This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ျပင္သစ္-ဘယ္လ္ဂ်ီယံ ကစားခဲ့တဲ့ ဆီမီးဖုိင္နယ္ပဲြကုိ နည္းဗ်ဴဟာပုိင္းအရ သုံးသပ္ၾကည့္ရေအာင္

မေန႔က ကစားခဲ့တဲ့ ျပင္သစ္နဲ႔ဘယ္လ္ဂ်ီယံတို႔ရဲ႕ ၂၀၁၈ ကမၻာ႔ဖလားဆီမီးဖုိင္နယ္ပဲြမွာေတာ့ ျပင္သစ္အသငး္က ေနာက္ခံလူ အမ္တီတီ Umtiti ရဲ႕ တစ္လုံးတည္းေသာ ဂုိးနဲ႔အႏုိင္ယူၿပီး ဗုိလ္လုပဲြကုိ တတိယအႀကိမ္ ေျမာက္ တက္ေရာက္ႏုိင္ခဲ့ပါၿပီ။ ႏွစ္သင္းစလုံးမွာ ကမၻာ႔အဆင့္ကစားသမားေတြ ပါ၀င္ခဲ့တာေၾကာင့္ ပဲြက တကယ့္ကုိ အႀကိတ္အနယ္ရွိခဲ့ၿပီး ေဖ်ာ္ေျဖမႈေပးႏုိင္ခဲ့တဲ့ ပဲြေကာင္းတစ္ပဲြျဖစ္ခဲ့တယ္။ အဲဒီႏွစ္သင္းရဲ႕ ေျခစြမ္း၊ ကစားကြက္နဲ႔ပတ္သက္ၿပီး Tactical View အရ သုံးသပ္ခ်င္ပါတယ္. . .

Umtiti-Celebrate

Umtiti-Celebrate

ႏွစ္သငး္စလုံးရဲ႕ ပဲြထြက္ကစားပုံက (၄-၂-၃-၁) ပုံစံဆုိေပမယ့္ ဘယ္လ္ဂ်ီယံနည္းျပ မာတီနက္ဇ္ Martínez က (၃-၅-၂)၊ (၄-၂-၁-၃) ပုံစံကုိ အလ်င္းသင့္သလုိ ေျပာင္းလဲအသုံးျပဳခဲ့ၿပီး ျပင္သစ္အသင္းနည္းျပ ဒက္စ္ခ်မ့္ Deschamps ကလည္း တိုက္စစ္ဆင္တဲ့အခါ (၄-၃-၃)၊ ကြင္းလယ္ကုိ ခံစစ္ပုံစံသြားခ်င္ရင္ မာတြီဒီ Matuidi ၊ ကြန္ေတ Kanté ၊ ေပါ့ဘာ Pogba တို႔ကုိ Defensive Midfield ပုံစံနဲ႔ ကစားသြားတယ္။

France-vs-Belgium

France-vs-Belgium

ဒီေနရာမွာ မာတီနက္ဇ္ရဲ႕ အမွားတခ်ိဳ႕ကုိ ေထာက္ျပခ်င္တယ္။ ကြင္းလယ္မွာ Out Of Form ျဖစ္ေနတဲ့ ဖယ္ေလနီ Fellaini ကုိ ပဲြထြက္ကစားသမားအျဖစ္ အသုံးျပဳခဲ့တာ၊ Right Back အျဖစ္ ခ်က္ဒ္လီ Chadli ကုိ သုံးခဲ့တာက မွားယြင္းခဲ့တယ္လုိ႔ ဆုိရမယ္။ ဖယ္ေလနီဟာ မန္ယူမွာကတည္းက ပုံမွန္ေျခစြမ္း ေပ်ာက္ေနတတ္သူျဖစ္ၿပီး Attacking မွာေရာ၊ Defensive မွာပါ သာမန္ထက္ မပုိပါဘူး။ သူ႔ေနရာမွာ မာတင္စ္ Mertens ကုိ ပဲြထုတ္သင့္တယ္လုိ႔ ယူဆမိတယ္။ ဖယ္ေလနီ၊ ဒမ္ဘီလီ၊ ၀စ္ဆဲလ္ အတြဲအဖက္က အလုပ္မျဖစ္ခဲ့သလုိ Right Wing Back ပုံစံနဲ႔ကစားခဲ့တဲ့ ခ်က္ဒ္လီနဲ႔ ဒီဘရုိင္းနား တို႔ တဲြလုိ႔ မရခဲ့တာေၾကာင့္ ဘယ္လ္ဂ်ီယံတိုက္စစ္က ဟာဇက္ တစ္ဦးတည္းနဲ႔ပဲ ႐ုန္းေနရသလုိျဖစ္ခဲ့ရတယ္။

Pogba-against-De-Bruyne

Pogba-against-De-Bruyne

ဒီဘ႐ုိင္းနားက ညာေတာင္ပံကေန အထဲကုိ ၀င္လာရင္ ဖယ္ေလနီနဲ႔ လူထပ္သြားသလုိ၊ ခ်က္ဒ္လီ ည့ံဖ်င္းေနတာေၾကာင့္ ညာေတာင္ပံတိုက္စစ္က အသက္မဲ့သလုိျဖစ္ခဲ့တယ္။ ကြင္းလယ္က ေဘာလုံးမထြက္ခ်ိန္မွာ Lone Striker အျဖစ္ ကစားတဲ့ လူကာကူလည္း ဘာမွ လုပ္လုိ႔ မရခဲ့ဘဲ ေနာက္အထိဆင္းၿပီး ေဘာလုံးယူရတဲ့အထိျဖစ္ခဲ့တယ္။ မာတီနက္ဇ္ဟာ ဂုိးေစာေစာရရင္ ခံစစ္ကစားဖုိ႔ ျပင္ဆင္ထားပုံပါပဲ။

ျပင္သစ္အသင္းရဲ႕ ကစားပုံကေတာ့ တည္ၿငိမ္လြန္းပါတယ္။ ပဲြအစပုိင္းမွာ ဘယ္လ္ဂ်ီယံက ဖိအားေပးေနေပမယ့္ ျပာ မသြားဘဲ ခံစစ္က အမ္တီတီ၊ ဗာရန္း တို႔ အမွားအယြင္းမရွိ ကစားႏုိင္ခဲ့သလုိ ကြန္ေတ၊ ေပါ့ဘာတို႔ကလည္း ခံစစ္နဲ႔တိုက္စစ္မွ်ေအာင္ ကစားသြားႏုိင္ခဲ့တယ္။ ဒီပဲြမွာ ကြန္ေတဟာ Deep Lying Midfielder ပုံစံကစားခဲ့ၿပီး ဘယ္လ္ဂ်ီယံကြင္းလယ္တိုက္စစ္က ဒီဘ႐ုိင္းနား ေဘာလုံးမထြက္ေအာင္ Cover လုပ္ကစားႏုိင္ခဲ့တယ္။

Hazard-against-Kante

Hazard-against-Kante

ေနာက္တစ္ခုက ေပါ့ဘာပါ။ သူ႔ရဲ႕ ေဘာလုံးေပးပုိ႔မႈေတြက ျပင္သစ္အသင္း တိုက္စစ္ျပန္စရင္ ထိေရာက္မႈရွိခဲ့သလုိ အားအနည္းဆုံးလုိ႔ဆုိရမယ့္ ညာေနာက္ခံလူ ပါဗာ Pavard ကုိ Support လုပ္ခဲ့ၿပီး ဟာဇက္ လႈပ္လုိ႔မရေအာင္ ထိန္းထားႏုိင္ခဲ့တယ္။ ဘာေပရဲ႕ တိုးအား၊ ႐ုန္းအားေတြကလည္း ဘယ္လ္ဂ်ီယံခံစစ္ကုိ အလုပ္႐ႈပ္ေစခဲ့ၿပီး အေထာင္တိုက္စစ္မွဴး ဂ်႐ူး ဒီပဲြမွာ ဂုိးမသြင္းႏုိင္ခဲ့ေပမယ့္လည္း အတိုင္းအတာတစ္ခုအထိေတာ့ အသင္းကုိ ကူညီေပးသြားႏုိင္ခဲ့ပါတယ္။ ဘယ္လ္ဂ်ီယံအသင္း ပဲြအစပုိင္းေလာက္မွာ အခြင့္အေရးေကာင္းေတြရခဲ့ေပမယ့္ ေနာက္ပုိင္းမွာေတာ့ ျပင္သစ္အသင္းက အသာစီးနဲ႔ကစားႏုိင္ခဲ့တာကုိ ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရမွာပါ။

Belgium-Players1

Belgium-Players1

ဘယ္လ္ဂ်ီယံအသင္းကုိ လုံး၀ Space မေပးခဲ့တဲ့အျပင္ ဘယ္လ္ဂ်ီယံကစားသမားေတြကုိယ္တိုင္ ကုိယ့္လူနဲ႔ ကုိယ္ထပ္ေနသလုိျဖစ္ေနတာေၾကာင့္ ပဲြခ်ိန္ၾကာလာတာနဲ႔အမွ် ျပင္သစ္အသင္းက ပဲြကုိ လႊမ္းမုိးႏုိင္ခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ ျပင္သစ္အသင္းဟာ ဗုိလ္လုပဲြကုိ ထုိက္ထုိက္တန္တန္ေရာက္ရွိခဲ့တာျဖစ္ၿပီး ဒုတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ဆြတ္ခူးႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ။

REF:footballbh.net
Photo: thegoldwater.com,dailymaverick,Youtube,Getty Images,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြင်သစ်-ဘယ်လ်ဂျီယံ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲကို နည်းဗျူဟာပိုင်းအရ သုံးသပ်ကြည့်ရအောင်

မနေ့က ကစားခဲ့တဲ့ ပြင်သစ်နဲ့ဘယ်လ်ဂျီယံတို့ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲမှာတော့ ပြင်သစ်အသင်းက နောက်ခံလူ အမ်တီတီ Umtiti ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့အနိုင်ယူပြီး ဗိုလ်လုပွဲကို တတိယအကြိမ် မြောက် တက်ရောက်နိုင်ခဲ့ပါပြီ။ နှစ်သင်းစလုံးမှာ ကမ္ဘာ့အဆင့်ကစားသမားတွေ ပါဝင်ခဲ့တာကြောင့် ပွဲက တကယ့်ကို အကြိတ်အနယ်ရှိခဲ့ပြီး ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်။ အဲဒီနှစ်သင်းရဲ့ ခြေစွမ်း၊ ကစားကွက်နဲ့ပတ်သက်ပြီး Tactical View အရ သုံးသပ်ချင်ပါတယ်. . .

Umtiti-Celebrate

Umtiti-Celebrate

နှစ်သင်းစလုံးရဲ့ ပွဲထွက်ကစားပုံက (၄-၂-၃-၁) ပုံစံဆိုပေမယ့် ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် Martínez က (၃-၅-၂)၊ (၄-၂-၁-၃) ပုံစံကို အလျင်းသင့်သလို ပြောင်းလဲအသုံးပြုခဲ့ပြီး ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့် Deschamps ကလည်း တိုက်စစ်ဆင်တဲ့အခါ (၄-၃-၃)၊ ကွင်းလယ်ကို ခံစစ်ပုံစံသွားချင်ရင် မာတွီဒီ Matuidi ၊ ကွန်တေ Kanté ၊ ပေါ့ဘာ Pogba တို့ကို Defensive Midfield ပုံစံနဲ့ ကစားသွားတယ်။

France-vs-Belgium

France-vs-Belgium

ဒီနေရာမှာ မာတီနက်ဇ်ရဲ့ အမှားတချို့ကို ထောက်ပြချင်တယ်။ ကွင်းလယ်မှာ Out Of Form ဖြစ်နေတဲ့ ဖယ်လေနီ Fellaini ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့တာ၊ Right Back အဖြစ် ချက်ဒ်လီ Chadli ကို သုံးခဲ့တာက မှားယွင်းခဲ့တယ်လို့ ဆိုရမယ်။ ဖယ်လေနီဟာ မန်ယူမှာကတည်းက ပုံမှန်ခြေစွမ်း ပျောက်နေတတ်သူဖြစ်ပြီး Attacking မှာရော၊ Defensive မှာပါ သာမန်ထက် မပိုပါဘူး။ သူ့နေရာမှာ မာတင်စ် Mertens ကို ပွဲထုတ်သင့်တယ်လို့ ယူဆမိတယ်။ ဖယ်လေနီ၊ ဒမ်ဘီလီ၊ ဝစ်ဆဲလ် အတွဲအဖက်က အလုပ်မဖြစ်ခဲ့သလို Right Wing Back ပုံစံနဲ့ကစားခဲ့တဲ့ ချက်ဒ်လီနဲ့ ဒီဘရိုင်းနား တို့ တွဲလို့ မရခဲ့တာကြောင့် ဘယ်လ်ဂျီယံတိုက်စစ်က ဟာဇက် တစ်ဦးတည်းနဲ့ပဲ ရုန်းနေရသလိုဖြစ်ခဲ့ရတယ်။

Pogba-against-De-Bruyne

Pogba-against-De-Bruyne

ဒီဘရိုင်းနားက ညာတောင်ပံကနေ အထဲကို ဝင်လာရင် ဖယ်လေနီနဲ့ လူထပ်သွားသလို၊ ချက်ဒ်လီ ညံ့ဖျင်းနေတာကြောင့် ညာတောင်ပံတိုက်စစ်က အသက်မဲ့သလိုဖြစ်ခဲ့တယ်။ ကွင်းလယ်က ဘောလုံးမထွက်ချိန်မှာ Lone Striker အဖြစ် ကစားတဲ့ လူကာကူလည်း ဘာမှ လုပ်လို့ မရခဲ့ဘဲ နောက်အထိဆင်းပြီး ဘောလုံးယူရတဲ့အထိဖြစ်ခဲ့တယ်။ မာတီနက်ဇ်ဟာ ဂိုးစောစောရရင် ခံစစ်ကစားဖို့ ပြင်ဆင်ထားပုံပါပဲ။

ပြင်သစ်အသင်းရဲ့ ကစားပုံကတော့ တည်ငြိမ်လွန်းပါတယ်။ ပွဲအစပိုင်းမှာ ဘယ်လ်ဂျီယံက ဖိအားပေးနေပေမယ့် ပြာ မသွားဘဲ ခံစစ်က အမ်တီတီ၊ ဗာရန်း တို့ အမှားအယွင်းမရှိ ကစားနိုင်ခဲ့သလို ကွန်တေ၊ ပေါ့ဘာတို့ကလည်း ခံစစ်နဲ့တိုက်စစ်မျှအောင် ကစားသွားနိုင်ခဲ့တယ်။ ဒီပွဲမှာ ကွန်တေဟာ Deep Lying Midfielder ပုံစံကစားခဲ့ပြီး ဘယ်လ်ဂျီယံကွင်းလယ်တိုက်စစ်က ဒီဘရိုင်းနား ဘောလုံးမထွက်အောင် Cover လုပ်ကစားနိုင်ခဲ့တယ်။

Hazard-against-Kante

Hazard-against-Kante

နောက်တစ်ခုက ပေါ့ဘာပါ။ သူ့ရဲ့ ဘောလုံးပေးပို့မှုတွေက ပြင်သစ်အသင်း တိုက်စစ်ပြန်စရင် ထိရောက်မှုရှိခဲ့သလို အားအနည်းဆုံးလို့ဆိုရမယ့် ညာနောက်ခံလူ ပါဗာ Pavard ကို Support လုပ်ခဲ့ပြီး ဟာဇက် လှုပ်လို့မရအောင် ထိန်းထားနိုင်ခဲ့တယ်။ ဘာပေရဲ့ တိုးအား၊ ရုန်းအားတွေကလည်း ဘယ်လ်ဂျီယံခံစစ်ကို အလုပ်ရှုပ်စေခဲ့ပြီး အထောင်တိုက်စစ်မှူး ဂျရူး ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အတိုင်းအတာတစ်ခုအထိတော့ အသင်းကို ကူညီပေးသွားနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်း ပွဲအစပိုင်းလောက်မှာ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြင်သစ်အသင်းက အသာစီးနဲ့ကစားနိုင်ခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရမှာပါ။

Belgium-Players1

Belgium-Players1

ဘယ်လ်ဂျီယံအသင်းကို လုံး၀ Space မပေးခဲ့တဲ့အပြင် ဘယ်လ်ဂျီယံကစားသမားတွေကိုယ်တိုင် ကိုယ့်လူနဲ့ ကိုယ်ထပ်နေသလိုဖြစ်နေတာကြောင့် ပွဲချိန်ကြာလာတာနဲ့အမျှ ပြင်သစ်အသင်းက ပွဲကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြင်သစ်အသင်းဟာ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်ရောက်ရှိခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

REF:footballbh.net
Photo: thegoldwater.com,dailymaverick,Youtube,Getty Images,Twitter
Naing Linn(Akhayar)
www.akhayar.com