လက္ရွိမွာ Ride Hailing ကုမၸဏီေတြလုိ႔ ဆိုလုိက္ရင္ Uber နဲ႔ Grab က ၾကီးစိုးထားတုန္းပဲျဖစ္ပါတယ္။ Uber က လက္ရွိမွာ အေရွ႕ေတာင္အာရွႏုိင္ငံေတြမွာ စီးပြားေရးလုပ္ငန္းေတြကို Grab ကို လႊဲေျပာင္းေပးျပီး ထြက္ခြာသြားျပီဆိုေပမယ့္ တျခားေသာ အေနာက္တိုင္းႏုိင္ငံေတြမွာ အသံုးျပဳႏုိင္ေနေသးတာပဲျဖစ္ပါတယ္။

အခုလုိမ်ိဳး Ride Hailing Company ၾကီးဆုိလုိ႔ Uber နဲ႔ Grab ပဲရွိေနတာက အသံုးျပဳသူေတြအတြက္ေတာ့ ေရြးခ်ယ္စရာနည္းလာသလုိ ေစ်းကြက္ျပိဳင္ဆုိင္မႈလည္းေလ်ာ႔က်လာပါတယ္။ ျမန္မာႏုိင္ငံမွာဆုိရင္လည္း လက္ရွိအခ်ိန္မွာ Grab ကလြဲျပီးေတာ့ တျခားေသာ ျပည္တြင္း Taxi Service အခ်ိဳ႕ပဲ က်န္ေနခဲ့ေတာ့တာပဲျဖစ္ပါတယ္။

Taxify App

ဒါေပမယ့္ မၾကာခင္မွာ Uber နဲ႔ Grab တို႔ကို ယွဥ္ျပိဳင္ႏုိင္တဲ့ Ride Hailing ကုမၸဏီအသစ္တစ္ခုရွိလာႏုိင္ပါတယ္။ အခု ကုမၸဏီကေတာ့ Taxify လုိ႔ နာမည္ေပးထားျပီးေတာ့ အဓိကအေနနဲ႔ ဥေရာပနဲ႔ အာဖရိကမွာ အရင္ ေဆာင္ရြက္ေနတာျဖစ္ျပီးေတာ့ ေနာက္ထပ္ႏုိင္ငံေတြမွာ အသံုးျပဳႏုိင္ေအာင္လည္း ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။

Taxify

အခုအခ်ိန္မွာေတာ့ အဆိုပါ Taxify ကုမၸဏီက Funding အသစ္အေနနဲ႔ ေဒၚလာ ၁၇၅ သန္းထပ္မံရရွိသြားျပီျဖစ္ျပီးေတာ့ ကုမၸဏီတန္ဖုိးက ေဒၚလာ ၁ ဘီလီယံအထိ ရွိလာျပီပဲျဖစ္ပါတယ္။ အခုလုိမ်ိဳး Funding ထည့္သြင္းေပးတဲ့အထဲမွာ Mercedes-Benz နဲ႔ တျခားေသာ ကုမၸဏီအမ်ားအျပားကို ပိုင္ဆိုင္တဲ့ Daimler ကုမၸဏီလည္း အဓိကပါဝင္တယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ Taxify ရဲ႕ ေျပာၾကားခ်က္အရ တရုတ္ႏုိင္ငံရဲ႕ Didi Chuxing ကုမၸဏီလည္း ျပန္လည္ရင္းႏွီးျမဳပ္ႏွံတဲ့သူေတြထဲမွာ ပါဝင္တယ္လုိ႔ သိရပါတယ္။

Taxify CEO & Founder Markus Villig

Taxify ဟာ လြန္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္ထဲက Estonia မွာ တည္ေထာင္ခဲ့တာျဖစ္ျပီးေတာ့ CEO & Founder Markus Villig နဲ႔အတူ သူရဲ႕ ညီ Martin တို႔ႏွစ္ေယာက္စတင္ခဲ့တာျဖစ္ပါတယ္။ Markus ကေတာ့ Taxify ဟာ အခုအခ်ိန္မွာ သယ္ယူပို႔ေဆာင္ေရးစနစ္ရဲ႕ အနာဂတ္အတြက္ မစ္ရွင္တစ္ခုအေပၚမွာ ေရာက္ရွိေနတာျဖစ္ျပီးေတာ့ အခုလုိမ်ိဳး Daimler နဲ႔ Didi တို႔လုိမ်ိဳး ရင္းႏွီးျမဳပ္ႏွံသူေတြရွိေနတာက ေကာင္းမြန္တဲ့အခ်က္တစ္ခုျဖစ္တယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Markus တို႔ ညီအစ္ကိုေတြက အစပိုင္းကေတာ့ မိဘေတြဆီက ပိုက္ဆံနဲ႔ အခု Taxify ကို ေဆာင္ရြက္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ႏုိင္ငံေပါင္း ၂၅ ႏုိင္ငံမွာ ရရွိေနျပီျဖစ္ျပီးေတာ့ Driver အေယာက္ ၁ သိန္းေက်ာ္နဲ႔ အသံုးျပဳသူ ၁၀ သန္းေက်ာ္ရွိေနျပီလုိ႔ သိရပါတယ္။ ဒီပမာဏကလည္း ျပီးခဲ့တဲ့ ႏွစ္ ၾသဂုတ္လတုန္းက အသံုးျပဳသူ ၂.၅ သန္းနဲ႔ ယွဥ္ရင္ သိသိသာသာကို တိုးတက္လာတာျဖစ္ပါတယ္။

Taxify

Taxify က အခုလုိမ်ိဳး Funding ေတြလည္း ရရွိျပီးျဖစ္တဲ့အတြက္ အခုအခ်ိန္ကစတင္ျပီးေတာ့ နည္းပညာပိုင္းဆုိင္ရာမွာ အဆင့္ျမွင့္တင္မႈေတြျပဳလုပ္သြားမယ့္အျပင္ အျခားေသာ ဥေရာပနဲ႔ အာရွေစ်းကြက္ေတြကိုလည္း ေျခလွမ္းစတင္ေတာ့မွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

လက်ရှိမှာ Ride Hailing ကုမ္ပဏီတွေလို့ ဆိုလိုက်ရင် Uber နဲ့ Grab က ကြီးစိုးထားတုန်းပဲဖြစ်ပါတယ်။ Uber က လက်ရှိမှာ အရှေ့တောင်အာရှနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းတွေကို Grab ကို လွှဲပြောင်းပေးပြီး ထွက်ခွာသွားပြီဆိုပေမယ့် တခြားသော အနောက်တိုင်းနိုင်ငံတွေမှာ အသုံးပြုနိုင်နေသေးတာပဲဖြစ်ပါတယ်။

အခုလိုမျိုး Ride Hailing Company ကြီးဆိုလို့ Uber နဲ့ Grab ပဲရှိနေတာက အသုံးပြုသူတွေအတွက်တော့ ရွေးချယ်စရာနည်းလာသလို ဈေးကွက်ပြိုင်ဆိုင်မှုလည်းလျော့ကျလာပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း လက်ရှိအချိန်မှာ Grab ကလွဲပြီးတော့ တခြားသော ပြည်တွင်း Taxi Service အချို့ပဲ ကျန်နေခဲ့တော့တာပဲဖြစ်ပါတယ်။

Taxify App

ဒါပေမယ့် မကြာခင်မှာ Uber နဲ့ Grab တို့ကို ယှဉ်ပြိုင်နိုင်တဲ့ Ride Hailing ကုမ္ပဏီအသစ်တစ်ခုရှိလာနိုင်ပါတယ်။ အခု ကုမ္ပဏီကတော့ Taxify လို့ နာမည်ပေးထားပြီးတော့ အဓိကအနေနဲ့ ဥရောပနဲ့ အာဖရိကမှာ အရင် ဆောင်ရွက်နေတာဖြစ်ပြီးတော့ နောက်ထပ်နိုင်ငံတွေမှာ အသုံးပြုနိုင်အောင်လည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Taxify

အခုအချိန်မှာတော့ အဆိုပါ Taxify ကုမ္ပဏီက Funding အသစ်အနေနဲ့ ဒေါ်လာ ၁၇၅ သန်းထပ်မံရရှိသွားပြီဖြစ်ပြီးတော့ ကုမ္ပဏီတန်ဖိုးက ဒေါ်လာ ၁ ဘီလီယံအထိ ရှိလာပြီပဲဖြစ်ပါတယ်။ အခုလိုမျိုး Funding ထည့်သွင်းပေးတဲ့အထဲမှာ Mercedes-Benz နဲ့ တခြားသော ကုမ္ပဏီအများအပြားကို ပိုင်ဆိုင်တဲ့ Daimler ကုမ္ပဏီလည်း အဓိကပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Taxify ရဲ့ ပြောကြားချက်အရ တရုတ်နိုင်ငံရဲ့ Didi Chuxing ကုမ္ပဏီလည်း ပြန်လည်ရင်းနှီးမြုပ်နှံတဲ့သူတွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

Taxify CEO & Founder Markus Villig

Taxify ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲက Estonia မှာ တည်ထောင်ခဲ့တာဖြစ်ပြီးတော့ CEO & Founder Markus Villig နဲ့အတူ သူရဲ့ ညီ Martin တို့နှစ်ယောက်စတင်ခဲ့တာဖြစ်ပါတယ်။ Markus ကတော့ Taxify ဟာ အခုအချိန်မှာ သယ်ယူပို့ဆောင်ရေးစနစ်ရဲ့ အနာဂတ်အတွက် မစ်ရှင်တစ်ခုအပေါ်မှာ ရောက်ရှိနေတာဖြစ်ပြီးတော့ အခုလိုမျိုး Daimler နဲ့ Didi တို့လိုမျိုး ရင်းနှီးမြုပ်နှံသူတွေရှိနေတာက ကောင်းမွန်တဲ့အချက်တစ်ခုဖြစ်တယ်လို့ ပြောလို့ရပါတယ်။

Markus တို့ ညီအစ်ကိုတွေက အစပိုင်းကတော့ သူမိဘတွေဆီက ပိုက်ဆံနဲ့ အခု Taxify ကို ဆောင်ရွက်ခဲ့ပေမယ့် အခုအချိန်မှာတော့ နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ရရှိနေပြီဖြစ်ပြီးတော့ Driver အယောက် ၁ သိန်းကျော်နဲ့ အသုံးပြုသူ ၁၀ သန်းကျော်ရှိနေပြီလို့ သိရပါတယ်။ ဒီပမာဏကလည်း ပြီးခဲ့တဲ့ နှစ် သြဂုတ်လတုန်းက အသုံးပြုသူ ၂.၅ သန်းနဲ့ ယှဉ်ရင် သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။

Taxify

Taxify က အခုလိုမျိုး Funding တွေလည်း ရရှိပြီးဖြစ်တဲ့အတွက် အခုအချိန်ကစတင်ပြီးတော့ နည်းပညာပိုင်းဆိုင်ရာမှာ အဆင့်မြှင့်တင်မှုတွေပြုလုပ်သွားမယ့်အပြင် အခြားသော ဥရောပနဲ့ အာရှဈေးကွက်တွေကိုလည်း ခြေလှမ်းစတင်တော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com