This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

မထင္မွတ္တာေတြကုိ လုပ္ျပႏုိင္စြမ္းရွိတဲ့ ဆြစ္ဇာလန္

ဆြစ္ဇာလန္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အစဥ္အလာမရွိေပမယ့္လည္း ဖ်က္ျမင္းအသင္းအျဖစ္ သတ္မွတ္ခံထားရေလ့ရွိတယ္။ ဟာကန္ယာကင္ Hakan Yakin၊ အလက္ဇႏၵားဖ႐ုိင္း Alexander Frei၊ ဂုိကန္ အင္လာ Gökhan Inler စတဲ့ နာမည္ေက်ာ္ကစားသမားေတြ ေပၚထြက္ခဲ့ဖူးၿပီး အခုအခ်ိန္မွာလည္း ရွာကီရီ Shaqiri၊ ခ်ာကာ Xhaka၊ ေဖဘီယန္ရွား Fabian Schär ၊ ဂယ္လ္ဆင္ဖာနန္ဒက္ဇ္ Gélson Fernandes တို႔လုိ ဥေရာပအေျခစုိက္ ကစားသမားေကာင္းေတြအျပင္ လစ္ခ်္စတုိင္နာ Lichtsteiner ၊ ဘရာမီ Behrami၊ ဒီဇီမယ္လီ Džemaili တို႔လုိ ၀ါရင့္ကစားသမားေတြ ရွိေနတာေၾကာင့္ ကစားသမားစုဖဲြ႕မႈက ေတာင့္တင္းေနဆဲလုိ႔ ဆုိရမယ္။ အခု အုပ္စုတြင္းမွာလည္း ဘရာဇီးလ္ကလဲြလုိ႔ ေကာ္စတာရီကာ၊ ဆားဘီးယားတို႔လုိ ေျခရည္ တူအသင္းေတြ ပါ၀င္ေနတာေၾကာင့္ အုပ္စုဒုတိယေနရာကုိ ေမွ်ာ္လင့္လုိ႔ရတဲ့အေနအထားပါ။

Switzerland-national-football-team

Switzerland-national-football-team

ဆြစ္ဇာလန္အသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း
ဆြစ္ဇာလန္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၁၀)ႀကိမ္ (၁၉၃၄၊ ၁၉၃၈၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၉၄၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄) ဆင္ႏႊဲခဲ့ၿပီး အခုက (၁၁)ႀကိမ္ေျမာက္ျဖစ္ပါတယ္။ အျမင့္ဆုံးေအာင္ျမင္မႈ ကေတာ့ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၄ ၿပိဳင္ပဲြေတြမွာ ကြာတားဖုိင္နယ္အဆင့္အထိ တက္ေရာက္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့ တဲ့ ၂၀၁၄ ၿပိဳင္ပဲြတုနး္က ႐ႈံးထြက္(၁၆)သင္းအဆင့္ ေရာက္ရွိခဲ့တယ္။

switzerland-VS-Portugal

switzerland-VS-Portugal

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ
ဆြစ္ဇာလန္အသင္းရဲ႕ ၂၀၁၈ ေျခစစ္ပဲြ ရလဒ္ေတြက အထင္ႀကီးစရာပါပဲ။ အုပ္စုတြင္းမွာ ေပၚတူဂီ တစ္သင္းသာ အဓိက ၿပိဳင္ဘက္ျဖစ္ခဲ့ေပမယ့္ အလယ္အလတ္အဆင့္လုိ႔ သတ္မွတ္ရမယ့္ လတ္ဗီးယား၊ ဟန္ေဂရီ တို႔လုိ အသင္းေတြနဲ႔ ဆုံေတြ႕ခဲ့ၿပီး ေပၚတူဂီကို အိမ္ကြင္းမွာ အႏုိင္ရခဲ့တယ္။ အေ၀းကြင္းမွာ ေပၚတူဂီကုိ ျပန္႐ႈံးခဲ့တာကလဲြၿပီး က်န္တဲ့ (၉)ပဲြစလုံးကုိ အႏုိင္ကစားခဲ့သလုိ ေပၚတူဂီနဲ႔ (၂၇)မွတ္တူ ဂုိးကြာျခားခ်က္ ေၾကာင့္ အုပ္စုဒုတိယေနရာသာရခဲ့တာျဖစ္ပါတယ္။

Shaqiri

Shaqiri

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား
အခုေလာေလာဆယ္ေတာ့ ဆြစ္ဇာလန္အသင္းမွာ ဒဏ္ရာႀကီးႀကီးမားမား ရတဲ့ကစားသမား မရွိေသးပါဘူး။ တကယ္လုိ႔ လာမယ့္ကမၻာ႔ဖလားမွာ လူစုံတက္စုံသာ ပါ၀င္ခဲ့မယ္ဆုိရင္ေတာ့ ဆြစ္ဇာလန္အသင္းရဲ႕ အေနအထားက ၿပိဳင္ဘက္အသင္းတိုင္းကုိ ၿခိမ္းေျခာက္ႏုိင္စြမ္းရွိမွာပါ။ ရွာကီရီ၊ ခ်ာကာ၊ ေဖဘီယန္ဖ႐ုိင္း၊ ဒီဇီမယ္လီတို႔က ဆြစ္ဇာလန္ကြင္းလယ္ကုိ အဓိက ဦးေဆာင္မယ့္သူေတြျဖစ္သလုိ တိုက္စစ္မွာလည္း ဆီဖာ႐ုိဗစ္ Seferovic၊ အမ္ဘုိလုိ Embolo တို႔နဲ႔ ေတာင့္တင္းမႈရွိပါတယ္။

REF:Wikipedia
Photo:Getty Images,Football Fashion
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

မထင်မှတ်တာတွေကို လုပ်ပြနိုင်စွမ်းရှိတဲ့ ဆွစ်ဇာလန်

ဆွစ်ဇာလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစဉ်အလာမရှိပေမယ့်လည်း ဖျက်မြင်းအသင်းအဖြစ် သတ်မှတ်ခံထားရလေ့ရှိတယ်။ ဟာကန်ယာကင် Hakan Yakin၊ အလက်ဇန္ဒားဖရိုင်း Alexander Frei၊ ဂိုကန် အင်လာ Gökhan Inler စတဲ့ နာမည်ကျော်ကစားသမားတွေ ပေါ်ထွက်ခဲ့ဖူးပြီး အခုအချိန်မှာလည်း ရှာကီရီ Shaqiri၊ ချာကာ Xhaka၊ ဖေဘီယန်ရှား Fabian Schär ၊ ဂယ်လ်ဆင်ဖာနန်ဒက်ဇ် Gélson Fernandes တို့လို ဥရောပအခြေစိုက် ကစားသမားကောင်းတွေအပြင် လစ်ချ်စတိုင်နာ Lichtsteiner ၊ ဘရာမီ Behrami၊ ဒီဇီမယ်လီ Džemaili တို့လို ဝါရင့်ကစားသမားတွေ ရှိနေတာကြောင့် ကစားသမားစုဖွဲ့မှုက တောင့်တင်းနေဆဲလို့ ဆိုရမယ်။ အခု အုပ်စုတွင်းမှာလည်း ဘရာဇီးလ်ကလွဲလို့ ကော်စတာရီကာ၊ ဆားဘီးယားတို့လို ခြေရည် တူအသင်းတွေ ပါဝင်နေတာကြောင့် အုပ်စုဒုတိယနေရာကို မျှော်လင့်လို့ရတဲ့အနေအထားပါ။

Switzerland-national-football-team

Switzerland-national-football-team

ဆွစ်ဇာလန်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း
ဆွစ်ဇာလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၁၀)ကြိမ် (၁၉၃၄၊ ၁၉၃၈၊ ၁၉၅၀၊ ၁၉၅၄၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၉၄၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄) ဆင်နွှဲခဲ့ပြီး အခုက (၁၁)ကြိမ်မြောက်ဖြစ်ပါတယ်။ အမြင့်ဆုံးအောင်မြင်မှု ကတော့ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၄ ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့တာဖြစ်ပြီး ပြီးခဲ့ တဲ့ ၂၀၁၄ ပြိုင်ပွဲတုန်းက ရှုံးထွက်(၁၆)သင်းအဆင့် ရောက်ရှိခဲ့တယ်။

switzerland-VS-Portugal

switzerland-VS-Portugal

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု
ဆွစ်ဇာလန်အသင်းရဲ့ ၂၀၁၈ ခြေစစ်ပွဲ ရလဒ်တွေက အထင်ကြီးစရာပါပဲ။ အုပ်စုတွင်းမှာ ပေါ်တူဂီ တစ်သင်းသာ အဓိက ပြိုင်ဘက်ဖြစ်ခဲ့ပေမယ့် အလယ်အလတ်အဆင့်လို့ သတ်မှတ်ရမယ့် လတ်ဗီးယား၊ ဟန်ဂေရီ တို့လို အသင်းတွေနဲ့ ဆုံတွေ့ခဲ့ပြီး ပေါ်တူဂီကို အိမ်ကွင်းမှာ အနိုင်ရခဲ့တယ်။ အဝေးကွင်းမှာ ပေါ်တူဂီကို ပြန်ရှုံးခဲ့တာကလွဲပြီး ကျန်တဲ့ (၉)ပွဲစလုံးကို အနိုင်ကစားခဲ့သလို ပေါ်တူဂီနဲ့ (၂၇)မှတ်တူ ဂိုးကွာခြားချက် ကြောင့် အုပ်စုဒုတိယနေရာသာရခဲ့တာဖြစ်ပါတယ်။

Shaqiri

Shaqiri

စောင့်ကြည့်ရမယ့်ကစားသမားများ
အခုလောလောဆယ်တော့ ဆွစ်ဇာလန်အသင်းမှာ ဒဏ်ရာကြီးကြီးမားမား ရတဲ့ကစားသမား မရှိသေးပါဘူး။ တကယ်လို့ လာမယ့်ကမ္ဘာ့ဖလားမှာ လူစုံတက်စုံသာ ပါဝင်ခဲ့မယ်ဆိုရင်တော့ ဆွစ်ဇာလန်အသင်းရဲ့ အနေအထားက ပြိုင်ဘက်အသင်းတိုင်းကို ခြိမ်းခြောက်နိုင်စွမ်းရှိမှာပါ။ ရှာကီရီ၊ ချာကာ၊ ဖေဘီယန်ဖရိုင်း၊ ဒီဇီမယ်လီတို့က ဆွစ်ဇာလန်ကွင်းလယ်ကို အဓိက ဦးဆောင်မယ့်သူတွေဖြစ်သလို တိုက်စစ်မှာလည်း ဆီဖာရိုဗစ် Seferovic၊ အမ်ဘိုလို Embolo တို့နဲ့ တောင့်တင်းမှုရှိပါတယ်။

REF:Wikipedia
Photo:Getty Images,Football Fashion
Naing Linn(Akhayar)
www.akhayar.com