This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

လုိအပ္တဲ့ သေရတစ္မွတ္ရယူၿပီး အုပ္စုတက္ခြင့္ရခဲ့တဲ့ ဆြစ္ဇာလန္

ဆြစ္ဇာလန္အသင္းဟာ အုပ္စုေနာက္ဆုံးက ေကာ္စတာရီကာကုိ အႏုိင္မကစားခ့ဲေပမယ့္ သေရတစ္မွတ္ရယူၿပီး ေနာက္တစ္ဆင့္တက္ခြင့္ ရယူခဲ့ပါတယ္။ ဒီပဲြမတုိင္ခင္ကတည္းက ဆြစ္ဇာလန္အသင္း ေနာက္တစ္ဆင့္တက္ဖုိ႔ အေျခအေနေကာင္းေနေပမယ့္ ေကာ္စတာရီကာအသင္းကုိ အထင္မေသးဘဲ ကစားသမားအစုံအလင္နဲ႔ အာ႐ုံစုိက္ကစားခဲ့တယ္။ ေကာ္စတာရီကာအသင္းကလည္း အုပ္စုက ထြက္ခဲ့ရေပမယ့္ ဆြစ္ဇာလန္ကုိ ဒုကၡေပးႏုိင္ဖုိ႔ ႀကိဳးစားကစားခဲ့ၿပီး အခုကမၻာ႔ဖလားၿပိဳင္ပဲြမွာ ရမွတ္တစ္မွတ္ေတာ့ ရယူသြားႏုိင္ခဲ့တယ္။ ဆြစ္ဇာလန္အသင္း ေဘာလုံးပုိင္ဆုိင္မႈအသာရေပမယ့္ ဂုိးေပါက္ကန္သြင္းမႈမွေတာ့ ေကာ္စတာရီကာအသင္းကေတာင္ ပုိမုိသာလြန္ေနပါေသးတယ္။

Drmic-Celebrate

Drmic-Celebrate

(၃၁)မိနစ္မွာ ဆြစ္ဇာလန္ေတာင္ပံကစားသမား အမ္ဘုိလုိ Embolo ေခါင္းတိုက္ခ်ေပးတာကုိ ဒီဇီမယ္လီ Džemaili က အပုိင္ကန္သြင္းၿပီး ဆြစ္ဇာလန္အသင္းအတြက္ ဦးေဆာင္ဂုိးသြင္းခဲ့တယ္။ (၅၆)မိနစ္မွာ ေကာ္စတာရီကာ ေခ်ပဂုိးျပန္ရခဲ့ၿပီး ေထာင့္ကန္ေဘာကုိ ကမ္းဘဲလ္ Campbell ကန္တင္ ေပးတာကေန ၀က္ဆင္ Watson က ေခါင္းတိုက္သြငး္ယူခဲ့တာပါ။ (၈၈)မိနစ္မွာ ဆြစ္ဇာလန္တိုက္စစ္မွဴး ဒါမစ္ Drmic က ဒုတိယဂုိးသြင္းယူခဲ့ေပမယ့္ Injury Time (၃)မိနစ္မွာ ေကာ္စတာရီကာ ပယ္နယ္တီကန္ခြင့္ရခဲ့တယ္။ အဲဒီပယ္နယ္တီကုိ ဘ႐ုိင္႐ုဇ္ ကန္သြင္းတာ အေပၚဘားတိုင္ကုိ ထိၿပီးထြက္ခဲ့ေပမယ့္ ဆြစ္ဇာလန္ဂုိးသမား ဆြမ္မာ Sommer နဲ႔ ျပန္ထိၿပီး ဂုိး၀င္သြားတာေၾကာင့္ ေခ်ပဂုိးျပန္ရခဲ့ပါတယ္။ ဒီဂုိးကုိ ဆြမ္မာ OG အျဖစ္ သတ္မွတ္ခဲ့တာေၾကာင့္ သူဟာ ဇူဘီဇာရက္တာ Zubizarreta (၁၉၉၈)၊ ဗယ္လာဒါရက္စ္ Valladares(၂၀၁၄) တို႔ေနာက္ပုိင္း ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ကုိယ့္ဂုိးကုိယ္သြင္းခဲ့တဲ့ တတိယေျမာက္ဂုိးသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါၿပီ။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

လိုအပ်တဲ့ သရေတစ်မှတ်ရယူပြီး အုပ်စုတက်ခွင့်ရခဲ့တဲ့ ဆွစ်ဇာလန်

ဆွစ်ဇာလန်အသင်းဟာ အုပ်စုနောက်ဆုံးက ကော်စတာရီကာကို အနိုင်မကစားခဲ့ပေမယ့် သရေတစ်မှတ်ရယူပြီး နောက်တစ်ဆင့်တက်ခွင့် ရယူခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်ကတည်းက ဆွစ်ဇာလန်အသင်း နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပေမယ့် ကော်စတာရီကာအသင်းကို အထင်မသေးဘဲ ကစားသမားအစုံအလင်နဲ့ အာရုံစိုက်ကစားခဲ့တယ်။ ကော်စတာရီကာအသင်းကလည်း အုပ်စုက ထွက်ခဲ့ရပေမယ့် ဆွစ်ဇာလန်ကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားကစားခဲ့ပြီး အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရမှတ်တစ်မှတ်တော့ ရယူသွားနိုင်ခဲ့တယ်။ ဆွစ်ဇာလန်အသင်း ဘောလုံးပိုင်ဆိုင်မှုအသာရပေမယ့် ဂိုးပေါက်ကန်သွင်းမှုမှတော့ ကော်စတာရီကာအသင်းကတောင် ပိုမိုသာလွန်နေပါသေးတယ်။

Drmic-Celebrate

Drmic-Celebrate

(၃၁)မိနစ်မှာ ဆွစ်ဇာလန်တောင်ပံကစားသမား အမ်ဘိုလို Embolo ခေါင်းတိုက်ချပေးတာကို ဒီဇီမယ်လီ Džemaili က အပိုင်ကန်သွင်းပြီး ဆွစ်ဇာလန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့တယ်။ (၅၆)မိနစ်မှာ ကော်စတာရီကာ ချေပဂိုးပြန်ရခဲ့ပြီး ထောင့်ကန်ဘောကို ကမ်းဘဲလ် Campbell ကန်တင် ပေးတာကနေ ဝက်ဆင် Watson က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ (၈၈)မိနစ်မှာ ဆွစ်ဇာလန်တိုက်စစ်မှူး ဒါမစ် Drmic က ဒုတိယဂိုးသွင်းယူခဲ့ပေမယ့် Injury Time (၃)မိနစ်မှာ ကော်စတာရီကာ ပယ်နယ်တီကန်ခွင့်ရခဲ့တယ်။ အဲဒီပယ်နယ်တီကို ဘရိုင်ရုဇ် ကန်သွင်းတာ အပေါ်ဘားတိုင်ကို ထိပြီးထွက်ခဲ့ပေမယ့် ဆွစ်ဇာလန်ဂိုးသမား ဆွမ်မာ Sommer နဲ့ ပြန်ထိပြီး ဂိုးဝင်သွားတာကြောင့် ချေပဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးကို ဆွမ်မာ OG အဖြစ် သတ်မှတ်ခဲ့တာကြောင့် သူဟာ ဇူဘီဇာရက်တာ Zubizarreta (၁၉၉၈)၊ ဗယ်လာဒါရက်စ် Valladares(၂၀၁၄) တို့နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ တတိယမြောက်ဂိုးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com