[Zawgyi]







Taylor Swift ဘက်ကလည်း သူ့ရဲ့ အောင်မြင်မှုကို ထိန်းသိမ်းရာမှာတော်ပြီး သူ့ရဲ့ Reputation Tour မှာ Charli XCX နဲ့ Camila Cabello တို့နဲ့ Shake It Off သီချင်းကို အတူတူဖျော်ဖြေခဲ့ရာမှာ ပရိသတ်တွေ အရမ်းသဘောကျခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : Billboard.com
[Unicode]

Reputation Tour ကို Adele နဲ့ JK Rowling လာကြည့်လို့ ပျော်ရွှင်နေတဲ့ Taylor Swift

Taylor Swift ဟာ အခုချိန်မှာ Reputation Tour အတွက် နယ်လှည့်ဖျော်ဖြေနေကြတာကို သိပြီးသား ဖြစ်မှာပါ။ အခုတစ်ခါတော့ လန်ဒန်က ဝင်ဘာလေအားကစားရုံမှာ လုပ်တဲ့ သူ့ရဲ့ ရှိုးပွဲကို အဆိုတော် Adele နဲ့ Harry Potter ရဲ့ ဖန်တီးရှင် စာရေးဆရာမ J.K. Rowling တို့ လာရောက်ကြည့်ရှုတဲ့အတွက် အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်။

ဒီလို ပျော်ရွှင်နေတာကိုလည်း မဖုံးနိုင်မဖိနိုင်နဲ့ Instagram မှာ ဇွန်လ ၂၅ ရက် တင်္နလာနေ့က Post တင်ပြီး ဖော်ပြခဲ့ပါတယ်။ သူတို့ရေးသားတဲ့ စာတွေ ၊ သူတို့အနုပညာနဲ့ ဖန်တီးထားတဲ့ ကမ္ဘာတွေအတွက် ဒီအမျိုးသမီးနှစ်ယောက်ကို ကျေးဇူးတင်ကြောင်းကို “I’m so grateful for these women, for the words they’ve written and the worlds they’ve created through their art.. so stoked to have you at the show in London @adeleand JK ❤.” Always,” လို့ ရေးသားခဲ့ပါတယ်။

ဒီဓာတ်ပုံဟာ IG မှာ တင်ပြီးပြီးချင်း တစ်နာရီအတွင်းလောက်မှာပဲ Like ၅သိန်းလောက်ရခဲ့တဲ့အတွက် Taylor Swift ပရိသတ်တွေကတော့ အားပေးကြမ်းတယ် ဆိုရပါမယ်။

Taylor Swift ၊ Camila နဲ့ Charli XCX

Taylor Swift ၊ Camila နဲ့ Charli XCX

Taylor Swift ဘက်ကလည်း သူ့ရဲ့ အောင်မြင်မှုကို ထိန်းသိမ်းရာမှာတော်ပြီး သူ့ရဲ့ Reputation Tour မှာ Charli XCX နဲ့ Camila Cabello တု့ိနဲ့ Shake It Off သီချင်းကို အတူတူဖျော်ဖြေခဲ့ရာမှာ ပရိသတ်တွေ အရမ်းသဘောကျခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : Billboard.com