အခုအချိန်မှာ US နဲ့ China အပါအဝင် နိုင်ငံအတော်များများမှာ 4G LTE ကနေ 5G ကို စတင်ပြောင်းလဲဖို့ ကြိုးစားနေကြပြီဖြစ်ပါတယ်။ ယခုပြုလုပ်နေတဲ့ Mobile World Congress မှာလည်း 5G ကို Support ပြုလုပ်တဲ့ စမတ်ဖုန်းတွေကို တွေ့လာရတဲ့အတွက် 5G က ဒီနှစ်ထဲမှာ စတင်လာဖို့က သေချာသလောက်ကိုဖြစ်နေပါပြီ။

CTO Neville Ray

အခုအချိန်မှာတော့ ဒီလိုမျိုး အစောဆုံး 5G ကိုစတင်ပေးမယ့် US က Mobile Operator တစ်ခုဖြစ်တဲ့ T-Mobile ကနေ PC Mag က ပြုလုပ်တဲ့ Interview တစ်ခုမှာ မကြာခင်ပြုလုပ်တော့မယ့် 5G Network အကြောင်းကို အနည်းငယ်ပြောကြားပေးသွားခဲ့ပါတယ်။

အခု T-Mobile ရဲ့ CTO Neville Ray ရဲ့ ပြောကြားချက်အရတော့ T-Mobile ဟာ 5G Network ကိုလည်း Unlimited Data ကိုပေးသွားမှာဖြစ်ပြီးတော့ Speed အရလည်း 4G LTE ထက်သိသိသာသာမြန်ဆန်လာပြီး Latency လည်း တော်တော်လေးလျော့ကျသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် အရေးအကြီးဆုံးအချက်ကတော့ T-Mobile က အခု 5G Data Plan တွေကို လက်ရှိ 4G LTE ရဲ့ Data Plan တွေရဲ့ ဈေးထက်ပိုပြီးများမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ T-Mobile ရဲ့ LTE Unlimited Data Plan တွေကလည်း တစ်လကို ဒေါ်လာ ၇၀ ကနေ ၈၅ ဝန်းကျင်ရှိနေတဲ့အတွက် 5G Unlimited Plan Data တွေကလည်း အခုဈေးနှုန်းဝန်းကျင်မှာပဲရှိနေမယ်လို့ ယူဆရပါတယ်။

CTO Neville Ray

လက်ရှိအချိန်မှာ 5G ကို Support ပြုလုပ်တဲ့ စမတ်ဖုန်းတွေလည်းတော်တော်များများထွက်ရှိနေပြီဖြစ်ပြီး T-Mobile အပါအဝင် Operator အများစုက လာမယ့် ၂၀၂၀ ခုနှစ်မှာ လုံးဝ 5G ကို လူတိုင်းနီးပါးအသုံးပြုနိုင်အောင် အကုန်လုံးက ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာရော 5G ရောက်လာရင် ဘယ်လို Speed နှုန်းနဲ့ ဘယ်လို ဈေးနှုန်းဖြစ်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Ref : The Verge