Stadium မွာ လုပ္တဲ့ ရႈိးဆိုရင္ ဝင္ေငြအရေရာ၊ ရႈိးပြဲလာပရိသတ္ေရာ စံခ်ိန္တင္ခဲ့ပါတယ္။ က်င္းပတဲ့ေနရာမွာတင္ လက္မွတ္ေပါင္း ၅၉၁၅၇ ေလာက္ေရာင္းရျပီး ေဒၚလာ ၇ သန္းေလာက္ အၾကမ္းဖ်င္းရရွိခဲ့တာ ျဖစ္ပါတယ္။

Taylor Swift နဲ႔ Selena Gomez တို႔ Reputation Tour မွာ ေဖ်ာ္ေျဖစဥ္

Taylor Swift နဲ႔ Selena Gomez တို႔ Reputation Tour မွာ ေဖ်ာ္ေျဖစဥ္

အရင္ကလည္း Taylor ဟာ ဒီလို ဝင္ေငြေကာင္းဖူးတဲ့ သာဓကေတြရွိျပီး Streaming Service ေတြဆီ ျပန္လာတဲ့ ၂၀၁၇ ခုႏွစ္မွာလည္း တစ္ပတ္တည္းမွာတင္ ဝင္ေငြ ေဒၚလာ ၄၀၀,၀၀၀ ရရွိခဲ့ဖူးပါတယ္။ Reputation Album ဟာဆုိရင္လည္း စထြက္ျပီး ၄ ရက္အတြင္းမွာပဲ Copy ေပါင္း ၁ သန္းနီးပါးေရာင္းခ်ခဲ့ရပါတယ္။

Taylor ရဲ့ Tour ဝင္ေငြဟာ ဒီႏွစ္ပုိင္းေတြမွာ သူမ်ားေတြထက္ မ်ားေနျပီး ကန္းထရီးအဆုိေတာ္ Kenny Chesney ရဲ့ ရႈိးပြဲဝင္ေငြဟာ ေမလက လုပ္တဲ့ ရႈိးပြဲ ၁၀ ရက္အျပီးမွာ ေဒၚလာ ၁၁.၂ သန္းနဲ႔ ဒုတိယရရွိခဲ့ျပီးေတာ့ Imagine Dragons ကေတာ့ တစ္လလံုး ရႈိးဝင္ေငြ ေဒၚလာ ၂.၆ သန္းနဲ႔ တတိယရရွိခဲ့ပါတယ္။

ဒါေၾကာင့္ ဘယ္လိုပဲ လူမုန္းမ်ားပါေစ၊ Taylor Swift ကေတာ့ ရယ္လ်က္ျပံဳးလ်က္ပါပဲလို႔။

Yoe Lu (Akhayar)

www.akhayar.com

Ref : fortune.com
[Unicode]

Reputation Tour ရဲ့ ပထမခြောက်ရက်မှာတင် ဝင်ငွေဒေါ်လာ ၅၄ သန်းရရှိခဲ့တဲ့ Taylor Swift

“Haters gonna hate, I’m just gonna shake shake” ဆိုတဲ့အတိုင်း Taylor Swift ကို မလိုမုန်းထားတဲ့သူတွေ ဘယ်လောက်များများ၊ Taylor Swift က ပန်းပန်လျက်ပါပဲ။

Shake it off

Shake it off

Taylor Swift ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ဖြစ်တဲ့ Reputation Tour ရဲ့ ပထမဆုံးခြောက်ရက်မှာတင် ဒေါ်လာ ၅၄ သန်း ဝင်ငွေရရှိပြီးနေပြီလို့ သတင်းတွေက ဆိုပါတယ်။ ဒီ Tour ဟာ နောက်ထပ် ၅ လ၊ ခြောက်လလောက်ကြာဦးမှာ ဖြစ်တဲ့အတွက် Taylor အနေနဲ့ Tour အပြီးမှာ ဒေါ်လာ သန်း ၄၀၀ ကျော်လောက်ရရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Reputation Tour

Reputation Tour

မေလ ၈ရက်နေ့က Phoneix Stadium မှာ လုပ်တဲ့ ရှိုးဆိုရင် ဝင်ငွေအရရော၊ ရှိုးပွဲလာပရိသတ်ရော စံချိန်တင်ခဲ့ပါတယ်။ ကျင်းပတဲ့နေရာမှာတင် လက်မှတ်ပေါင်း ၅၉၁၅၇ လောက်ရောင်းရပြီး ဒေါ်လာ ၇ သန်းလောက် အကြမ်းဖျင်းရရှိခဲ့တာ ဖြစ်ပါတယ်။

Taylor Swift နဲ့ Selena Gomez တို့ Reputation Tour မှာ ဖျော်ဖြေစဉ်

Taylor Swift နဲ့ Selena Gomez တို့ Reputation Tour မှာ ဖျော်ဖြေစဉ်

အရင်ကလည်း Taylor ဟာ ဒီလို ဝင်ငွေကောင်းဖူးတဲ့ သာဓကတွေရှိပြီး Streaming Service တွေဆီ ပြန်လာတဲ့ ၂၀၁၇ ခုနှစ်မှာလည်း တစ်ပတ်တည်းမှာတင် ဝင်ငွေ ဒေါ်လာ ၄၀၀,၀၀၀ ရရှိခဲ့ဖူးပါတယ်။ Reputation Album ဟာဆိုရင်လည်း စထွက်ပြီး ၄ ရက်အတွင်းမှာပဲ Copy ပေါင်း ၁ သန်းနီးပါးရောင်းချခဲ့ရပါတယ်။

Taylor ရဲ့ Tour ဝင်ငွေဟာ ဒီနှစ်ပိုင်းတွေမှာ သူများတွေထက် များနေပြီး ကန်းထရီးအဆိုတော် Kenny Chesney ရဲ့ ရှိုးပွဲဝင်ငွေဟာ မေလက လုပ်တဲ့ ရှိုးပွဲ ၁၀ ရက်အပြီးမှာ ဒေါ်လာ ၁၁.၂ သန်းနဲ့ ဒုတိယရရှိခဲ့ပြီးတော့ Imagine Dragons ကတော့ တစ်လလုံး ရှိုးဝင်ငွေ ဒေါ်လာ ၂.၆ သန်းနဲ့ တတိယရရှိခဲ့ပါတယ်။

ဒါကြောင့် ဘယ်လိုပဲ လူမုန်းများပါစေ၊ Taylor Swift ကတော့ ရယ်လျက်ပြုံးလျက်ပါပဲလို့။

Yoe Lu (Akhayar)

www.akhayar.com

Ref : fortune.com