[Zawgyi] 


Tasks App



Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Google က နောက်ဆုံးထုတ်ပေးလိုက်တဲ့ Tasks App ဆိုတာဘာလဲ?

တစ်ခုခုလုပ်ဖို့ မေ့တတ်တဲ့အကျင့်ရှိရင် ဒါမှမဟုတ် လုပ်စရာတွေများလို့ သေခြာမှတ်ထားဖို့လိုရင် စာအုပ်သေးသေးလေးနဲ့ ခဲတံတစ်ချောင်းသုံးတတ်တဲ့သူတွေအတွက် Google ရဲ့ Tasks App လေးက ကူညီပေးမှာပါ။ Tasks App ကတော့ စာရင်းလုပ်တဲ့ App လေးပါ။ လုပ်စရာရှိတာတွေကို လွယ်လွယ်ကူကူနဲ့ ရေးလိုက်ရုံပါပဲ။ 

Tasks App

Task App ကိုဝင်လိုက်တာနဲ့ Add a New Task ဆိုတဲ့ ခလုတ်အကြီးကြီးကို အရင်တွေ့ရမှာပါ။ တစ်နေ့တာ အတွင်းမှာလုပ်စရာတွေ၊ ဒါမှမဟုတ် နောက်နေ့တွေအတွက် လုပ်စရာရှိတာလေးတွေကို မြန်မြန်ဆန်ဆန်မှတ်သားထားဖို့ လွယ်ကူပါတယ်။ Add a New Task ကိုနှိပ်ပြီး ရေးစရာရှိတာရေးမှတ်ပြီးရင် Save လိုက်တာနဲ့ ရပါပြီ။ Task တစ်ခုအတွက နောက်ထပ် Task အပိုလေးတွေ ကိုလည်း ထပ်ထည့်လို့ရပါတယ်။

လုပ်စရာရှိတာလေးတွေက များတယ်၊ ကွဲကွဲပြားပြားဖြစ်စေချင်ရင်လည်း List အသစ်လုပ်လို့ရပါသေးတယ်။ Add a New Task ရဲ့ဘယ်ဖက်မှာ ရှိတဲ့ Menu Button လေးထဲကနေ List အသစ်တွေကို ထပ်ဖန်တီးနိုင်ပါသေးတယ်။ ဈေးဝယ်ဖို့စာရင်းနဲ့၊ သွားစရာနေရာ စားရင်းတွေကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ခွဲခြားထားလို့ရပါတယ်။ နောက်ရက်တွေအတွက်လည်း ကြိုမှတ်ထားလို့ရတာကြောင့် အဆင်ပြေပါတယ်။ အလုပ်များတဲ့သူတွေအတွက် လုပ်စရာရှိတာလေးတွေ မမေ့ရအောင် ဒီ App လေးကိုသုံးသင့်ပါတယ်။ Google ကထုတ်ပေးတာဆိုတော့ တော်တော်လေး သပ်ရပါပါတယ်။ ရှုတ်နေတဲ့ Feature အပိုတွေလည်းမပါပါဘူး။ Android မှာရော iOS မှာရော အသုံးပြုလို့ရပါတယ်။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။