[Zawgyi]

Taylor Swift နဲ႔ Joe Alwyn တို႔ စံုတြဲကေတာ့ Dating အဆင့္ထက္ ပိုေနျပီတဲ့

Reputation ရဲ့ ဖန္တီးရွင္ Taylor Swift နဲ႔ ျဗိတိန္မင္းသား Joe Alwyn တို႔ အတြဲကေတာ့ လူမသိသူမသိနဲ႔ Date ေနခဲ့တာ မႏွစ္ကတည္းကပါ။ ခုေတာ့ သူတို႔အတြဲဟာ ပုိျပီး နီးစပ္လာျပီး ေနာက္အဆင့္တစ္ခုကို တက္လွမ္းေနျပီလို႔ သိရပါတယ္။

Taylor Swift ဟာ အခုဆိုရင္ Alwyn ရဲ့ ေနရပ္ျဖစ္တဲ့ လန္ဒန္၊ Crouch End အရပ္မွာ တူတူအခ်ိန္ျဖဳန္းေနေလ့ရွိျပီး Alwyn ရဲ့ သူငယ္ခ်င္းေတြကေတာင္ သူတို႔ အတူတူေနဖို႔ ၾကိဳးစားေနၾကျပီလို႔ေတာင္ ေနာက္ေျပာင္ခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ လူေရွ႕ထြက္တြဲျပီးေတာ့ ပြဲမတက္ေသးေပမယ့္ တျဖည္းျဖည္းနဲ႔  နီးစပ္လာတာေတာ့ အမွန္ပါပဲ။ Taylor ဟာ Joe Alwyn ရဲ့ အိမ္မွာ အၾကာၾကီးေနေလ့ရွိျပီး Joe ရဲ့ သူငယ္ခ်င္းေတြနဲ႔ တူတူ သူတို႔ၾကိဳက္တဲ့ေနရာေတြဆီ သြားေလ့ရွိပါတယ္။ ဒီလို ေပ်ာ္ရႊင္ေနေပမယ့္လည္း Joe Alwyn ရဲ့ သူငယ္ခ်င္းေတြၾကားမွာ သူဟာ ဆယ္လီတစ္ေယာက္လိုမေနဘဲ သာမန္လူလို Low Profile ျဖစ္ေအာင္လည္း ထိန္းထိန္းသိမ္းသိမ္းေနပါတယ္တဲ့။ ဒါေၾကာင့္လည္း သူတို႔ တူတူေနၾကေတာ့မယ္လို႔ တခ်ိဳ႕က စေနာက္ၾကတာပါ။

Taylor Swift ဟာ ဒီႏွစ္ ၂၀၁၈ ခုႏွစ္ထဲမွာ သူ႔ရဲ့ Reputation Tour အၾကိဳျပင္ဆင္မႈနဲ႔ လႈပ္ရွားမႈေတြကို Instagram မွာ တင္ထားေလ့ရွိပါတယ္။ သူဟာ လူေရွ႕သိပ္မထြက္တဲ့အတြက္ Paparazzi ေတြသိပ္ဖမ္းမမိဘဲ သူ႔ရဲ့ Tour Rehearsal ဟာ လန္ဒန္မွာလား ၊ တစ္ေနရာရာမွာ လုပ္ေနတာလား မသိရပါဘူး။

Taylor Swift နဲ႔ Joe Alwyn တို႔ဟာ မႏွစ္က ေမမွာ Dating လုပ္ေနတာကို ပထမဆံုးဖြင့္ဟခဲ့ေပမယ့္ အဲဒီအခ်ိန္မွာတင္ သူတို႔ တူတူရွိေနတာ လအေတာ္ၾကာျပီလို႔ ယူဆရပါတယ္။ Swift ကေတာ့ သူတို႔ရဲ့ ခ်စ္သူဘဝကို ဒီလိုလွ်ိဳ႕ဝွက္ထားရတာ အေတာ္သေဘာက်ေနျပီး အရင္လို အုတ္ေအာ္ေသာင္းတင္းလူသိရွင္ၾကား တြဲလိုက္ျပတ္လိုက္ေတြ မဟုတ္ဘဲ တစ္ေယာက္နဲ႔ တစ္ေယာက္ျဖည္းျဖည္းခ်င္းနားလည္ေအာင္ ညွိယူျပီး သြားတဲ့ ပံုစံကုိ သေဘာက်ေနပံုရပါတယ္။

Swift ရဲ့ Reputation Album World Tour ဟာ ေမလ ၈ရက္ေန႔မွာ စတင္မွာ ျဖစ္ျပီး အဲဒီမတုိင္ခင္မွာ Joe လက္ကိုတြဲျပီး Red Carpet Couple အေနနဲ႔ ေမလ ၇ရက္ေန႔မွာ လုပ္တဲ့ New York City Met Gala ကုိပြဲထြက္မယ္လို႔ သူ႔ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

Taylor ဟာ လက္ရွိ Joe Alwyn နဲ႔ အရင္လူေတြလို မဟုတ္ဘဲ သုိသိုသိပ္သိပ္တြဲေနေပမယ့္ Taylor ကေတာ့ Taylor ပဲဆိုတာကို သူ႔ရဲ့ Reputation Album ထဲက အခ်စ္သီခ်င္း ၇ ပုဒ္ေလာက္ဟာ Joe Alwyn အေၾကာင္းနဲ႔ သူ႔ကို ဘယ္လို ေၾကြေၾကာင္းေရးဖြဲ႔ထားပုံရတာက သက္ေသျပေနပါတယ္။

ရိုးလူ (Akhayar)

www.akhayar.com

Ref : ELLE
[Unicode]

Taylor Swift နဲ့ Joe Alwyn တို့ စုံတွဲကတော့ Dating အဆင့်ထက် ပိုနေပြီတဲ့

Reputation ရဲ့ ဖန်တီးရှင် Taylor Swift နဲ့ ဗြိတိန်မင်းသား Joe Alwyn တို့ အတွဲကတော့ လူမသိသူမသိနဲ့ Date နေခဲ့တာ မနှစ်ကတည်းကပါ။ ခုတော့ သူတို့အတွဲဟာ ပိုပြီး နီးစပ်လာပြီး နောက်အဆင့်တစ်ခုကို တက်လှမ်းနေပြီလို့ သိရပါတယ်။

Taylor Swift ဟာ အခုဆိုရင် Alwyn ရဲ့ နေရပ်ဖြစ်တဲ့ လန်ဒန်၊ Crouch End အရပ်မှာ တူတူအချိန်ဖြုန်းနေလေ့ရှိပြီး Alwyn ရဲ့ သူငယ်ချင်းတွေကတောင် သူတို့ အတူတူနေဖို့ ကြိုးစားနေကြပြီလို့တောင် နောက်ပြောင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ လူရှေ့ထွက်တွဲပြီးတော့ ပွဲမတက်သေးပေမယ့် တဖြည်းဖြည်းနဲ့  နီးစပ်လာတာတော့ အမှန်ပါပဲ။ Taylor ဟာ Joe Alwyn ရဲ့ အိမ်မှာ အကြာကြီးနေလေ့ရှိပြီး Joe ရဲ့ သူငယ်ချင်းတွေနဲ့ တူတူ သူတို့ကြိုက်တဲ့နေရာတွေဆီ သွားလေ့ရှိပါတယ်။ ဒီလို ပျော်ရွှင်နေပေမယ့်လည်း Joe Alwyn ရဲ့ သူငယ်ချင်းတွေကြားမှာ သူဟာ ဆယ်လီတစ်ယောက်လိုမနေဘဲ သာမန်လူလို Low Profile ဖြစ်အောင်လည်း ထိန်းထိန်းသိမ်းသိမ်းနေပါတယ်တဲ့။ ဒါကြောင့်လည်း သူတို့ တူတူနေကြတော့မယ်လို့ တချို့က စနောက်ကြတာပါ။

Taylor Swift ဟာ ဒီနှစ် ၂၀၁၈ ခုနှစ်ထဲမှာ သူ့ရဲ့ Reputation Tour အကြိုပြင်ဆင်မှုနဲ့ လှုပ်ရှားမှုတွေကို Instagram မှာ တင်ထားလေ့ရှိပါတယ်။ သူဟာ လူရှေ့သိပ်မထွက်တဲ့အတွက် Paparazzi တွေသိပ်ဖမ်းမမိဘဲ သူ့ရဲ့ Tour Rehearsal ဟာ လန်ဒန်မှာလား ၊ တစ်နေရာရာမှာ လုပ်နေတာလား မသိရပါဘူး။

Taylor Swift နဲ့ Joe Alwyn တို့ဟာ မနှစ်က မေမှာ Dating လုပ်နေတာကို ပထမဆုံးဖွင့်ဟခဲ့ပေမယ့် အဲဒီအချိန်မှာတင် သူတို့ တူတူရှိနေတာ လအတော်ကြာပြီလို့ ယူဆရပါတယ်။ Swift ကတော့ သူတို့ရဲ့ ချစ်သူဘဝကို ဒီလိုလျှို့ဝှက်ထားရတာ အတော်သဘောကျနေပြီး အရင်လို အုတ်အော်သောင်းတင်းလူသိရှင်ကြား တွဲလိုက်ပြတ်လိုက်တွေ မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက်ဖြည်းဖြည်းချင်းနားလည်အောင် ညှိယူပြီး သွားတဲ့ ပုံစံကို သဘောကျနေပုံရပါတယ်။

Swift ရဲ့ Reputation Album World Tour ဟာ မေလ ၈ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး အဲဒီမတိုင်ခင်မှာ Joe လက်ကိုတွဲပြီး Red Carpet Couple အနေနဲ့ မေလ ၇ရက်နေ့မှာ လုပ်တဲ့ New York City Met Gala ကိုပွဲထွက်မယ်လို့ သူ့ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Taylor ဟာ လက်ရှိ Joe Alwyn နဲ့ အရင်လူတွေလို မဟုတ်ဘဲ သိုသိုသိပ်သိပ်တွဲနေပေမယ့် Taylor ကတော့ Taylor ပဲဆိုတာကို သူ့ရဲ့ Reputation Album ထဲက အချစ်သီချင်း ၇ ပုဒ်လောက်ဟာ Joe Alwyn အကြောင်းနဲ့ သူ့ကို ဘယ်လို ကြွေကြောင်းရေးဖွဲ့ထားပုံရတာက သက်သေပြနေပါတယ်။

ရိုးလူ (Akhayar)

www.akhayar.com

Ref : ELLE