[Zawgyi]

Taylor Swift ရဲ့ Delicate ဗြီဒီယိုက Kenzo ေရေမႊးေၾကာ္ျငာနဲ႔တူေနလို႔ ေဝဖန္ခံေနရ

Taylor Swift လုပ္သမွ်က သတင္းျဖစ္တယ္ဆိုေပမယ့္ ေကာင္းတာေတြလည္းရွိ၊ မေကာင္းတာေတြလည္းရွိေပ့ါ။ ဒါေပမယ့္ ဒီတစ္ခါကေတာ့ သူ႔ကို အေဝဖန္ခံရႏုိင္ကိန္းပါ။ သူ႔ရဲ့ “Delicate”Music Video ဟာ Kenzo ေရေမႊးေၾကာ္ျငာနဲ႔ ပံုစံခ်င္းတူသလို ျဖစ္ေနတာပါပဲ။

အေမရိကန္ဒါရိုက္တာတစ္ေယာက္ျဖစ္တဲ့ Spike Jonze ရုိက္ကူးတဲ့ Kenzo ေၾကာ္ျငာဟာ ဇာတ္လမ္းတုိတစ္ခုစာေလာက္ရွိျပီး Margaret Qualley က ပါဝင္သရုပ္ေဆာင္ကာ ကကြက္ဖန္တီးေပးတဲ့သူကေတာ့ Ryan Heffington ျဖစ္ပါတယ္။

ဒီ Video ႏွစ္ခုၾကား ျပကြက္ေတြကေတာ့ ရွင္းလင္းေနပါတယ္။ ပြဲတက္ဝတ္စံုဝတ္ထားတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ အရမ္းဖန္စီျဖစ္တဲ့ပြဲလမ္းေတြကို စိတ္ကုန္ေနရာကေန ရုတ္တရက္ ထျပီး ကခုန္ျမဴးတူးတာကို ရိုက္ကူးထားတာပါပဲ။ ဘယ္လိုတူလဲဆုိတာေတာ့ ဝတ္စံုပံုစံဆင္တာကအစလို႔ ဆိုရမလိုပါပဲ။

ဒါဟာ မေတာ္တဆတုိက္ဆုိင္သြားတာလား၊ ခုိးခ်တာလားဆိုတာေတာ့ Delicate နဲ႔ KENZO World ေရေမႊးေၾကာ္ျငာကို ယွဥ္ၾကည့္ျပီး အခရာ ပရိသတ္ၾကီး ကိုယ္တုိင္သာ ဆံုးျဖတ္ပါေတာ့ခင္ဗ်ား။

ရိုးလူ (Akhayar)

www.akhayar.com

Ref : Esquire

[Unicode]

Taylor Swift ရဲ့ Delicate ဗွီဒီယိုက Kenzo ရေမွှေးကြော်ငြာနဲ့တူနေလို့ ဝေဖန်ခံနေရ

Taylor Swift လုပ်သမျှက သတင်းဖြစ်တယ်ဆိုပေမယ့် ကောင်းတာတွေလည်းရှိ၊ မကောင်းတာတွေလည်းရှိပေ့ါ။ ဒါပေမယ့် ဒီတစ်ခါကတော့ သူ့ကို အဝေဖန်ခံရနိုင်ကိန်းပါ။ သူ့ရဲ့ “Delicate”Music Video ဟာ Kenzo ရေမွှေးကြော်ငြာနဲ့ ပုံစံချင်းတူသလို ဖြစ်နေတာပါပဲ။

အမေရိကန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Spike Jonze ရိုက်ကူးတဲ့ Kenzo ကြော်ငြာဟာ ဇာတ်လမ်းတိုတစ်ခုစာလောက်ရှိပြီး Margaret Qualley က ပါဝင်သရုပ်ဆောင်ကာ ကကွက်ဖန်တီးပေးတဲ့သူကတော့ Ryan Heffington ဖြစ်ပါတယ်။

ဒီ Video နှစ်ခုကြား ပြကွက်တွေကတော့ ရှင်းလင်းနေပါတယ်။ ပွဲတက်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ အရမ်းဖန်စီဖြစ်တဲ့ပွဲလမ်းတွေကို စိတ်ကုန်နေရာကနေ ရုတ်တရက် ထပြီး ကခုန်မြူးတူးတာကို ရိုက်ကူးထားတာပါပဲ။ ဘယ်လိုတူလဲဆိုတာတော့ ဝတ်စုံပုံစံဆင်တာကအစလို့ ဆိုရမလိုပါပဲ။

ဒါဟာ မတော်တဆတိုက်ဆိုင်သွားတာလား၊ ခိုးချတာလားဆိုတာတော့ Delicate နဲ့ KENZO World ရေမွှေးကြော်ငြာကို ယှဉ်ကြည့်ပြီး အခရာ ပရိသတ်ကြီး ကိုယ်တိုင်သာ ဆုံးဖြတ်ပါတော့ခင်ဗျား။

ရိုးလူ (Akhayar)

www.akhayar.com

Ref : Esquire