This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကာဗာနီ Cavani ရဲ႕ ဒဏ္ရာအေျခအေနအေပၚ စုိးရိမ္ေနတဲ့ ဥ႐ုေဂြးနည္းျပ တာဘာရက္ဇ္ Tabarez

ဥ႐ုေဂြးအသင္းနညး္ျပ တာဘာရက္ဇ္ Tabarez ဟာ ေပၚတူဂီနဲ႔ကစားခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလား႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြမွာ ဒဏ္ရာရခဲ့တဲ့ အဓိက တိုက္စစ္မွဴး ကာဗာနီ Cavani ရဲ႕ ဒဏ္ရာအေျခအေနအေပၚ စုိးရိမ္ေနပါတယ္။ ကာဗာနီဟာ ေပၚတူဂီကုိ (၂-၁)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ပဲြမွာ ဥ႐ုေဂြးအသင္းအတြက္ ႏွစ္ဂုိးစလုံးသြင္းယူခဲ့ၿပီး ကြာတားဖုိင္နယ္အဆင့္ ေရာက္ရွိေအာင္ စြမ္းေဆာင္ေပးခဲ့သူပါ။ ဒါေပမဲ့လည္း PSG အသင္းရဲ႕ ၀ါရင့္တိုက္စစ္မွဴး ကာဗာနီဟာ လက္က်န္မိနစ္(၂၀)အလုိမွာ ဒဏ္ရာရခဲ့ၿပီး ပဲြကုိ ဆက္လက္မကစားႏုိင္တာေၾကာင့္ လူစားလဲခံခဲ့ရသလုိ  စီေရာ္နယ္လ္ဒုိ C.Ronado ရဲ႕ အကူအညီနဲ႔ ကြင္းထဲကေန ေျခေထာ့နင္းနဲ႔ ထြက္ခဲ့ရတယ္။

Uruguays-Edinson-Cavani-was-injured-and-struggling-so-Ronaldo-helped-him-off-the-field.

Uruguays-Edinson-Cavani-was-injured-and-struggling-so-Ronaldo-helped-him-off-the-field.

ဥ႐ုေဂြးအသင္းအေနနဲ႔ အခု လာမယ့္ေသာၾကာေန႔က်ရင္ ျပင္သစ္အသင္းနဲ႔ ကြာတားဖုိင္နယ္ပဲြကစားဖုိ႔ရွိေနတာေၾကာင့္ အဲဒီပဲြမတိုင္ခင္ ကာဗာနီ ဒဏ္ရာက မသက္သာလာမွာကုိ တာဘာရက္ဇ္က စိုးရိမ္ေနတာပဲျဖစ္ပါတယ္။ တာဘာရက္ဇ္က “ကာဗာနီဟာ ေပၚတူဂီနဲ႔ပဲြမွာ ဒဏ္ရာရရွိခဲ့ပါတယ္။ ဘယ္ေလာက္ဆုိးရြားလဲဆုိတာေတာ့ ကၽြန္ေတာ္တို႔ မသိေသးပါဘူး။ အသင္းေဆးအဖဲြ႕နဲ႔ မေတြ႕ရေသးတာေၾကာင့္ ကာဗာနီ ဘယ္လုိဒဏ္ရာရခဲ့လဲဆုိတာ ကၽြန္ေတာ္ မသိရေသးပါဘူး။ ကာဗာနီ ဒဏ္ရာက ျပန္သက္သာလာဖုိ႔ အေရးႀကီးပါတယ္။ သူ႔ဒဏ္ရာအေျခအေနကုိ မသိရေသးတာေၾကာင့္ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ အရမ္းမျပင္းထန္ပါေစနဲ႔လုိ႔ပဲ ဆုေတာင္းရမွာပါ”လုိ႔ ဆုိခဲ့တယ္။ ကာဗာနီဟာ ေပၚတူဂီနဲ႔ပဲြမွာ အဖြင့္ဂုိးကုိ ပဲြအစ(၇)မိနစ္မွာ ေခါင္းတိုက္သြင္းခဲ့ၿပီး (၆၂)မိနစ္မွာ ဒုတိယဂုိးသြင္းယူခဲ့ပါတယ္။ ကမၻာ႔ေဘာလုံးအဖဲြ႕ခ်ဳပ္(ဖီဖာ)ရဲ႕ မွတ္တမ္းအရ အသက္(၃၁)ႏွစ္၊ (၁၀၈)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကာဗာနီဟာ တိုက္စစ္မွဴးေဟာင္း ဒီေယဂုိေဖာ္လန္ Diego Forlan ကုိ ေက်ာ္ျဖတ္ၿပီး ဥ႐ုေဂြးအသင္းအတြက္ ကမၻာ႔ဖလားမွာ အသက္အႀကီးဆုံးဂုိးသြင္းသူအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္လုိ႔ သိရပါတယ္။

REF:Marca
Photo:gannett-cdn.com,townnews.com
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကာဗာနီ Cavani ရဲ့ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်နေတဲ့ ဥရုဂွေးနည်းပြ တာဘာရက်ဇ် Tabarez

ဥရုဂွေးအသင်းနည်းပြ တာဘာရက်ဇ် Tabarez ဟာ ပေါ်တူဂီနဲ့ကစားခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အဓိက တိုက်စစ်မှူး ကာဗာနီ Cavani ရဲ့ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်နေပါတယ်။ ကာဗာနီဟာ ပေါ်တူဂီကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဥရုဂွေးအသင်းအတွက် နှစ်ဂိုးစလုံးသွင်းယူခဲ့ပြီး ကွာတားဖိုင်နယ်အဆင့် ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သူပါ။ ဒါပေမဲ့လည်း PSG အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ လက်ကျန်မိနစ်(၂၀)အလိုမှာ ဒဏ်ရာရခဲ့ပြီး ပွဲကို ဆက်လက်မကစားနိုင်တာကြောင့် လူစားလဲခံခဲ့ရသလို  စီရော်နယ်လ်ဒို C.Ronado ရဲ့ အကူအညီနဲ့ ကွင်းထဲကနေ ခြေထော့နင်းနဲ့ ထွက်ခဲ့ရတယ်။

Uruguays-Edinson-Cavani-was-injured-and-struggling-so-Ronaldo-helped-him-off-the-field.

Uruguays-Edinson-Cavani-was-injured-and-struggling-so-Ronaldo-helped-him-off-the-field.

ဥရုဂွေးအသင်းအနေနဲ့ အခု လာမယ့်သောကြာနေ့ကျရင် ပြင်သစ်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲကစားဖို့ရှိနေတာကြောင့် အဲဒီပွဲမတိုင်ခင် ကာဗာနီ ဒဏ်ရာက မသက်သာလာမှာကို တာဘာရက်ဇ်က စိုးရိမ်နေတာပဲဖြစ်ပါတယ်။ တာဘာရက်ဇ်က “ကာဗာနီဟာ ပေါ်တူဂီနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဘယ်လောက်ဆိုးရွားလဲဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး။ အသင်းဆေးအဖွဲ့နဲ့ မတွေ့ရသေးတာကြောင့် ကာဗာနီ ဘယ်လိုဒဏ်ရာရခဲ့လဲဆိုတာ ကျွန်တော် မသိရသေးပါဘူး။ ကာဗာနီ ဒဏ်ရာက ပြန်သက်သာလာဖို့ အရေးကြီးပါတယ်။ သူ့ဒဏ်ရာအခြေအနေကို မသိရသေးတာကြောင့် အခုအချိန်မှာ ကျွန်တော်တို့ အရမ်းမပြင်းထန်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပါ”လို့ ဆိုခဲ့တယ်။ ကာဗာနီဟာ ပေါ်တူဂီနဲ့ပွဲမှာ အဖွင့်ဂိုးကို ပွဲအစ(၇)မိနစ်မှာ ခေါင်းတိုက်သွင်းခဲ့ပြီး (၆၂)မိနစ်မှာ ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ မှတ်တမ်းအရ အသက်(၃၁)နှစ်၊ (၁၀၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန် Diego Forlan ကို ကျော်ဖြတ်ပြီး ဥရုဂွေးအသင်းအတွက် ကမ္ဘာ့ဖလားမှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

REF:Marca
Photo:gannett-cdn.com,townnews.com
Naing Linn(Akhayar)
www.akhayar.com