[Zawgyi]





Ref: Techrader

Min Than Htike (Akhayar)

www.akhayar.com


[Unicode]

Swype Keyboard ဝန်ဆောင်မှုရပ်ဆိုင်း

2013 ကတည်းက Android User တွေကြားမှာ နာမည်တစ်ခုရခဲ့တဲ့ Swype Keyboard ကို Update တွေထပ်ထုတ်ပေးမှာမဟုတ်တော့ပါဘူး။ Vivo အပါအဝင် Swype Keyboard အသုံးပြုထားတဲ့ Android Phone တွေအများကြီးရှိပါတယ်။ အခုလိုဝန်ဆောင်မှုရပ်တန့်လိုက်တာဟာ Swype Keyboard ပရိတ်သတ်အတွက်တော့ စိတ်မကောင်းစရာပါ။ Nuance ကုမ္ပဏီအနေနဲ့ AI ပိုင်းကိုပိုအလေးပေးတဲ့အတွက် Keyboard အပိုင်းဖက်ကိုဆက်လက်လုပ်ကိုင်တော့မှာမဟုတ်တဲ့အကြောင်းကြေငြာခဲ့ပါတယ်။

Swype Keyboard က မြန်မာစာအပါအဝင် ဘာသာစကားအများကြီး အထောက်အပံ့ပေးပြီး Theme ကောင်းကောင်းတွေအများကြီးရှိတဲ့အတွက် လူကြိုက်များတာပါ။ Swyper Keyboard ရဲ့အဓိက Feature ကတော့ Keyboard တစ်ခုလုံးကို လက်တစ်ချောင်းတည်းနဲ့ ပွတ်ဆွဲပြီးသုံးလို့ရတဲ့ Swipe Gesture ပါ။

Swype ဆိုတာကတော့ Swipe နဲ့အသံထွက်တူတာကြောင့် Keyboard Name အဖြစ်နာမည်ပေးထားတာဖြစ်ပြီး အဓိပ္ပါယ်အတိအကျမရှိပါဘူး။  Swype Keyboard ကိုနာမည်ပေးခဲ့တာကလည်း Swipe Gesture ကြောင့်ပါ။ Swipe Gesture တွေကတစ်ကယ်အသုံးဝင်ပါတယ်။ Swipe Gesture ကြောင့် Typing မှာအချိန်ကုန်သက်သာစေမှာဖြစ်ပြီး လက်တစ်ဖက်တည်း စာရိုက်ရာမှာသိသိသာသာအသုံးဝင်တာပဲဖြစ်ပါတယ်။ Swype Keyboard အစား Playstore မှာရနိုင်သေးတာကတော့ Microsoft ရဲ့ SwiftKey App ပါပဲ။

Ref: Techrader

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။