[Zawgyi] 

Android Tablet ေစ်းကြက္က တစ္ကမၻာလံုးအတိုင္းအတာနဲ႔ ေအးေနခ်ိန္မွာ Samsung ကေတာ့ Tablet အသစ္ေတြ ဆက္ထုတ္ေနတုန္းပါပဲ။ Samsung ကထြက္ခဲ့သမွ် Tablet ေတြထဲမွာလည္း Tab S4 က လိုခ်င္စရာအေကာင္းဆံုးပါပဲ။ အလုပ္မ်ားသူေတြအတြက္ အဓိကရည္ရြယ္ၿပီးထုတ္ေပးထားတာေၾကာင့္ S Pen ၊ Keybaord နဲ႔ Mouse ေတြက Tab S4 ရဲ႕ Accessory ေတြပါ။ 

Tab S3 VS Tab S4

Keyboard နဲ႔တြဲၿပီး အလုပ္လုပ္မယ္လို႔စဥ္းစားတုိင္း Laptop လည္းမလိုခ်င္ဘူးဆိုရင္ iPad Pro ေတြကို အရင္စဥ္းစားမိၾကပါတယ္။ အခုေတာ့ Tab S4 ေၾကာင့္ iPad Pro ေတြအျပင္ တျခားေရြးခ်ယ္စရာအေနနဲ႔ေရာ ၿပိဳင္ဖက္အေနနဲ႔ပါ ေစ်းကြက္ထဲမွာ မၾကာခင္ေတြ႕ရမယ့္ Android Table တစ္လံုးတိုးလာပါတယ္။ Tab S4 ကိုေတာ့ အရင္က Samsung Tablet ေတြမွာ ေတြ႕ေနၾက Design အတိုင္း Screen က်ယ္က်ယ္၊ ေဘးေဘာင္ထူထူနဲ႔ ေတြ႕ရပါတယ္။ ေဘးေဘာင္ေတြက ထူတယ္ဆိုေပမယ့္ ပတ္ပတ္လည္အညီျဖစ္ေနတာက အျမင္ပိုင္းမွာ ႐ုပ္မဆိုးသလို Laptop ဆန္ဆန္ခံစားမႈကိုေပးႏိုင္ပါတယ္။ ေရွ႕မ်က္ႏွာျပင္တစ္ခုလံုးက Home Button လည္းမပါေတာ့သလို Samsung Logo လည္းမပါေတာ့တာေၾကာင့္ ၾကည့္ရတာ ေတာ္ေတာ္ေလးကို ရွင္းရွင္းလင္းလင္းရွိလာပါတယ္။ 

Samsung Tab S4

Tab S4 က အလုပ္မ်ားသူေတြနဲ႔ ႐ံုးအလုပ္လုပ္ရသူေတြအတြက္ ရည္႐ြယ္ၿပီးထုတ္ေပးထားတာေၾကာင့္ Laptop တစ္လံုးလို သံုးႏိုင္ေအာင္လည္းလုပ္ေပးထားပါတယ္။ Laptop လို သံုးဖို႔အတြက္ Samsung က DeX Mode ကို Tablet အတြက္ ပထမဦးဆံုးအႀကိမ္အျဖစ္ ထည့္သြင္းေပးလိုက္ပါတယ္။ DeX Mode ကိုေျပာင္းလိုက္တာနဲ႔  Tablet ေပၚမွာ User Interface အားလံုးက Touch Screen Laptop တစ္လံုးကိုသံုးေနရသလိုျဖစ္ေအာင္ ေျပာင္းေပးသြားမွာပါ။ Mouse နဲ႔ Keyboard ကိုတြဲလိုက္ရင္ Laptop တစ္လံုးလို အသံုးျပဳႏိုင္ဦးမွာပါ။ Samsung ကေတာ့ DeX အတြက္ ေသခ်ာလုပ္ေပးထားတယ္ဆိုတာ Tab S4 က သက္ေသပါပဲ။ Software နဲ႔ Hardware ႏွစ္ခုကို လွလွပပျဖစ္ေအာင္ ေပါင္းစပ္ေပးႏိုင္ၿပီး တကယ္ပဲ Laptop အစားထိုး Device တစ္ခုျဖစ္လာေအာင္ Samsung အေနနဲ႔ ေအာင္ေအာင္ျမင္ျမင္ခ်ျပႏုိင္ခဲ့ပါတယ္။ 

DeX Mode

DeX Mode မွာေတာ့ Laptop သံုးေနတဲ့အတိုိင္း Windows ေတြ အမ်ားႀကီးဖြင့္တာ၊ App Windwos ေတြကို Resize လုပ္လို႔ရတာေတြအျပင္ File ေတြကို Drag And Drop လုပ္လို႔ရတာမ်ိဳးေတြေၾကာင့္ Laptop ကို အစားထိုးမယ္ဆိုရင္ေတာင္ အတိုင္းအတာတစ္ခုအထိ အဆင္ေျပေျပနဲ႔ သံုးႏိုင္မွာပါ။ ခရီးထြက္ရတာမ်ားတဲ့သူ၊ ရုံုးကိစၥနဲ႔ အျပင္ခဏခဏ သြားရသူေတြအတြက္ေတာ့ တကယ္အသံုးဝင္လာမယ့္ Tablet ျဖစ္လာမွာ ေသခ်ာပါတယ္။ Tab S4 ကိုေတာ့ Super AMOLED Display ကိုအသံုးျပဳေပးထားတျဖစ္ၿပီး 2560×1600 Resolution ရွိပါတယ္။ Screen အ႐ြယ္အစားကေတာ့ 10.5 Inch ျဖစ္ၿပီး 16:10 Wide Raito နဲ႔ျဖစ္တာေၾကာင့္ Laptop လိုခံစားခ်က္ေပးႏိုင္သလို Video ၾကည့္တဲ့အခါမွာလည္း အဆင္ေျပေစပါတယ္။ 

Keyboard

႐ုပ္ရွင္ဇာတ္ကားေတြအၾကည့္မ်ားသူေတြအတြက္လည္း 3D Surround Sound ကိုရႏိုင္ေစဖို႔အတြက္ Speaker ၄ လံုးထည့္ေပးထားပါတယ္။ Speaker ေတြကိုေတာ့ AKG က Tuning လုပ္ေပးထားတာျဖစ္ၿပီး Dolby Atmos Support လည္းပါပါတယ္။ လက္ရွိ Galaxy S9 နဲ႔ S9 Plus ေတြမွာလည္း Stero Speaker ေတြကလည္း Dolby Atmos Surround Sound ပါတာေၾကာင့္ အသံထြက္ပိုင္းမွာ တျခား Stereo Speaker ဖုန္းေတြထက္ သိသိသာသာပိုေကာင္းေနပါတယ္။ Tab S4 မွာေတာ့ Speaker ေလးလံုးကို ေဘးဖက္ ႏွစ္ဖက္မွာ ႏွစ္လံုးစီထည့္ေပးထားတာျဖစ္လို႔ ဘယ္ညာအသံကို ေကာင္းေကာင္းခံစားႏိုင္မွာေသခ်ာပါတယ္။ 3.5mm Headphone Port လည္း ပါေနေသးတာေၾကာင့္ Headphone သံုးခ်င္သူေတြအတြက္ အဆင္ေျပေနပါေသးတယ္။ AMOLED Display ႀကီးရဲ႕ေနာက္မွာေတာ့ ၁၆ နာရီဆက္တုိက္ Video ၾကည့္ခ်ိန္ 7300mAh Battery ကိုထည့္ေပးထားပါတယ္။ Battery ကိုအားသြင္းဖို႔အတြက္ USB-C ကိုထည့္ေပးထားပါတယ္။ Fast Charging လည္းပါတာေၾကာင့္ သိပ္ၿပီးေတာ့ အားသြင္းခ်ိန္ၾကာတာမ်ိဳး ရွိမွာမဟုတ္ပါဘူး။ Keyboard ကိုခ်ိတ္ဖို႔အတြက္ေတာ့ Connecort Pin ေလးခုကို ထည့္ေပးထားတာေတြ႕ရပါတယ္။ ထူးျခားခ်က္အေနနဲ႔လည္း Connector Pin ေလးေတြကေန Dock တစ္ခုနဲ႔တြဲၿပီးအားသြင္းလို႔ရပါတယ္။

Dock Mode

S Pen ရဲ႕ နာမည္ႀကီး Feature ေတြျဖစ္တဲ့ Screen Off Memo အပါအဝင္ Translate နဲ႔တျခား ဟာေတြကိုလည္း Tab S4 မွာ သံုးႏိုင္ပါေသးတယ္။ Tab S4 ကိုေတာ့ Storage 64GB ဒါမွမဟုတ္ 256GB ဆိုၿပီး ႏွစ္မ်ိဳးထုတ္ေပးထားပါတယ္။ Qualcomm Snapdragon 835 ကို 4GB RAM နဲ႔ တြဲေပးထားပါတယ္။ microSD Card ကိုေတာ့ 400GB အထိ ထည့္သံုးႏိုင္တယ္လို႔ Samsung ကဆုိပါတယ္။ Android Oreo နဲ႔လာမွာျဖစ္ၿပီး Android P ကို Update ေပးလာႏိုင္မယ့္လို႔ ယူဆရပါတယ္။ Camera ေတြအေနနဲ႔ေတာ့ ေနာက္ေက်ာဖက္မွာ 13MP F1.9 Camera နဲ႔ အေရွ႕ဖက္မွာေတာ့ 8MP Camera ကိုတပ္ဆင္ေပးထားပါတယ္။ Galaxy Tab S4 ကိုေတာ့ အနက္ေရာင္နဲ႔ အျဖဴေရာင္ ႏွစ္မ်ိဳးပဲဝယ္လို႔ရမွာပါ။

S Pen

ေရာင္းခ်မယ့္ေစ်းကိုေတာ့ အတိအက်မသိရေသးေပမယ့္ ခန္႔မွန္းျမန္မာေငြ ဆယ္သိန္းေက်ာ္ေလာက္ေတာ့ရွိႏိုင္ပါတယ္။ Keyboard Case ကိုေတာ့ $150 နဲ႔ေရာင္းခ်မွျဖစ္ၿပီး S Pen ကေတာ့ Tablet ဘူးထဲမွာ ပါၿပီးသားျဖစ္လို႔ သပ္သပ္ဝယ္စရာမလိုပါဘူး။ ထူးျခားတာဆုိလို႔ Fingerprint Scanner မထည့္ေပးေတာ့ပဲ Intelligent Scan ကိုပဲထည့္ေပးလာတာပါ။ Iris Scanning နဲ႔ Face Scanning ကိုအသံုးျပဳၿပီးေတာ့ပဲ Tablet ကို Unlock လုပ္ႏိုင္မွာပါ။ အဲ့ဒါေတြကို သေဘာမက်ရင္ေတာ့ သာမန္ Password ဒါမွမဟုတ္ PIN ကိုပဲ အသံုးျပဳရမွာပါ။ Tab S4 ကေတာ့ Laptop ေစ်းကြက္နဲ႔ iPad Pro ေတြၾကား ဝင္လာႏိုင္မလား၊ Android Tablet ေစ်းကြက္ကိုေရာ တစ္ဖန္ျပန္ဦးေမာ့လာေစႏိုင္မလားဆိုတာ စိတ္ဝင္တစားေစာင့္ၾကည့္ခ်င္စရာပါပဲ။ 

Ref: Samsung | The Verge 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Laptop ဈေးကွက်ကို ထိခိုက်လာနိုင်တဲ့ Samsung ရဲ့ Galaxy Tab S4

Android Tablet ဈေးကွက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အေးနေချိန်မှာ Samsung ကတော့ Tablet အသစ်တွေ ဆက်ထုတ်နေတုန်းပါပဲ။ Samsung ကထွက်ခဲ့သမျှ Tablet တွေထဲမှာလည်း Tab S4 က လိုချင်စရာအကောင်းဆုံးပါပဲ။ အလုပ်များသူတွေအတွက် အဓိကရည်ရွယ်ပြီးထုတ်ပေးထားတာကြောင့် S Pen ၊ Keybaord နဲ့ Mouse တွေက Tab S4 ရဲ့ Accessory တွေပါ။ 

Tab S3 VS Tab S4

Keyboard နဲ့တွဲပြီး အလုပ်လုပ်မယ်လို့စဉ်းစားတိုင်း Laptop လည်းမလိုချင်ဘူးဆိုရင် iPad Pro တွေကို အရင်စဉ်းစားမိကြပါတယ်။ အခုတော့ Tab S4 ကြောင့် iPad Pro တွေအပြင် တခြားရွေးချယ်စရာအနေနဲ့ရော ပြိုင်ဖက်အနေနဲ့ပါ ဈေးကွက်ထဲမှာ မကြာခင်တွေ့ရမယ့် Android Table တစ်လုံးတိုးလာပါတယ်။ Tab S4 ကိုတော့ အရင်က Samsung Tablet တွေမှာ တွေ့နေကြ Design အတိုင်း Screen ကျယ်ကျယ်၊ ဘေးဘောင်ထူထူနဲ့ တွေ့ရပါတယ်။ ဘေးဘောင်တွေက ထူတယ်ဆိုပေမယ့် ပတ်ပတ်လည်အညီဖြစ်နေတာက အမြင်ပိုင်းမှာ ရုပ်မဆိုးသလို Laptop ဆန်ဆန်ခံစားမှုကိုပေးနိုင်ပါတယ်။ ရှေ့မျက်နှာပြင်တစ်ခုလုံးက Home Button လည်းမပါတော့သလို Samsung Logo လည်းမပါတော့တာကြောင့် ကြည့်ရတာ တော်တော်လေးကို ရှင်းရှင်းလင်းလင်းရှိလာပါတယ်။ 

Samsung Tab S4

Tab S4 က အလုပ်များသူတွေနဲ့ ရုံးအလုပ်လုပ်ရသူတွေအတွက် ရည်ရွယ်ပြီးထုတ်ပေးထားတာကြောင့် Laptop တစ်လုံးလို သုံးနိုင်အောင်လည်းလုပ်ပေးထားပါတယ်။ Laptop လို သုံးဖို့အတွက် Samsung က DeX Mode ကို Tablet အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ထည့်သွင်းပေးလိုက်ပါတယ်။ DeX Mode ကိုပြောင်းလိုက်တာနဲ့  Tablet ပေါ်မှာ User Interface အားလုံးက Touch Screen Laptop တစ်လုံးကိုသုံးနေရသလိုဖြစ်အောင် ပြောင်းပေးသွားမှာပါ။ Mouse နဲ့ Keyboard ကိုတွဲလိုက်ရင် Laptop တစ်လုံးလို အသုံးပြုနိုင်ဦးမှာပါ။ Samsung ကတော့ DeX အတွက် သေချာလုပ်ပေးထားတယ်ဆိုတာ Tab S4 က သက်သေပါပဲ။ Software နဲ့ Hardware နှစ်ခုကို လှလှပပဖြစ်အောင် ပေါင်းစပ်ပေးနိုင်ပြီး တကယ်ပဲ Laptop အစားထိုး Device တစ်ခုဖြစ်လာအောင် Samsung အနေနဲ့ အောင်အောင်မြင်မြင်ချပြနိုင်ခဲ့ပါတယ်။ 

DeX Mode

DeX Mode မှာတော့ Laptop သုံးနေတဲ့အတိုင်း Windows တွေ အများကြီးဖွင့်တာ၊ App Windwos တွေကို Resize လုပ်လို့ရတာတွေအပြင် File တွေကို Drag And Drop လုပ်လို့ရတာမျိုးတွေကြောင့် Laptop ကို အစားထိုးမယ်ဆိုရင်တောင် အတိုင်းအတာတစ်ခုအထိ အဆင်ပြေပြေနဲ့ သုံးနိုင်မှာပါ။ ခရီးထွက်ရတာများတဲ့သူ၊ ရုံးကိစ္စနဲ့ အပြင်ခဏခဏ သွားရသူတွေအတွက်တော့ တကယ်အသုံးဝင်လာမယ့် Tablet ဖြစ်လာမှာ သေချာပါတယ်။ Tab S4 ကိုတော့ Super AMOLED Display ကိုအသုံးပြုပေးထားတဖြစ်ပြီး 2560×1600 Resolution ရှိပါတယ်။ Screen အရွယ်အစားကတော့ 10.5 Inch ဖြစ်ပြီး 16:10 Wide Raito နဲ့ဖြစ်တာကြောင့် Laptop လိုခံစားချက်ပေးနိုင်သလို Video ကြည့်တဲ့အခါမှာလည်း အဆင်ပြေစေပါတယ်။ 

Keyboard

ရုပ်ရှင်ဇာတ်ကားတွေအကြည့်များသူတွေအတွက်လည်း 3D Surround Sound ကိုရနိုင်စေဖို့အတွက် Speaker ၄ လုံးထည့်ပေးထားပါတယ်။ Speaker တွေကိုတော့ AKG က Tuning လုပ်ပေးထားတာဖြစ်ပြီး Dolby Atmos Support လည်းပါပါတယ်။ လက်ရှိ Galaxy S9 နဲ့ S9 Plus တွေမှာလည်း Stero Speaker တွေကလည်း Dolby Atmos Surround Sound ပါတာကြောင့် အသံထွက်ပိုင်းမှာ တခြား Stereo Speaker ဖုန်းတွေထက် သိသိသာသာပိုကောင်းနေပါတယ်။ Tab S4 မှာတော့ Speaker လေးလုံးကို ဘေးဖက် နှစ်ဖက်မှာ နှစ်လုံးစီထည့်ပေးထားတာဖြစ်လို့ ဘယ်ညာအသံကို ကောင်းကောင်းခံစားနိုင်မှာသေချာပါတယ်။ 3.5mm Headphone Port လည်း ပါနေသေးတာကြောင့် Headphone သုံးချင်သူတွေအတွက် အဆင်ပြေနေပါသေးတယ်။ AMOLED Display ကြီးရဲ့နောက်မှာတော့ ၁၆ နာရီဆက်တိုက် Video ကြည့်ချိန် 7300mAh Battery ကိုထည့်ပေးထားပါတယ်။ Battery ကိုအားသွင်းဖို့အတွက် USB-C ကိုထည့်ပေးထားပါတယ်။ Fast Charging လည်းပါတာကြောင့် သိပ်ပြီးတော့ အားသွင်းချိန်ကြာတာမျိုး ရှိမှာမဟုတ်ပါဘူး။ Keyboard ကိုချိတ်ဖို့အတွက်တော့ Connecort Pin လေးခုကို ထည့်ပေးထားတာတွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့လည်း Connector Pin လေးတွေကနေ Dock တစ်ခုနဲ့တွဲပြီးအားသွင်းလို့ရပါတယ်။

Dock Mode

S Pen ရဲ့ နာမည်ကြီး Feature တွေဖြစ်တဲ့ Screen Off Memo အပါအဝင် Translate နဲ့တခြား ဟာတွေကိုလည်း Tab S4 မှာ သုံးနိုင်ပါသေးတယ်။ Tab S4 ကိုတော့ Storage 64GB ဒါမှမဟုတ် 256GB ဆိုပြီး နှစ်မျိုးထုတ်ပေးထားပါတယ်။ Qualcomm Snapdragon 835 ကို 4GB RAM နဲ့ တွဲပေးထားပါတယ်။ microSD Card ကိုတော့ 400GB အထိ ထည့်သုံးနိုင်တယ်လို့ Samsung ကဆိုပါတယ်။ Android Oreo နဲ့လာမှာဖြစ်ပြီး Android P ကို Update ပေးလာနိုင်မယ့်လို့ ယူဆရပါတယ်။ Camera တွေအနေနဲ့တော့ နောက်ကျောဖက်မှာ 13MP F1.9 Camera နဲ့ အရှေ့ဖက်မှာတော့ 8MP Camera ကိုတပ်ဆင်ပေးထားပါတယ်။ Galaxy Tab S4 ကိုတော့ အနက်ရောင်နဲ့ အဖြူရောင် နှစ်မျိုးပဲဝယ်လို့ရမှာပါ။

S Pen

ရောင်းချမယ့်ဈေးကိုတော့ အတိအကျမသိရသေးပေမယ့် ခန့်မှန်းမြန်မာငွေ ဆယ်သိန်းကျော်လောက်တော့ရှိနိုင်ပါတယ်။ Keyboard Case ကိုတော့ $150 နဲ့ရောင်းချမှဖြစ်ပြီး S Pen ကတော့ Tablet ဘူးထဲမှာ ပါပြီးသားဖြစ်လို့ သပ်သပ်ဝယ်စရာမလိုပါဘူး။ ထူးခြားတာဆိုလို့ Fingerprint Scanner မထည့်ပေးတော့ပဲ Intelligent Scan ကိုပဲထည့်ပေးလာတာပါ။ Iris Scanning နဲ့ Face Scanning ကိုအသုံးပြုပြီးတော့ပဲ Tablet ကို Unlock လုပ်နိုင်မှာပါ။ အဲ့ဒါတွေကို သဘောမကျရင်တော့ သာမန် Password ဒါမှမဟုတ် PIN ကိုပဲ အသုံးပြုရမှာပါ။ Tab S4 ကတော့ Laptop ဈေးကွက်နဲ့ iPad Pro တွေကြား ဝင်လာနိုင်မလား၊ Android Tablet ဈေးကွက်ကိုရော တစ်ဖန်ပြန်ဦးမော့လာစေနိုင်မလားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ချင်စရာပါပဲ။ 

Ref: Samsung | The Verge 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။