[Zawgyi]

ေဘာလုံးေလာကကုိ အေျပာင္းအလဲျဖစ္ေစခဲ့တဲ့ နည္းဗ်ဴဟာမ်ား (၃)

ေဘာလုံးေလာကမွာ မဟာဗ်ဴဟာနဲ႔ ကစားကြက္ပုံစံ ( Strategies and Formations) ေတြဟာ အသစ္ေတြ ေပၚလာလုိက္၊ ကာလအေတာ္ၾကာရင္ ေပ်ာက္ကြက္သြားလုိက္နဲ႔ သံသရာ လည္ပတ္ေနတာပါ။ ဒါေပမဲ့ တခ်ိဳ႕နည္းဗ်ဴဟာေတြၾကေတာ့ ႏွစ္ေပါင္းမ်ားစြာ တည္တံ့ခဲ့သလုိ ေခတ္အလုိက္ ေဘာလုံးသမားေတြ၊ နည္းျပေတြဟာ အဲဒီ နည္းဗ်ဴဟာကုိ ႏွစ္ႏွစ္ၿခိဳက္ၿခဳိက္ အသုံးျပဳခဲ့တာေတြလည္း ရွိပါတယ္။

gegenpressing-1

gegenpressing-1

တခ်ိဳ႕ Strategies ေတြဆုိရင္ အခုလက္ရွိအခ်ိန္အထိ ေဘာလုံးေလာကမွာ လႊမ္းမုိးမႈ ရွိေနဆဲပါပဲ။ အခုေဖာ္ျပမွာက ေဘာလုံးေလာကကုိ ႀကီးႀကီးမားမား ေျပာင္းလဲေစခဲ့တဲ့ နည္းဗ်ဴဟာေတြထဲက GEGENPRESSING အေၾကာင္းကုိ ေဖာ္ျပလုိက္ပါတယ္ . .

GEGENPRESSING
ဒီေန႔ေခတ္ ကမၻာ႔ေဘာလုံးေလာကမွာ ထင္ရွားလာတဲ့ နည္းဗ်ဴဟာျဖစ္ၿပီး တျခားနည္းဗ်ဴဟာေတြနဲ႔ မတူတာက GEGENPRESSING ဟာ ၿပီးျပည့္စုံတဲ့ Game plan တစ္ခု မဟုတ္တာပါပဲ။ ေရွး႐ုိးစဲြ Pressing Football Style ကုိ ေခတ္နဲ႔အညီျဖစ္ေအာင္ ျပင္ဆင္ထားတယ္လုိ႔လည္း ေျပာႏုိင္တယ္။ GEGENPRESSING ဆုိတာက ဂ်ာမန္အသုံးအႏႈန္းျဖစ္ၿပီး ဒီနည္းဗ်ဴဟာရဲ႕ အဓိက လုပ္ေဆာင္ခ်က္က ၿပိဳင္ဘက္ဆီကေန ေဘာလုံးမထြက္လာေအာင္ လမ္းေၾကာင္းေတြကုိ ပိတ္ဆုိ႔မယ္၊ ေဘာလုံးဆုံး႐ႈံးသြားရင္ အျမန္ဆုံး ျပန္လည္ရယူဖုိ႔ပါပဲ။

GEGENPRESSING

GEGENPRESSING

အသင္းတိုင္းရဲ႕ ရည္မွန္းခ်က္ ၿပိဳင္ဘက္ကို Press လုပ္ဖုိ႔ျဖစ္ၿပီး ကစားကြက္အေပၚ မူတည္ၿပီး ေျပာင္းလဲသြားတာပဲရွိပါတယ္။ တခ်ိဳ႕အသင္းေတြက ကြင္းလယ္ေလာက္မွာပဲ Press လုပ္တာကုိ ႀကိဳက္ႏွစ္သက္ေပမယ့္ တခ်ိဳ႕ကေတာ့ ၿပိဳင္ဘက္ရဲ႕ ဂုိးဧရိယာထဲအထိ Pressing လုပ္ၾကတယ္။ တခ်ဳိ႕ၾကေတာ့ ကုိယ့္အသင္းဧရိယာထဲအထိ ၿပိဳင္ဘက္ကုိ ဆဲြေခၚ၊ ၿပီးေတာ့မွ ခံစစ္ကစားသမားေတြက ေဘာလုံးလုယူ တန္ျပန္တိုက္စစ္ကုိ အျမန္ဆုံးျပန္စတင္ဖုိ႔ပါပဲ။ Pressing Game ရဲ႕ ဖခင္ႀကီးလုိ႔ဆုိရမွာက မာဆယ္လုိဘီယဲလ္ဆာ Marcelo Bielsa လုိ႔ သတ္မွတ္ရမယ္။ အာဂ်င္တီးနား၊ ခ်ီလီအသင္းတို႔ကုိ ကုိင္တြယ္ခဲ့တုန္းက သူ အသုံးျပဳခဲ့တဲ့ (၃-၃-၃-၁) နည္းဗ်ဴဟာက အလုပ္ျဖစ္ခဲ့ၿပီး ေဘာလုံးေလာကမွာ လ်မ္းလ်မ္းေတာက္ ေအာင္ျမင္ခဲ့ဖူးတယ္။

Marcelo-Bielsa

Marcelo-Bielsa

သူ႔ရဲ႕ နည္းဗ်ဴဟာေတြကုိ အတုခုိးခဲ့တာက ပုိခ်က္တီႏုိ Mauricio Pochettino ၊ ဆမ္ပါအုိလီ Jorge Sampaoli ၊ ဂြါဒီယုိလာ Guardiola တို႔ပဲျဖစ္ပါတယ္။ မန္စီးတီးအသင္းမွာ အသုံးျပဳေနတဲ့ ဂြါဒီယုိလာရဲ႕ နည္းဗ်ဴဟာေတြက ဘီယဲလ္ဆာ နည္းဗ်ဴဟာေတြနဲ႔ ဆင္တူယုိးမွားေတြပါ။ ဒါေပမဲ့ GEGENPRESSING ရဲ႕ အႏွစ္သာရအတိုင္း အေကာင္အထည္ေဖာ္ခဲ့တာက လီဗာပူးလ္အသင္းနည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ပါပဲ။

Klopps-Borussia-Dortmund

Klopps-Borussia-Dortmund

ယာဂန္ကေလာ့ပ္ရဲ႕ ခံယူခ်က္က ကုိယ့္ဆီက ေဘာလုံးဆုံး႐ႈံးသြားရင္ ၿပိဳင္ဘက္ဆီက အျမန္ဆုံး ျပန္လည္ရယူဖုိ႔ျဖစ္ၿပီး ၿပိဳင္ဘက္က ေဘာလုံးရခ်ိန္မွာ Passing လုပ္ဖုိ႔ အာ႐ုံစုိက္ေနတာေၾကာင့္ ေဘာလုံးျပန္လုဖုိ႔ အေကာင္းဆုံးအေနအထားလုိ႔ ယူဆထားတာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က ေဘာလုံးကုိင္ထားတဲ့ ၿပိဳင္ဘက္ဟာ Passing Skill မေကာင္းဘူးဆုိရင္ အဲဒီကစားသမားကုိ လူသိပ္မကပ္ထားဘူး။ သူ႔ဆီကေန ေပးႏုိင္ေျခမ်ားတဲ့ ကစားသမားကုိ Marking လုပ္ထားတာပါပဲ။ ဒါကလည္း GEGENPRESSING ရဲ႕ အဓိကက်တဲ့ အခ်က္တစ္ခုပါ။ ေဒ့ါမြန္ကုိ ကုိင္တြယ္ခဲ့တုန္းက ယာဂန္ကေလာ့ပ္ဟာ အဲဒီနည္းဗ်ဴဟာအတိုင္း ဘြန္ဒစ္လီဂါခ်န္ပီယံဆု (၂)ႀကိမ္ ရရွိခဲ့ၿပီး ၂၀၁၂-၁၃ ရာသီတုန္းကလည္း ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြအထိ ပုိ႔ေဆာင္ေပးႏုိင္ခဲ့တယ္။

gegenpressing

gegenpressing

တစ္ခုရွိတာက Tempo ကို လုိက္ၿပီး Pressing လုပ္ဖုိ႔လည္း လုိပါတယ္။ တစ္ခ်ိန္လုံး Press လုပ္ေနရင္ ကစားသမားေတြရဲ႕ သက္လုံပုိင္းက စကားေျပာလာႏုိင္တယ္။ ဒီနည္းဗ်ဴဟာရဲ႕ အားနည္းခ်က္က ၿပိဳင္ဘက္အသင္းဟာ ခံစစ္ကေန အျမင့္ေဘာေတြနဲ႔ တိုက္စစ္ျပန္စရင္ ထိန္းခ်ဳပ္ရခက္ခဲတာပါပဲ။ ဥပမာ-အီဒါဆန္ Ederson တို႔လုိ Sweeper-Keeper ကစားႏုိင္တဲ့ ဂုိးသမားမ်ိဳးကုိ ပုိင္ဆုိင္ထားတ့ဲအသင္းဆုိရင္ ဂုိးသမားဆီကေန တိက်တဲ့ျဖတ္တင္ေဘာကေန တစ္ဖက္အသင္း ခံစစ္ကုိ ထုိးေဖာက္ကစားႏုိင္စြမ္းရွိေနတယ္။ အခုေဖာ္ျပခဲ့တာက ေဘာလုံးေလာကကုိ အေျပာင္းအလဲျဖစ္ေစတဲ့ နည္းဗ်ဴဟာေတြထဲက GEGENPRESSING အေၾကာင္းကုိ ေဖာ္ျပလုိက္တာျဖစ္ၿပီး က်န္တဲ့ နည္းဗ်ဴဟာေတြကုိလည္း ဆက္လက္ ေဖာ္ျပသြားမွာျဖစ္လုိ႔ ေစာင့္ေမွ်ာ္အားေပးၾကပါဦး . . .

REF:sportskeeda
Photo:This Is Anfield,Perarnau Magazine,Fandom.ESPN,Sport24
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ နည်းဗျူဟာများ (၃)

ဘောလုံးလောကမှာ မဟာဗျူဟာနဲ့ ကစားကွက်ပုံစံ ( Strategies and Formations) တွေဟာ အသစ်တွေ ပေါ်လာလိုက်၊ ကာလအတော်ကြာရင် ပျောက်ကွက်သွားလိုက်နဲ့ သံသရာ လည်ပတ်နေတာပါ။ ဒါပေမဲ့ တချို့နည်းဗျူဟာတွေကြတော့ နှစ်ပေါင်းများစွာ တည်တံ့ခဲ့သလို ခေတ်အလိုက် ဘောလုံးသမားတွေ၊ နည်းပြတွေဟာ အဲဒီ နည်းဗျူဟာကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုခဲ့တာတွေလည်း ရှိပါတယ်။

gegenpressing-1

gegenpressing-1

တချို့ Strategies တွေဆိုရင် အခုလက်ရှိအချိန်အထိ ဘောလုံးလောကမှာ လွှမ်းမိုးမှု ရှိနေဆဲပါပဲ။ အခုဖော်ပြမှာက ဘောလုံးလောကကို ကြီးကြီးမားမား ပြောင်းလဲစေခဲ့တဲ့ နည်းဗျူဟာတွေထဲက GEGENPRESSING အကြောင်းကို ဖော်ပြလိုက်ပါတယ် . .

GEGENPRESSING
ဒီနေ့ခေတ် ကမ္ဘာ့ဘောလုံးလောကမှာ ထင်ရှားလာတဲ့ နည်းဗျူဟာဖြစ်ပြီး တခြားနည်းဗျူဟာတွေနဲ့ မတူတာက GEGENPRESSING ဟာ ပြီးပြည့်စုံတဲ့ Game plan တစ်ခု မဟုတ်တာပါပဲ။ ရှေးရိုးစွဲ Pressing Football Style ကို ခေတ်နဲ့အညီဖြစ်အောင် ပြင်ဆင်ထားတယ်လို့လည်း ပြောနိုင်တယ်။ GEGENPRESSING ဆိုတာက ဂျာမန်အသုံးအနှုန်းဖြစ်ပြီး ဒီနည်းဗျူဟာရဲ့ အဓိက လုပ်ဆောင်ချက်က ပြိုင်ဘက်ဆီကနေ ဘောလုံးမထွက်လာအောင် လမ်းကြောင်းတွေကို ပိတ်ဆို့မယ်၊ ဘောလုံးဆုံးရှုံးသွားရင် အမြန်ဆုံး ပြန်လည်ရယူဖို့ပါပဲ။

GEGENPRESSING

GEGENPRESSING

အသင်းတိုင်းရဲ့ ရည်မှန်းချက် ပြိုင်ဘက်ကို Press လုပ်ဖို့ဖြစ်ပြီး ကစားကွက်အပေါ် မူတည်ပြီး ပြောင်းလဲသွားတာပဲရှိပါတယ်။ တချို့အသင်းတွေက ကွင်းလယ်လောက်မှာပဲ Press လုပ်တာကို ကြိုက်နှစ်သက်ပေမယ့် တချို့ကတော့ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲအထိ Pressing လုပ်ကြတယ်။ တချို့ကြတော့ ကိုယ့်အသင်းဧရိယာထဲအထိ ပြိုင်ဘက်ကို ဆွဲခေါ်၊ ပြီးတော့မှ ခံစစ်ကစားသမားတွေက ဘောလုံးလုယူ တန်ပြန်တိုက်စစ်ကို အမြန်ဆုံးပြန်စတင်ဖို့ပါပဲ။ Pressing Game ရဲ့ ဖခင်ကြီးလို့ဆိုရမှာက မာဆယ်လိုဘီယဲလ်ဆာ Marcelo Bielsa လို့ သတ်မှတ်ရမယ်။ အာဂျင်တီးနား၊ ချီလီအသင်းတို့ကို ကိုင်တွယ်ခဲ့တုန်းက သူ အသုံးပြုခဲ့တဲ့ (၃-၃-၃-၁) နည်းဗျူဟာက အလုပ်ဖြစ်ခဲ့ပြီး ဘောလုံးလောကမှာ လျမ်းလျမ်းတောက် အောင်မြင်ခဲ့ဖူးတယ်။

Marcelo-Bielsa

Marcelo-Bielsa

သူ့ရဲ့ နည်းဗျူဟာတွေကို အတုခိုးခဲ့တာက ပိုချက်တီနို Mauricio Pochettino ၊ ဆမ်ပါအိုလီ Jorge Sampaoli ၊ ဂွါဒီယိုလာ Guardiola တို့ပဲဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ အသုံးပြုနေတဲ့ ဂွါဒီယိုလာရဲ့ နည်းဗျူဟာတွေက ဘီယဲလ်ဆာ နည်းဗျူဟာတွေနဲ့ ဆင်တူယိုးမှားတွေပါ။ ဒါပေမဲ့ GEGENPRESSING ရဲ့ အနှစ်သာရအတိုင်း အကောင်အထည်ဖော်ခဲ့တာက လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ပါပဲ။

Klopps-Borussia-Dortmund

Klopps-Borussia-Dortmund

ယာဂန်ကလော့ပ်ရဲ့ ခံယူချက်က ကိုယ့်ဆီက ဘောလုံးဆုံးရှုံးသွားရင် ပြိုင်ဘက်ဆီက အမြန်ဆုံး ပြန်လည်ရယူဖို့ဖြစ်ပြီး ပြိုင်ဘက်က ဘောလုံးရချိန်မှာ Passing လုပ်ဖို့ အာရုံစိုက်နေတာကြောင့် ဘောလုံးပြန်လုဖို့ အကောင်းဆုံးအနေအထားလို့ ယူဆထားတာဖြစ်ပါတယ်။ နောက်တစ်ချက်က ဘောလုံးကိုင်ထားတဲ့ ပြိုင်ဘက်ဟာ Passing Skill မကောင်းဘူးဆိုရင် အဲဒီကစားသမားကို လူသိပ်မကပ်ထားဘူး။ သူ့ဆီကနေ ပေးနိုင်ခြေများတဲ့ ကစားသမားကို Marking လုပ်ထားတာပါပဲ။ ဒါကလည်း GEGENPRESSING ရဲ့ အဓိကကျတဲ့ အချက်တစ်ခုပါ။ ဒေ့ါမွန်ကို ကိုင်တွယ်ခဲ့တုန်းက ယာဂန်ကလော့ပ်ဟာ အဲဒီနည်းဗျူဟာအတိုင်း ဘွန်ဒစ်လီဂါချန်ပီယံဆု (၂)ကြိမ် ရရှိခဲ့ပြီး ၂၀၁၂-၁၃ ရာသီတုန်းကလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့တယ်။

gegenpressing

gegenpressing

တစ်ခုရှိတာက Tempo ကို လိုက်ပြီး Pressing လုပ်ဖို့လည်း လိုပါတယ်။ တစ်ချိန်လုံး Press လုပ်နေရင် ကစားသမားတွေရဲ့ သက်လုံပိုင်းက စကားပြောလာနိုင်တယ်။ ဒီနည်းဗျူဟာရဲ့ အားနည်းချက်က ပြိုင်ဘက်အသင်းဟာ ခံစစ်ကနေ အမြင့်ဘောတွေနဲ့ တိုက်စစ်ပြန်စရင် ထိန်းချုပ်ရခက်ခဲတာပါပဲ။ ဥပမာ-အီဒါဆန် Ederson တို့လို Sweeper-Keeper ကစားနိုင်တဲ့ ဂိုးသမားမျိုးကို ပိုင်ဆိုင်ထားတဲ့အသင်းဆိုရင် ဂိုးသမားဆီကနေ တိကျတဲ့ဖြတ်တင်ဘောကနေ တစ်ဖက်အသင်း ခံစစ်ကို ထိုးဖောက်ကစားနိုင်စွမ်းရှိနေတယ်။ အခုဖော်ပြခဲ့တာက ဘောလုံးလောကကို အပြောင်းအလဲဖြစ်စေတဲ့ နည်းဗျူဟာတွေထဲက GEGENPRESSING အကြောင်းကို ဖော်ပြလိုက်တာဖြစ်ပြီး ကျန်တဲ့ နည်းဗျူဟာတွေကိုလည်း ဆက်လက် ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး . . .

REF:sportskeeda
Photo:This Is Anfield,Perarnau Magazine,Fandom.ESPN,Sport24
Naing Linn(Akhayar)
www.akhayar.com