[Zawgyi]

ရႈးရွဲစပ္ၿပီး ပြင့္ထြက္ေအာင္ေကာင္းတဲ့ ေျမနီကုန္းက တာခ်ီလိတ္အကင္

ဒီလို မိုးေအးတဲ့အခ်ိန္ဆို ပါးစပ္ထဲက ပူတာထက္ စပ္စပ္ေလးေတြပဲ စားဖို႔ ေတာင့္တတတ္တာ သဘာဝပဲေနာ္။

အဲ့လို ပူတာထက္ ႏွာရည္စိုရႊဲတပို႔တြဲ ျဖစ္ေအာင္ စပ္ၿပဲလန္တဲ့ ရွယ္တာခ်ီလိတ္အကင္ဆိုင္တစ္ဆိုင္ နာမည္ႀကီးလို႔ ဟိုတေန႔က ဝင္စားၾကည့္မိတာ အေၾကာေပါင္းတစ္ေထာင္ပြင့္ၿပီး ျပန္လာခဲ့ရတယ္။ ဒါမ်ိုးဆိုလက္တို႔ရက်ိုးနပ္ေအာင္ညႊန္ေပးမွ။

ေတာ္ရံုတန္ရံု အစပ္ႀကိဳက္တဲ့သူေတြ မစားႏိုင္ေလာက္ေအာင္ စပ္ၿပီးေကာင္းတာဆိုတာတကယ္။ ဆိုင္နာမည္ကလည္း တာခ်ီလိတ္ “အကင္ဆိုင္” ပဲတဲ့။ တ႐ုတ္လူမ်ိဳးေတြဖြင့္တာပါပဲ။

ဘာေတြရလဲဆို-
ၾကက္သားမွာ-ၾကက္ေတာင္ပံ၊ ၾကက္သား၊ ေခါင္း၊ လည္ေခ်ာင္း႐ိုး၊ အေရခြံ။
ဝက္သားဆို-သံုးထပ္သား၊ ဝက္နံ႐ိုး၊ ဝက္အူခ်ိဳ၊ ၀က္နားရြက္ေတြရတယ္။
အမဲသား၊ ဆိတ္သား၊ ၾကက္အူေခ်ာင္းေတြ၊ ဖက္နဲ႔ထုပ္ထားတဲ့ ေခါက္ဆြဲေပါင္း၊ ဆိုက္ေကာ္၊ ငါးကင္၊ မိႈေတြ၊ အရြက္ေတြ အကုန္ပါတယ္ေတာ့။

အကင္ေတြ စံုတာကေတာ့ ေတာ္ေတာ္စံုတယ္။ ေစ်းက တစ္ေခ်ာင္း ၄၀၀ အနည္းဆံုးပါပဲ။ ဒီေနရာမွာ တစ္ခုေတာ့ မွာခ်င္မိတယ္။ ေစ်းက ႀကီးပါတယ္။ အသားက နည္းပါတယ္။ ဆိုင္သန္႔ရွင္းမႈက ပံုထဲကလိုပါပဲ။ ဒီေလာက္ မဟုတ္ပါဘူး။

ေတာ္ရံု ၃,၄ေယာက္အဝစားဆို ၂ေသာင္းနား ေျပးမလြတ္ပါဘူး။ အသားေတြကိုေတာ့ ေရခဲထားတာ။ အဲ့အသားေတြကို ဗန္းနဲ႔စိတ္ႀကိဳက္ယူၿပီး ကင္ခိုင္းရတာေပါ့ေနာ္။ ကိုယ္က ေရြးၿပီး ကိုယ့္စားပြဲမွာထိုင္ရံုပဲ။

အရသာကေတာ့ ေတာ္ေတာ္ႀကီးကို ေကာင္းပါတယ္။ ဒီဆိုင္က အခ်ဥ္ထက္အသားကင္ထားတဲ့အရသာက စြဲေစတာ။ ခံတြင္းပ်က္ေနတဲ့သူေတြ ေတာ္ေတာ္ႀကီးႀကိဳက္ၾကမွာပဲ။ အစပ္နဲ႔ အသားကင္ေမႊးေမႊးေလးက ေတာ္ေတာ့္ကို အရသာရွိေနေစတာ။

ဇိမ္ေလးနဲ႕ေအးေဆးေတာ့စားလို႔မရဘူးရယ္။ အဲကြန္းလည္းမရွိ၊ ေန႐ာကလည္း ခပ္မိႈင္းမိႈင္းနဲ႔ေလ။

အရသာကေတာ့ ရန္ကုန္မွာ တာခ်ီလိတ္အရသာအကင္စစ္စစ္ကို သြားေရက်ေအာင္စားရမွာ။ ဪ…အေအးဆိုလည္း ဂ်ားႀကီးနဲ႔ လူ၃,၄ေယာက္ အဝေသာက္တဂ်ားကို ၄ေထာင္ဝန္းက်င္ပဲဆိုေတာ့ ဟန္က်တယ္။

တ႐ုတ္ေတြဖြင့္ထားတာဆိုေတာ့ ဝန္ေဆာင္မႈကိုေတာ့ မေမွ်ာ္လင့္ပါနဲ႔ေနာ္။ အကုန္လံုးကဝတ္ေက်တန္းေက်ပဲ။

ငါးကင္နဲ႔ ေခါက္ဆြဲေပါင္းေတာ့ စားၾကည့္ခဲ့ေနာ္။ အသီးအရြက္ေတြလည္း ေစ်းႀကီးေတာ့ အရမ္းမႀကိဳက္ရင္ လက္ေရွာင္ၾကေနာ္။ အခရာတို႔စားခဲ႔တာကေတာ့ စုစုေပါင္း ၁၀၀၀၀ ေက်ာ္ေပးရတယ္။

ကဲ…တာခ်ီလိတ္အကင္ကိုစပ္ၿပီး ပြင့္ထြက္ေအာင္စားခ်င္ရင္ေတာ့ အကင္သမားေတြေႂကြမယ့္ ေျမနီကုန္းပန္းျခံေနာက္ကအကင္ကို တေခါက္ေလာက္ ရႈးရွဲရႈးရွဲလာစားၾကည့္လိုက္ၾကပါဦး။ ေစ်းႀကီးတာရယ္၊ အကင္အသားနည္းတာေလးကလြဲရင္ ကိုယ္ေတြကေတာ့ အရမ္းအရမ္းႀကိဳက္မိေနၿပီ။

သြားမယ္ဆို ညေန ၄ နာရီခြဲေလာက္မွသြားေနာ္။ ေျမနီကုန္းပန္းျခံလမ္း၊ ဦးေက်ာ္ထမင္းေပါင္းဆိုင္ေတြေနာက္မွာပါ။ ပန္းျခံအေနာက္မွာတင္ပဲေနာ္။

ခ်စ္လွစြာေသာ
FoodieEi (အခရာ)

[Unicode]

ရှုးရှဲစပ်ပြီး ပွင့်ထွက်အောင်ကောင်းတဲ့ မြေနီကုန်းက တာချီလိတ်အကင်

ဒီလို မိုးအေးတဲ့အချိန်ဆို ပါးစပ်ထဲက ပူတာထက် စပ်စပ်လေးတွေပဲ စားဖို့ တောင့်တတတ်တာ သဘာဝပဲနော်။

အဲ့လို ပူတာထက် နှာရည်စိုရွှဲတပို့တွဲ ဖြစ်အောင် စပ်ပြဲလန်တဲ့ ရှယ်တာချီလိတ်အကင်ဆိုင်တစ်ဆိုင် နာမည်ကြီးလို့ ဟိုတနေ့က ဝင်စားကြည့်မိတာ အကြောပေါင်းတစ်ထောင်ပွင့်ပြီး ပြန်လာခဲ့ရတယ်။ ဒါမျိုးဆိုလက်တို့ရကျိုးနပ်အောင်ညွှန်ပေးမှ။

တော်ရုံတန်ရုံ အစပ်ကြိုက်တဲ့သူတွေ မစားနိုင်လောက်အောင် စပ်ပြီးကောင်းတာဆိုတာတကယ်။ ဆိုင်နာမည်ကလည်း တာချီလိတ် “အကင်ဆိုင်” ပဲတဲ့။ တရုတ်လူမျိုးတွေဖွင့်တာပါပဲ။

ဘာတွေရလဲဆို-
ကြက်သားမှာ-ကြက်တောင်ပံ၊ ကြက်သား၊ ခေါင်း၊ လည်ချောင်းရိုး၊ အရေခွံ။
ဝက်သားဆို-သုံးထပ်သား၊ ဝက်နံရိုး၊ ဝက်အူချို၊ ဝက်နားရွက်တွေရတယ်။
အမဲသား၊ ဆိတ်သား၊ ကြက်အူချောင်းတွေ၊ ဖက်နဲ့ထုပ်ထားတဲ့ ခေါက်ဆွဲပေါင်း၊ ဆိုက်ကော်၊ ငါးကင်၊ မှိုတွေ၊ အရွက်တွေ အကုန်ပါတယ်တော့။

အကင်တွေ စုံတာကတော့ တော်တော်စုံတယ်။ ဈေးက တစ်ချောင်း ၄၀၀ အနည်းဆုံးပါပဲ။ ဒီနေရာမှာ တစ်ခုတော့ မှာချင်မိတယ်။ ဈေးက ကြီးပါတယ်။ အသားက နည်းပါတယ်။ ဆိုင်သန့်ရှင်းမှုက ပုံထဲကလိုပါပဲ။ ဒီလောက် မဟုတ်ပါဘူး။

တော်ရုံ ၃,၄ယောက်အဝစားဆို ၂သောင်းနား ပြေးမလွတ်ပါဘူး။ အသားတွေကိုတော့ ရေခဲထားတာ။ အဲ့အသားတွေကို ဗန်းနဲ့စိတ်ကြိုက်ယူပြီး ကင်ခိုင်းရတာပေါ့နော်။ ကိုယ်က ရွေးပြီး ကိုယ့်စားပွဲမှာထိုင်ရုံပဲ။

အရသာကတော့ တော်တော်ကြီးကို ကောင်းပါတယ်။ ဒီဆိုင်က အချဉ်ထက်အသားကင်ထားတဲ့အရသာက စွဲစေတာ။ ခံတွင်းပျက်နေတဲ့သူတွေ တော်တော်ကြီးကြိုက်ကြမှာပဲ။ အစပ်နဲ့ အသားကင်မွှေးမွှေးလေးက တော်တော့်ကို အရသာရှိနေစေတာ။

ဇိမ်လေးနဲ့အေးဆေးတော့စားလို့မရဘူးရယ်။ အဲကွန်းလည်းမရှိ၊ နေရာကလည်း ခပ်မှိုင်းမှိုင်းနဲ့လေ။

အရသာကတော့ ရန်ကုန်မှာ တာချီလိတ်အရသာအကင်စစ်စစ်ကို သွားရေကျအောင်စားရမှာ။ ဪ…အအေးဆိုလည်း ဂျားကြီးနဲ့ လူ၃,၄ယောက် အဝသောက်တဂျားကို ၄ထောင်ဝန်းကျင်ပဲဆိုတော့ ဟန်ကျတယ်။

တရုတ်တွေဖွင့်ထားတာဆိုတော့ ဝန်ဆောင်မှုကိုတော့ မမျှော်လင့်ပါနဲ့နော်။ အကုန်လုံးကဝတ်ကျေတန်းကျေပဲ။

ငါးကင်နဲ့ ခေါက်ဆွဲပေါင်းတော့ စားကြည့်ခဲ့နော်။ အသီးအရွက်တွေလည်း ဈေးကြီးတော့ အရမ်းမကြိုက်ရင် လက်ရှောင်ကြနော်။ အခရာတို့စားခဲ့တာကတော့ စုစုပေါင်း ၁၀၀၀၀ ကျော်ပေးရတယ်။

ကဲ…တာချီလိတ်အကင်ကိုစပ်ပြီး ပွင့်ထွက်အောင်စားချင်ရင်တော့ အကင်သမားတွေကြွေမယ့် မြေနီကုန်းပန်းခြံနောက်ကအကင်ကို တခေါက်လောက် ရှုးရှဲရှုးရှဲလာစားကြည့်လိုက်ကြပါဦး။ ဈေးကြီးတာရယ်၊ အကင်အသားနည်းတာလေးကလွဲရင် ကိုယ်တွေကတော့ အရမ်းအရမ်းကြိုက်မိနေပြီ။

သွားမယ်ဆို ညနေ ၄ နာရီခွဲလောက်မှသွားနော်။ မြေနီကုန်းပန်းခြံလမ်း၊ ဦးကျော်ထမင်းပေါင်းဆိုင်တွေနောက်မှာပါ။ ပန်းခြံအနောက်မှာတင်ပဲနော်။

ချစ်လှစွာသော
FoodieEi (အခရာ)