[Zawgyi]







Yoe Lu (Akhayar)

www.akhayar.com

Source : billboard.com
[Unicode]

ပရိသတ်နှစ်ယောက်ရဲ့ ချစ်သက်သေဖြစ်သွားရှာတဲ့ Taylor Swift

Taylor Swift တစ်ယောက် ဒီတစ်ခါ Surprise လုပ်ခံရတာတော့ တကယ့်ကို ပျော်စရာလေးပါပဲဗျာ။ သူ့ရဲ့ Reputation Tour အတွက် Philadelphia မြို့မှာ ပရိသတ်တွေနဲ့ နှုတ်ဆက်တွေ့ဆုံနေတုန်း Taylor ရဲ့ ပရိသတ်ဖြစ်တဲ့ ကောင်လေးတစ်ယောက်က သူ့ကောင်မလေးကို Taylor ရှေ့မှာပဲ လက်ထပ်ခွင့်တောင်းခဲ့တာပါ။

Taylor Swift ရဲ့ Reputation Tour

Taylor Swift ရဲ့ Reputation Tour

ဇူလိုင်လ ၁၄ ရက် သောကြာနေ့ညမှာ Taylor က တခြားမြို့ကို သွားမဖျော်ဖြေခင်မှာ ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကောင်လေးက Taylor Swift တစ်ယောက် ပရိသတ်တွေကို တွေ့ဆုံနေတဲ့နားကို လျှောက်လာပြီး သူ့ကောင်မလေးဘက်ကို ဒူးထောက်ပြီး “ပြီးခဲ့တဲ့ ၅ နှစ် Red Tour တုန်းက ငါတို့တွေ့ခဲ့ကြတယ် အခုတော့…” လို့ အစချီပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။

Taylor လည်း အရမ်းကို အံ့အားသင့်ပျော်ရွှင်ခဲ့ပြီး ဒီပုံလေးကိုလည်း သူ့ရဲ့ Instagram မှာ တင်ခဲ့ပါတယ်။ ကြည်နူးစရာ စုံတွဲလေးအတွက် Taylor ရဲ့ ပျော်ရွှင်ဖွယ်မျှဝေမှုလေးပဲ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : billboard.com