[Zawgyi]

ခ်စ္သူရည္းစားေတြအၾကား ဘယ္အခ်ိန္မွာ ခဏခပ္ခြာခြာေနသင့္လဲ

Take A Break လုပ္တယ္ဆိုတာ အေနာက္တုိင္းစံုတြဲေတြ၊ ေခတ္မီတဲ့ စံုတြဲေတြ ၾကားမွာ ေခတ္စားပါတယ္။ ခ်စ္သူရည္းစားႏွစ္ေယာက္အၾကား အျပီးအျပတ္ ျပတ္စဲတာ မဟုတ္ဘဲ ျပႆနာေတြကေန ခဏေရွာင္ဖယ္ဖို႔ ၊ ကိုယ့္ကိုယ္ကုိယ္ဆန္းစစ္ဖို႔ Break ယူၾကတာနဲ႔ ယိုယြင္းေနတဲ့ ဆက္ဆံေရးေတြကို ျပဳျပင္ဖို႔ ခဏမေတြ႔ဘဲ ေနၾကတာ ျဖစ္ပါတယ္။ ျမန္မာျပည္ရဲ႕ ထံုးစံကေတာ့ ဒီလို Break လုပ္တာ မရွိတဲ့အတြက္ ျပတ္မယ္ဆို တစ္ခါတည္းျပတ္သြားတာ၊ ညွိႏႈိင္းလို႔ မရေအာင္ ျဖစ္သြားတာေတြ ခဏခဏ ၾကံဳရပါတယ္။ ဒါေၾကာင့္ပဲ Take A Break လုပ္၊ ခဏျပတ္စဲေနၾကတာဟာ ေရရွည္ ခ်စ္သူဘဝၾကီး ပ်က္စီးသြားတာထက္ေတာ့ အမ်ားၾကီး ေကာင္းပါတယ္။

Take A Break လုပ္တာ၊ ခဏခြာေနတာကေတာ့ ဟုတ္ပါျပီ။ ဘယ္အခ်ိန္မွာ ခဏမေတြ႔ဘဲ ေနသင့္လဲ၊ ဘယ္အခ်ိန္မွာ ဒီအခ်က္ကို က်င့္သံုးရမလဲ။ ဒီမွာက Take A Break လုပ္မယ္ေျပာျပီး ေနာက္တစ္ေယာက္နဲ႔ ေဖာက္ျပန္တာမ်ိဳးလည္း ရွိေသးတယ္ဆိုေတာ့ေလ.. ကဲ ဘယ္ေနရာေတြမွာ ဒီလို လုပ္သင့္လဲ ၾကည့္လုိက္ရေအာင္။

မၾကာခဏရန္ျဖစ္ေနရျပီး ဒီလို ရန္ျဖစ္ေနတာကို မရပ္တန္႔ႏုိင္ရင္လည္း ခဏ Break လုပ္သင့္ပါတယ္

ခင္ဗ်ားနဲ႔ ခင္ဗာ်းခ်စ္သူဟာ ဘာမွ ေရေရရာရာ အေၾကာင္းျပခ်က္မရွိဘဲ ေတြ႔တာနဲ႔ သတ္၊ ေတြ႔တာနဲ႔ သတ္ျဖစ္ေနျပီဆိုရင္၊ ရန္ျဖစ္ရတဲ့ အေၾကာင္းေတြကလည္း ဘာမွ မည္မည္ရရမဟုတ္ဘူးဆိုရင္ Break ယူသင့္ေနပါျပီ။

အဲဒီအခ်ိန္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခပ္ခြာခြာေနလိုက္ျခင္းက တစ္ေယာက္ရဲ႕ အယူအဆကို တစ္ေယာက္က နားလည္ေစဖို႔ အကူအညီေပးပါလိမ့္မယ္။ ရန္အၾကီးအက်ယ္ျဖစ္ျပီး စိတ္ေကာက္လို႔ မေတြ႔ပဲ ေနတာမ်ိဳးနဲ႔ေတာင္ ဒီဟာက မတူပါဘူး။ ရန္ျဖစ္လို႔ စိတ္ဆိုးျပီး မေတြ႔တာဆိုရင္ေတာ့ အဲဒီရက္ပုိင္းေတြမွာ သေဘာမတူညီရတဲ့ အေၾကာင္းနဲ႔ ရန္ျဖစ္ရတဲ့ အေၾကာင္းေတြကို ေသခ်ာစဥ္းစားေစ့ခ်င္ပါတယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ၾကား သေဘာတူညီမႈကတိကဝတ္ေတြကို ေဖာက္ဖ်က္တယ္လို႔ သံသယရွိေနတယ္ဆိုရင္

သမီးရည္းစားအေတာ္မ်ားမ်ားမွာ လက္ထပ္ပြဲလို အေလးအနက္ကိစၥမ်ိဳးကို သေဘာတူထားၾကတာေတြ ရွိပါတယ္။ ဒီလို ကိစၥမ်ိုးကုိ တစ္ဖက္ဖက္က ေအးတိေအးစက္ျဖစ္ေနျပီဆုိရင္ေတာ့ Break ခဏယူျပီး ဘာေတြ မွားယြင္းေနလဲဆိုတာ ျပန္ဆန္းစစ္ရမယ့္ အခ်ိန္ပါပဲ။ ဒီလို အခ်ိန္မွာ ေဝးေဝးေနလိုက္တာဟာ တစ္ဖက္လူက ကိုယ့္ကို ဘယ္ေလာက္လုိအပ္တယ္ဆိုတာ သိေစသလို ကိုယ္ကလည္း ကိုယ့္ခ်စ္သူကို ဘယ္ေလာက္လိုအပ္တယ္ဆုိုတာ သိသာေစပါတယ္။

အဲဒီလို မဟုတ္ဘဲ ကုိယ့္ဘက္က ေနစိမ့္ႏုိင္တယ္၊ ေသြးေအးတယ္ဆုိရင္လည္း ဒီအခ်ိန္ဟာ ႏွစ္ေယာက္လံုးအတြက္ ျပန္စဥ္းစားရမယ့္အ ခ်ိန္ပါပဲ။ တခ်ိဳ႕ေတြက်ေတာ့ ကိုယ့္ခ်စ္သူကို ခ်စ္ေပမယ့္ လက္ထပ္ဖို႔ေတာ့ အသင့္မျဖစ္ၾကေသးဘူးေလ။

ဒီလုိ ေနျပီးလို႔ သိလာရတဲ့ အေျဖနဲ႔ တစ္ေယာက္ကို တစ္ေယာက္ျပန္ညွိႏုိင္မယ္ဆိုရင္ မဂၤလာကိစၥလို ကိစၥမ်ိဳးမွာလည္း အဆင္ေျပေအာင္ ညွိႏုိင္မွာပါ။

ကိုယ့္ခ်စ္သူက ကိုယ့္ကို လွည့္ျဖားေနတယ္၊ ေဖာက္ျပန္ေနတယ္ဆိုရင္လည္း အဲဒီအခ်ိန္ဟာ ခဏခြာျပီး ဆံုးျဖတ္ရမယ့္ အခ်ိန္ပါ

စိတ္နဲ႔ပဲ ျဖစ္ျဖစ္၊ ရုပ္ပိုင္းဆိုင္ရာ ေဖာက္ျပန္တာဟာ ခ်စ္သူစံုတြဲေတာ္ေတာ္မ်ားမ်ားရဲ႕ ျပတ္စဲၾကတဲ့ အေၾကာင္းရင္းပါပဲ။ ဒါေပမယ့္ ကုိယ္က ကုိယ့္ေကာင္မေလး/ ေကာင္ေလးကို အရမး္ခ်စ္ေနတယ္ဆိုရင္ ဒီလိုမ်ိဳး ေဖာက္ခံရလည္း ျပတ္စဲဖို႔ ခက္ခဲပါတယ္။ အထူးသျဖင့္ကိုယ္က သူ႔ကို အရမ္းျငိတြယ္ေနတဲ့အခ်ိန္မ်ိဳးေပါ့။

ဒါေၾကာင့္ ကိုယ့္ခ်စ္သူက ေဖာက္ျပန္ေနတယ္ဆုိရင္ ခဏအခ်ိန္ယူျပီး ဒီဆက္ဆံေရးကို ေရွ႕ဆက္သြားသင့္လား စဥ္းစားရပါေတာ့မယ္။ သူနဲ႔ ေဝးကြာေနတဲ့ခဏမွာ အရင္လို မဟုတ္ဘဲ ၾကားလူအျမင္ကေန ဒီဆက္ဆံေရးမွန္လား၊ မွားလား ျမင္တတ္လာပါလိမ့္မယ္။  ဘယ္အခ်က္ေတြကို ထည့္သြင္းစဥ္းစားရမလဲ သိရင္ေတာ့…

သူတို႔ လုပ္ခဲ့တဲ့ ကိစၥေၾကာင့္ သူတို႔ ေနာင္တရေနပါသလား၊ သူတို႔ ေနာင္တရတာကိုေရာ ျပသလား၊ ကိုယ့္ကို နာက်င္ေအာင္လုပ္ခဲ့တာကို သူတုိ႔ကိုယ္သူတို႔ သိပါသလား။

ယံုၾကည္မႈျပန္လည္တည္ေဆာက္ဖို႔ ဘာေတြ လုိတယ္ဆုိတာ သူတို႔ သိလား၊ ကိုယ္ကေရာ ဘာေတြလိုသလဲ သိပါသလား။ ပ်က္စီးေဖာက္ျပန္ခံရျပီးတဲ့ ခ်စ္သူရည္းစားဆက္ဆံေရးဟာ ျပန္တည္ေဆာက္ဖို႔ အရမ္းခက္ခဲတယ္ဆိုတာ သိၾကပါ။

ကိုယ့္ရဲ႕ ခ်စ္သူရည္းစားဘဝဟာ တကယ္ေရာ ျပန္တည္ေဆာက္ဖို႔ တန္ရဲ႕လား၊ ျပန္တည္ေဆာက္မယ့္အစား ျပတ္စဲျပီး ကိုယ့္ဘဝကိုယ္ဆက္ေလွ်ာက္တာက ေကာငး္မလား။

ဒီလို အခ်က္ေတြကို ထည့္သြင္းစဥ္းစားရမွာ ျဖစ္ပါတယ္။ ဆံုးျဖတ္ခ်က္ခ်ဖို႔လည္း အရမ္းမေလာပါနဲ႔။ တကယ္လို႔ Break ယူထားတဲ့အခ်ိန္အတြင္းမွာ ကိုယ့္ရည္းစားက တစ္ခ်ိန္လံုး ဆက္သြယ္ေနရင္ ကုိယ္ဆံုးျဖတ္ခ်က္မခ်ရေသးဘူးဆိုတာ စိတ္ထဲ ထည့္ထားဖို႔ပါပဲ။

ကုိယ့္ရည္းစားနဲ႔ ကိုယ္ဆက္ဆံေရးကို မေက်မနပ္ျဖစ္ေနတာ ၾကာျပီဆုိရင္လည္း ခဏေလာက္ခပ္ခြာခြာေနသင့္ပါတယ္

ဒါကေတာ့ ရုိးရိုးရွင္းရွင္းေလးပါ၊ ဘာေတြ မေက်မနပ္ျဖစ္ေနရတယ္ဆုိတာ အေျဖရွာဖို႔နဲ႔ ဘာေတြလုပ္လို႔ရမလဲဆိုတာ စဥ္းစားဖို႔ပါ။ ဒီလို ခပ္ခြာခြာေနလိုက္ေတာ့မွလည္း ကိုယ့္ရည္းစားက ေၾကာက္ျပီး သူဘာေတြ ျပင္ရမလဲ စဥ္းစားမိမွာ ျဖစ္ပါတယ္။

ဒီလို အခ်က္ေတြကလြဲလို႔ Break မယူသင့္ပါဘူး။ ကိုယ္က တျခားသူနဲ႔ ေဖာက္ျပန္ခ်င္လို႔ ျဖစ္ျဖစ္၊ စိတ္ေကာက္ရန္ျဖစ္ၾကတဲ့အခါ အႏုိင္လိုခ်င္လို႔ျဖစ္ျဖစ္ ခဏေဝးၾကရေအာင္လို႔ ေျပာတာမ်ိဳးကေတာ့ မလုပ္သင့္တဲ့ လုပ္ရပ္ျဖစ္ပါတယ္။ ဒါေၾကာင့္ Take A Break ေလးကို ခ်င့္ခ်ိန္ယူျပီး အဆင္ေျပေပ်ာ္ရႊင္တဲ့ ခ်စ္သူရည္းစားဘဝကို တည္ေဆာက္ႏိုင္ၾကပါေစ။

Yoe Lu (Akhayar)

www.akhayar.com

Source : Lifehack.org
[Unicode]

ချစ်သူရည်းစားတွေအကြား ဘယ်အချိန်မှာ ခဏခပ်ခွာခွာနေသင့်လဲ

Take A Break လုပ်တယ်ဆိုတာ အနောက်တိုင်းစုံတွဲတွေ၊ ခေတ်မီတဲ့ စုံတွဲတွေ ကြားမှာ ခေတ်စားပါတယ်။ ချစ်သူရည်းစားနှစ်ယောက်အကြား အပြီးအပြတ် ပြတ်စဲတာ မဟုတ်ဘဲ ပြဿနာတွေကနေ ခဏရှောင်ဖယ်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ဖို့ Break ယူကြတာနဲ့ ယိုယွင်းနေတဲ့ ဆက်ဆံရေးတွေကို ပြုပြင်ဖို့ ခဏမတွေ့ဘဲ နေကြတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ထုံးစံကတော့ ဒီလို Break လုပ်တာ မရှိတဲ့အတွက် ပြတ်မယ်ဆို တစ်ခါတည်းပြတ်သွားတာ၊ ညှိနှိုင်းလို့ မရအောင် ဖြစ်သွားတာတွေ ခဏခဏ ကြုံရပါတယ်။ ဒါကြောင့်ပဲ Take A Break လုပ်၊ ခဏပြတ်စဲနေကြတာဟာ ရေရှည် ချစ်သူဘဝကြီး ပျက်စီးသွားတာထက်တော့ အများကြီး ကောင်းပါတယ်။

Take A Break လုပ်တာ၊ ခဏခွာနေတာကတော့ ဟုတ်ပါပြီ။ ဘယ်အချိန်မှာ ခဏမတွေ့ဘဲ နေသင့်လဲ၊ ဘယ်အချိန်မှာ ဒီအချက်ကို ကျင့်သုံးရမလဲ။ ဒီမှာက Take A Break လုပ်မယ်ပြောပြီး နောက်တစ်ယောက်နဲ့ ဖောက်ပြန်တာမျိုးလည်း ရှိသေးတယ်ဆိုတော့လေ.. ကဲ ဘယ်နေရာတွေမှာ ဒီလို လုပ်သင့်လဲ ကြည့်လိုက်ရအောင်။

မကြာခဏရန်ဖြစ်နေရပြီး ဒီလို ရန်ဖြစ်နေတာကို မရပ်တန့်နိုင်ရင်လည်း ခဏ Break လုပ်သင့်ပါတယ်

ခင်ဗျားနဲ့ ခင်ဗာျးချစ်သူဟာ ဘာမှ ရေရေရာရာ အကြောင်းပြချက်မရှိဘဲ တွေ့တာနဲ့ သတ်၊ တွေ့တာနဲ့ သတ်ဖြစ်နေပြီဆိုရင်၊ ရန်ဖြစ်ရတဲ့ အကြောင်းတွေကလည်း ဘာမှ မည်မည်ရရမဟုတ်ဘူးဆိုရင် Break ယူသင့်နေပါပြီ။

အဲဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေလိုက်ခြင်းက တစ်ယောက်ရဲ့ အယူအဆကို တစ်ယောက်က နားလည်စေဖို့ အကူအညီပေးပါလိမ့်မယ်။ ရန်အကြီးအကျယ်ဖြစ်ပြီး စိတ်ကောက်လို့ မတွေ့ပဲ နေတာမျိုးနဲ့တောင် ဒီဟာက မတူပါဘူး။ ရန်ဖြစ်လို့ စိတ်ဆိုးပြီး မတွေ့တာဆိုရင်တော့ အဲဒီရက်ပိုင်းတွေမှာ သဘောမတူညီရတဲ့ အကြောင်းနဲ့ ရန်ဖြစ်ရတဲ့ အကြောင်းတွေကို သေချာစဉ်းစားစေ့ချင်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်ကြား သဘောတူညီမှုကတိကဝတ်တွေကို ဖောက်ဖျက်တယ်လို့ သံသယရှိနေတယ်ဆိုရင်

သမီးရည်းစားအတော်များများမှာ လက်ထပ်ပွဲလို အလေးအနက်ကိစ္စမျိုးကို သဘောတူထားကြတာတွေ ရှိပါတယ်။ ဒီလို ကိစ္စမျိုးကို တစ်ဖက်ဖက်က အေးတိအေးစက်ဖြစ်နေပြီဆိုရင်တော့ Break ခဏယူပြီး ဘာတွေ မှားယွင်းနေလဲဆိုတာ ပြန်ဆန်းစစ်ရမယ့် အချိန်ပါပဲ။ ဒီလို အချိန်မှာ ဝေးဝေးနေလိုက်တာဟာ တစ်ဖက်လူက ကိုယ့်ကို ဘယ်လောက်လိုအပ်တယ်ဆိုတာ သိစေသလို ကိုယ်ကလည်း ကိုယ့်ချစ်သူကို ဘယ်လောက်လိုအပ်တယ်ဆိုတာ သိသာစေပါတယ်။

အဲဒီလို မဟုတ်ဘဲ ကိုယ့်ဘက်က နေစိမ့်နိုင်တယ်၊ သွေးအေးတယ်ဆိုရင်လည်း ဒီအချိန်ဟာ နှစ်ယောက်လုံးအတွက် ပြန်စဉ်းစားရမယ့်အ ချိန်ပါပဲ။ တချို့တွေကျတော့ ကိုယ့်ချစ်သူကို ချစ်ပေမယ့် လက်ထပ်ဖို့တော့ အသင့်မဖြစ်ကြသေးဘူးလေ။

ဒီလို နေပြီးလို့ သိလာရတဲ့ အဖြေနဲ့ တစ်ယောက်ကို တစ်ယောက်ပြန်ညှိနိုင်မယ်ဆိုရင် မင်္ဂလာကိစ္စလို ကိစ္စမျိုးမှာလည်း အဆင်ပြေအောင် ညှိနိုင်မှာပါ။

ကိုယ့်ချစ်သူက ကိုယ့်ကို လှည့်ဖြားနေတယ်၊ ဖောက်ပြန်နေတယ်ဆိုရင်လည်း အဲဒီအချိန်ဟာ ခဏခွာပြီး ဆုံးဖြတ်ရမယ့် အချိန်ပါ

စိတ်နဲ့ပဲ ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ ဖောက်ပြန်တာဟာ ချစ်သူစုံတွဲတော်တော်များများရဲ့ ပြတ်စဲကြတဲ့ အကြောင်းရင်းပါပဲ။ ဒါပေမယ့် ကိုယ်က ကိုယ့်ကောင်မလေး/ ကောင်လေးကို အရမ်းချစ်နေတယ်ဆိုရင် ဒီလိုမျိုး ဖောက်ခံရလည်း ပြတ်စဲဖို့ ခက်ခဲပါတယ်။ အထူးသဖြင့်ကိုယ်က သူ့ကို အရမ်းငြိတွယ်နေတဲ့အချိန်မျိုးပေါ့။

ဒါကြောင့် ကိုယ့်ချစ်သူက ဖောက်ပြန်နေတယ်ဆိုရင် ခဏအချိန်ယူပြီး ဒီဆက်ဆံရေးကို ရှေ့ဆက်သွားသင့်လား စဉ်းစားရပါတော့မယ်။ သူနဲ့ ဝေးကွာနေတဲ့ခဏမှာ အရင်လို မဟုတ်ဘဲ ကြားလူအမြင်ကနေ ဒီဆက်ဆံရေးမှန်လား၊ မှားလား မြင်တတ်လာပါလိမ့်မယ်။  ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားရမလဲ သိရင်တော့…

သူတို့ လုပ်ခဲ့တဲ့ ကိစ္စကြောင့် သူတို့ နောင်တရနေပါသလား၊ သူတို့ နောင်တရတာကိုရော ပြသလား၊ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့တာကို သူတို့ကိုယ်သူတို့ သိပါသလား။

ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ ဘာတွေ လိုတယ်ဆိုတာ သူတို့ သိလား၊ ကိုယ်ကရော ဘာတွေလိုသလဲ သိပါသလား။ ပျက်စီးဖောက်ပြန်ခံရပြီးတဲ့ ချစ်သူရည်းစားဆက်ဆံရေးဟာ ပြန်တည်ဆောက်ဖို့ အရမ်းခက်ခဲတယ်ဆိုတာ သိကြပါ။

ကိုယ့်ရဲ့ ချစ်သူရည်းစားဘဝဟာ တကယ်ရော ပြန်တည်ဆောက်ဖို့ တန်ရဲ့လား၊ ပြန်တည်ဆောက်မယ့်အစား ပြတ်စဲပြီး ကိုယ့်ဘဝကိုယ်ဆက်လျှောက်တာက ကောင်းမလား။

ဒီလို အချက်တွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့လည်း အရမ်းမလောပါနဲ့။ တကယ်လို့ Break ယူထားတဲ့အချိန်အတွင်းမှာ ကိုယ့်ရည်းစားက တစ်ချိန်လုံး ဆက်သွယ်နေရင် ကိုယ်ဆုံးဖြတ်ချက်မချရသေးဘူးဆိုတာ စိတ်ထဲ ထည့်ထားဖို့ပါပဲ။

ကိုယ့်ရည်းစားနဲ့ ကိုယ်ဆက်ဆံရေးကို မကျေမနပ်ဖြစ်နေတာ ကြာပြီဆိုရင်လည်း ခဏလောက်ခပ်ခွာခွာနေသင့်ပါတယ်

ဒါကတော့ ရိုးရိုးရှင်းရှင်းလေးပါ၊ ဘာတွေ မကျေမနပ်ဖြစ်နေရတယ်ဆိုတာ အဖြေရှာဖို့နဲ့ ဘာတွေလုပ်လို့ရမလဲဆိုတာ စဉ်းစားဖို့ပါ။ ဒီလို ခပ်ခွာခွာနေလိုက်တော့မှလည်း ကိုယ့်ရည်းစားက ကြောက်ပြီး သူဘာတွေ ပြင်ရမလဲ စဉ်းစားမိမှာ ဖြစ်ပါတယ်။

ဒီလို အချက်တွေကလွဲလို့ Break မယူသင့်ပါဘူး။ ကိုယ်က တခြားသူနဲ့ ဖောက်ပြန်ချင်လို့ ဖြစ်ဖြစ်၊ စိတ်ကောက်ရန်ဖြစ်ကြတဲ့အခါ အနိုင်လိုချင်လို့ဖြစ်ဖြစ် ခဏဝေးကြရအောင်လို့ ပြောတာမျိုးကတော့ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် Take A Break လေးကို ချင့်ချိန်ယူပြီး အဆင်ပြေပျော်ရွှင်တဲ့ ချစ်သူရည်းစားဘဝကို တည်ဆောက်နိုင်ကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source : Lifehack.org