[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားမှာ တွေ့ရမယ့်ဗီယက်နမ်မလေးငုယင်ထရန်ဟုရန်မေ

ဗီယက်နမ်မလေးငုယင်ထရန်ဟုရန်မေ ရဲ့ သရုပ်ဆောင်မှုပုံရိပ်တွေ ကို ရုံတင်တော့မယ့်တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကြီးမှာ တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ ငုယင်ထရန်ဟုရန်မေ ဟာ မြန်မာပြည်မှာအနုပညာလုပ်ငန်းတွေ ကိုလုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ဒီရုပ်ရှင်ကားကြီးမတိုင်ခင်ကလည်း ကြော်ငြာရိုက်ကူးခြင်းတွေနဲ့ MTV ရိုက်ကူးခြင်းတွေကို လုပ်ဆောင်ဖူးပါတယ်။

တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကား ကို ဒါရိုက်တာသြရသကရိုက်ကူးထားပြီး ဇာတ်လမ်း၊ဇာတ်ညွှန်း ကတော့ မိုးနီလွင် ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ နေတိုး ၊ထွန်းထွန်း ၊ ခင်ဝင့်ဝါ နဲ့ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေ တို့ပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ၈ ရက်နေ့က အထူးပွဲပြသခဲ့တာဖြစ်ပါတယ်။ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်းအခမ်းအနားကိုလည်းအနုပညာရှင်များစွာတက် ရောက်အားပေးခဲ့ကြတယ်လို့သိရပါတယ်။

Photo Credit: တိမ်တိုက်တံတား Facebook Page ၊ AyeZawMoesetthmu

ကြည်သာ (Akhayar)

www.akhayar.com