[Zawgyi]

ေဘာလုံးေလာကကုိ အေျပာင္းအလဲျဖစ္ေစခဲ့တဲ့ နည္းဗ်ဴဟာမ်ား (၂)

ေဘာလုံးေလာကမွာ မဟာဗ်ဴဟာနဲ႔ ကစားကြက္ပုံစံ ( Strategies and Formations) ေတြဟာ အသစ္ေတြ ေပၚလာလုိက္၊ ကာလအေတာ္ၾကာရင္ ေပ်ာက္ကြက္သြားလုိက္နဲ႔ သံသရာ လည္ပတ္ေနတာပါ။ ဒါေပမဲ့ တခ်ိဳ႕နည္းဗ်ဴဟာေတြၾကေတာ့ ႏွစ္ေပါင္းမ်ားစြာ တည္တံ့ခဲ့သလုိ ေခတ္အလုိက္ ေဘာလုံးသမားေတြ၊ နည္းျပေတြဟ အဲဒီ နည္းဗ်ဴဟာကုိ ႏွစ္ႏွစ္ၿခိဳက္ၿခဳိက္ အသုံးျပဳခဲ့တာေတြလည္း ရွိပါတယ္။ တခ်ိဳ႕ Strategies ေတြဆုိရင္ အခုလက္ရွိအခ်ိန္အထိ ေဘာလုံးေလာကမွာ လႊမ္းမုိးမႈ ရွိေနဆဲပါပဲ။ အခုေဖာ္ျပမွာက ေဘာလုံးေလာကကုိ ႀကီးႀကီးမားမား ေျပာင္းလဲေစခဲ့တဲ့ နည္းဗ်ဴဟာအေၾကာင္း အပိုင္း(၂)ျဖစ္ၿပီး တစ္ေခတ္တစ္ခါက ေရပန္းစားခဲ့တဲ့ Total Football အေၾကာင္းကုိ Akhayar Sports ပရိသတ္ေတြအတြက္ ေဖာ္ျပလုိက္ပါတယ္  . . .

Johan-Cruyff-and-Rinus-Michels

Johan-Cruyff-and-Rinus-Michels

“Total football”
Total football ဆုိတာနဲ႔ ေရးနပ္စ္မစ္ရွယ္ Rinus Michels ၊ ယုိဟန္ခ႐ုိက္ဖ္ Johan Cruyff တို႔ကုိ ပရိသတ္ေတြ ျပန္လည္ျမင္ေယာင္မိမွာ အေသအခ်ာပါပဲ။ ဒီနည္းဗ်ဴဟာနဲ႔ နယ္သာလန္၊ ေအဂ်က္စ္အသင္းတို႔ဟာ ကမၻာ႔ေဘာလုံးစင္ျမင့္ထက္မွာ သမုိင္း၀င္ ေအာင္ျမင္မႈေတြ ရယူခဲ့ၾကဖူးတယ္။ Total football ကုိ ေရးနပ္စ္မစ္ရွယ္နဲ႔တဲြဖက္ၿပီး လူသိမ်ားေပမယ့္ တကယ္တမ္း ဒီ နည္းဗ်ဴဟာကုိ ဖန္တီးခဲ့သူက ေအဂ်က္စ္အသင္းရဲ႕ ဂႏၳ၀င္နည္းျပတစ္ဦးျဖစ္တဲ့ ဂ်က္ေရးႏုိးလ္ Jack Reynolds ပါ။

Jack-Reynolds

Jack-Reynolds

Total football နည္းဗ်ဴဟာရဲ႕ Basic Theory က ဂုိးသမားကလဲြၿပီး က်န္တဲ့ Outfield Player ေတြ အကုန္လုံး ေနရာစုံ ကစားႏုိင္ရမယ္ဆုိတဲ့ အခ်က္ပါပဲ။ ဥပမာေျပာရရင္ ‎Centre-back တစ္ဦးက တိုက္စစ္ကုိ ေရွ႕အထိ လုိက္ၿပီဆုိရင္ သူ႔ေနရာကုိ ကြင္းလယ္လူတစ္ဦးက အစားျပန္ျဖည့္ရမွာျဖစ္ၿပီး တကယ္လုိ႔ တိုက္စစ္မွဴးဟာ ေတာင္ပံထြက္ ကစားခဲ့မယ္ဆုိရင္ Winger က Central Position ကုိ ေနရာယူရမွာျဖစ္ပါတယ္။ ဒီလုိ ကစားပုံေၾကာင့္ ဘယ္လုိ Formation နဲ႔ ကစားမလဲဆိုတာ ၿပိဳင္ဘက္ေတြအတြက္ ခန္႔မွန္းရခက္ေစၿပီး တစ္ေယာက္ခ်င္းကုိလည္း Marking လုပ္ဖုိ႔ မျဖစ္ႏုိင္ေတာ့ပါဘူး။

Netherlands-and-Ajax-Formation

Netherlands-and-Ajax-Formation

Total Football ရဲ႕ ဖခင္ႀကီးလုိ႔ တင္စားရမယ့္ ဂ်က္ေရးႏုိးလ္ရဲ႕ နည္းဗ်ဴဟာကုိ ၁၉၅၀ ၀န္းက်င္မွာ ဟန္ေဂရီအသင္းနည္းျပ Gusztáv Sebes က ပုိေကာင္းလာေအာင္ ျပင္ဆင္ခဲ့တယ္။ ဒီ နည္းဗ်ဴဟာနဲ႔ ဟန္ေဂရီအသင္း ေအာင္ျမင္မႈေတြရယူခ့ဲခ်ိန္မွာ ဘန္ေလအသင္းနည္းျပ Jimmy Hogan ကလည္း အဲဒီ Style ကုိ အတုခုိးခဲ့တာေၾကာင့္ Total Football ဟာ အဲဒီအခ်ိန္ခါတုန္းက တျဖည္းျဖည္းလူသိမ်ားလာခဲ့တယ္။ ဒီနည္းဗ်ဴကုိ Develop ထပ္လုပ္ၿပီး သမုိင္း၀င္ေအာင္ျမင္မႈေတြ ရယူခဲ့သူက ေရးနပ္စ္မစ္ရွယ္ပါပဲ။

Rinus-Michels

Rinus-Michels

ေရးနပ္စ္မစ္ရွယ္ဟာ ဂ်က္ေရးႏုိးလ္ရဲ႕ လက္ေအာက္မွာ ကစားခဲ့ဖူးလုိ႔ ဒီနည္းစနစ္ကုိ ေကာင္းေကာင္း ေက်ညက္နားလည္ထားသူပါ။ ေရးနပ္စ္မစ္ရွယ္ရဲ႕ Total Football မွာ အေကာင္းဆုံး ေျခစြမ္းျပခ့ဲတာက ဒတ္ခ်္ဂႏၳ၀င္ ယုိဟန္ခ႐ုိက္ပဲျဖစ္ပါတယ္။ အဲဒီနည္းဗ်ဴဟာနဲ႔ ေအဂ်က္စ္အသင္းဟာ ဥေရာပဖလား (ခ်န္ပီယံလိဂ္)ကုိ ၁၉၇၂ ကေန ၁၉၇၄ အထိ (၃)ႏွစ္ဆက္ ရယူခဲ့သလုိ ေရးနက္စ္မစ္ရွယ္ဟာ ၁၉၇၄ ကမၻာ႔ဖလားမွာ နယ္သာလန္အသင္းကုိ ဒုတိယ၊ ယူ႐ုိ-၁၉၈၈ ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ခ့ဲပါတယ္။

Johan-Cruyff

Johan-Cruyff

ေအဂ်က္စ္အသင္းကုိ ေရးနက္စ္မစ္ရွယ္ ကုိင္တြယ္ခဲ့တုန္းက သူဟာ အကယ္ဒီ ကစားသမားေတြ အားလုံး (၄-၃-၃)ကစားကြက္မွာ ေနရာစုံ ကစားတတ္ေအာင္ ေလ့က်င့္ခုိင္းခဲ့တယ္။ Total Football ကုိ အေမြဆက္ခံခဲ့သူက ယုိဟန္ခ႐ုိက္ဖ္ျဖစ္ၿပီး သူလက္ထက္မွာ အေျပာင္းအလဲ နည္းနည္းေတာ့ လုပ္ခဲ့ပါေသးတယ္။ ယုိဟန္ခ႐ုိက္ဖ္ဟာ ဘာစီလုိနာအသင္းကုိ ကုိင္တြယ္ခဲ့တုန္းက ၃-၄-၃ Diamond Shape ကစားကြက္ အသုံးျပဳခဲ့ၿပီး အဲဒီကစားကြက္မွာ ကြင္းလယ္ဗုိလ္ခ်ဳပ္ျဖစ္လာတာက ဂြါဒီယုိလာ Guardiola ဆုိတဲ့ လူငယ္ကစားသမားတစ္ဦး ျဖစ္ပါတယ္။

Johan-Cruyff-and-Guardiola

Johan-Cruyff-and-Guardiola

ယုိဟန္ခ႐ုိက္ဖ္ဟာလည္း ဘာစီလုိနာအသင္းမွာ ဆုဖလားေတြ အမ်ားႀကီး ရယူခဲ့ၿပီး လာလီဂါ(၄)ႀကိမ္ဆက္၊ ဥေရာပဖလား (၁)ႀကိမ္ရယူႏုိင္ခဲ့တယ္။ အခုေနာက္ပုိင္းႏွစ္ေတြမွာ Total Football အခန္းက႑က ေမွးမိွန္သြားေပမယ့္ ဒီနည္းဗ်ဴဟာကုိ အေျခခံၿပီး ဆင့္ကဲျဖစ္တည္လာတဲ့ နည္းဗ်ဴဟာေတြ ထြက္ေပၚေနဆဲျဖစ္ပါေတာ့တယ္ . .

REF:sportskeeda
Photo:Knvb,These Football Times,El País,fantasista10,Pinterest
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ နည်းဗျူဟာများ (၂)

ဘောလုံးလောကမှာ မဟာဗျူဟာနဲ့ ကစားကွက်ပုံစံ ( Strategies and Formations) တွေဟာ အသစ်တွေ ပေါ်လာလိုက်၊ ကာလအတော်ကြာရင် ပျောက်ကွက်သွားလိုက်နဲ့ သံသရာ လည်ပတ်နေတာပါ။ ဒါပေမဲ့ တချို့နည်းဗျူဟာတွေကြတော့ နှစ်ပေါင်းများစွာ တည်တံ့ခဲ့သလို ခေတ်အလိုက် ဘောလုံးသမားတွေ၊ နည်းပြတွေဟ အဲဒီ နည်းဗျူဟာကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုခဲ့တာတွေလည်း ရှိပါတယ်။ တချို့ Strategies တွေဆိုရင် အခုလက်ရှိအချိန်အထိ ဘောလုံးလောကမှာ လွှမ်းမိုးမှု ရှိနေဆဲပါပဲ။ အခုဖော်ပြမှာက ဘောလုံးလောကကို ကြီးကြီးမားမား ပြောင်းလဲစေခဲ့တဲ့ နည်းဗျူဟာအကြောင်း အပိုင်း(၂)ဖြစ်ပြီး တစ်ခေတ်တစ်ခါက ရေပန်းစားခဲ့တဲ့ Total Football အကြောင်းကို Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်  . . .

Johan-Cruyff-and-Rinus-Michels

Johan-Cruyff-and-Rinus-Michels

“Total football”
Total football ဆိုတာနဲ့ ရေးနပ်စ်မစ်ရှယ် Rinus Michels ၊ ယိုဟန်ခရိုက်ဖ် Johan Cruyff တို့ကို ပရိသတ်တွေ ပြန်လည်မြင်ယောင်မိမှာ အသေအချာပါပဲ။ ဒီနည်းဗျူဟာနဲ့ နယ်သာလန်၊ အေဂျက်စ်အသင်းတို့ဟာ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်မှာ သမိုင်းဝင် အောင်မြင်မှုတွေ ရယူခဲ့ကြဖူးတယ်။ Total football ကို ရေးနပ်စ်မစ်ရှယ်နဲ့တွဲဖက်ပြီး လူသိများပေမယ့် တကယ်တမ်း ဒီ နည်းဗျူဟာကို ဖန်တီးခဲ့သူက အေဂျက်စ်အသင်းရဲ့ ဂန္ထဝင်နည်းပြတစ်ဦးဖြစ်တဲ့ ဂျက်ရေးနိုးလ် Jack Reynolds ပါ။

Jack-Reynolds

Jack-Reynolds

Total football နည်းဗျူဟာရဲ့ Basic Theory က ဂိုးသမားကလွဲပြီး ကျန်တဲ့ Outfield Player တွေ အကုန်လုံး နေရာစုံ ကစားနိုင်ရမယ်ဆိုတဲ့ အချက်ပါပဲ။ ဥပမာပြောရရင် ‎Centre-back တစ်ဦးက တိုက်စစ်ကို ရှေ့အထိ လိုက်ပြီဆိုရင် သူ့နေရာကို ကွင်းလယ်လူတစ်ဦးက အစားပြန်ဖြည့်ရမှာဖြစ်ပြီး တကယ်လို့ တိုက်စစ်မှူးဟာ တောင်ပံထွက် ကစားခဲ့မယ်ဆိုရင် Winger က Central Position ကို နေရာယူရမှာဖြစ်ပါတယ်။ ဒီလို ကစားပုံကြောင့် ဘယ်လို Formation နဲ့ ကစားမလဲဆိုတာ ပြိုင်ဘက်တွေအတွက် ခန့်မှန်းရခက်စေပြီး တစ်ယောက်ချင်းကိုလည်း Marking လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

Netherlands-and-Ajax-Formation

Netherlands-and-Ajax-Formation

Total Football ရဲ့ ဖခင်ကြီးလို့ တင်စားရမယ့် ဂျက်ရေးနိုးလ်ရဲ့ နည်းဗျူဟာကို ၁၉၅၀ ဝန်းကျင်မှာ ဟန်ဂေရီအသင်းနည်းပြ Gusztáv Sebes က ပိုကောင်းလာအောင် ပြင်ဆင်ခဲ့တယ်။ ဒီ နည်းဗျူဟာနဲ့ ဟန်ဂေရီအသင်း အောင်မြင်မှုတွေရယူခဲ့ချိန်မှာ ဘန်လေအသင်းနည်းပြ Jimmy Hogan ကလည်း အဲဒီ Style ကို အတုခိုးခဲ့တာကြောင့် Total Football ဟာ အဲဒီအချိန်ခါတုန်းက တဖြည်းဖြည်းလူသိများလာခဲ့တယ်။ ဒီနည်းဗျူကို Develop ထပ်လုပ်ပြီး သမိုင်းဝင်အောင်မြင်မှုတွေ ရယူခဲ့သူက ရေးနပ်စ်မစ်ရှယ်ပါပဲ။

Rinus-Michels

Rinus-Michels

ရေးနပ်စ်မစ်ရှယ်ဟာ ဂျက်ရေးနိုးလ်ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးလို့ ဒီနည်းစနစ်ကို ကောင်းကောင်း ကျေညက်နားလည်ထားသူပါ။ ရေးနပ်စ်မစ်ရှယ်ရဲ့ Total Football မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တာက ဒတ်ချ်ဂန္ထဝင် ယိုဟန်ခရိုက်ပဲဖြစ်ပါတယ်။ အဲဒီနည်းဗျူဟာနဲ့ အေဂျက်စ်အသင်းဟာ ဥရောပဖလား (ချန်ပီယံလိဂ်)ကို ၁၉၇၂ ကနေ ၁၉၇၄ အထိ (၃)နှစ်ဆက် ရယူခဲ့သလို ရေးနက်စ်မစ်ရှယ်ဟာ ၁၉၇၄ ကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းကို ဒုတိယ၊ ယူရို-၁၉၈၈ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့ပါတယ်။

Johan-Cruyff

Johan-Cruyff

အေဂျက်စ်အသင်းကို ရေးနက်စ်မစ်ရှယ် ကိုင်တွယ်ခဲ့တုန်းက သူဟာ အကယ်ဒီ ကစားသမားတွေ အားလုံး (၄-၃-၃)ကစားကွက်မှာ နေရာစုံ ကစားတတ်အောင် လေ့ကျင့်ခိုင်းခဲ့တယ်။ Total Football ကို အမွေဆက်ခံခဲ့သူက ယိုဟန်ခရိုက်ဖ်ဖြစ်ပြီး သူလက်ထက်မှာ အပြောင်းအလဲ နည်းနည်းတော့ လုပ်ခဲ့ပါသေးတယ်။ ယိုဟန်ခရိုက်ဖ်ဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့တုန်းက ၃-၄-၃ Diamond Shape ကစားကွက် အသုံးပြုခဲ့ပြီး အဲဒီကစားကွက်မှာ ကွင်းလယ်ဗိုလ်ချုပ်ဖြစ်လာတာက ဂွါဒီယိုလာ Guardiola ဆိုတဲ့ လူငယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Johan-Cruyff-and-Guardiola

Johan-Cruyff-and-Guardiola

ယိုဟန်ခရိုက်ဖ်ဟာလည်း ဘာစီလိုနာအသင်းမှာ ဆုဖလားတွေ အများကြီး ရယူခဲ့ပြီး လာလီဂါ(၄)ကြိမ်ဆက်၊ ဥရောပဖလား (၁)ကြိမ်ရယူနိုင်ခဲ့တယ်။ အခုနောက်ပိုင်းနှစ်တွေမှာ Total Football အခန်းကဏ္ဍက မှေးမှိန်သွားပေမယ့် ဒီနည်းဗျူဟာကို အခြေခံပြီး ဆင့်ကဲဖြစ်တည်လာတဲ့ နည်းဗျူဟာတွေ ထွက်ပေါ်နေဆဲဖြစ်ပါတော့တယ် . .

REF:sportskeeda
Photo:Knvb,These Football Times,El País,fantasista10,Pinterest
Naing Linn(Akhayar)
www.akhayar.com