[Zawgyi]



"Frédérique Constant"

“Frédérique Constant”


"Frédérique Constant"

“Frédérique Constant”


"Frédérique Constant"

“Frédérique Constant”


"Frédérique Constant"

“Frédérique Constant”


Su Yi Htet (Akhayar)

www.akhayar.com

[Unicode]

မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ နာမည်ကျော် အဆင့်မြင့် ဆွစ် နာရီတံဆိပ် “Frédérique Constant”

ဒီနောက်ပိုင်းမှာ ဖက်ရှင်ရေစီးကြောင်းနဲ့အတူ Accessories တွေကို ဦးစားပေးတဲ့ Trend ကလည်း လူငယ်တွေကြားထဲတင်မဟုတ်ဘဲ လူလတ်ပိုင်းတွေမှာရော၊ လူကြီးတွေ ကြားထဲမှာရော တွေ့လာရပါပြီ။ အထူးသဖြင့် ဦးစားပေးကြတဲ့ Accessories တွေထဲမှာ နာရီတွေက အများဆုံးပါ။ လူတိုင်းက အချိန်နဲ့ အလုပ်လုပ်နေရတာဖြစ်လို့ နာရီကောင်းကောင်းတစ်လုံးက အမြဲရှိနေသင့်တယ်ဆိုတဲ့ အတွေးတွေနဲ့အတူ သင့်တင့်တဲ့ Brand ထဲက နာရီလေးတွေလည်း ရွေးချယ်ဝယ်ယူလာကြတာ မြင်ရမှာဖြစ်ပါတယ်။

"Frédérique Constant"

“Frédérique Constant”

အခုဆိုရင်လည်း နာမည်ကျော် အဆင်မြင့် နာရီတံဆိပ်ဖြစ်တဲ့ “Frédérique Constant” ကလည်း မြန်မာနိုင်ငံကို ထပ်မံဝင်ရောက်လာပြန်ပါပြီ။ “Frédérique Constant” ဆိုတဲ့နာမည်က လက်ရှိ တည်ထောင်သူနှစ်ဦးရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ဆွစ်နာရီလုပ်ငန်းရှင် Frederique Schreiner (၁၈၈၁-၁၉၆၉) နဲ့ Constant Stas (၁၈၈၀-၁၉၆၇) တို့ရဲ့ ရှေ့နာမည်တွေကို ယူထားတာပါ။ “Frédérique Constant” က ဖန်တီးခဲ့တဲ့ “Heart Beat Manufacture” နာရီတွေဟာဆိုရင်  ၂၀၀၅ ခုနှစ်မှာ Horloges မဂ္ဂဇင်းရဲ့ “Watch of the Year” ဆုကို ဆွတ်ခူးခဲ့သလို သူတို့ရဲ့ ဆန်းသစ်တီထွင်မှု၊ နာရီပညာနဲ့ အရည်အသွေးအပေါ်ထားတဲ့ စိတ်အားထက်သန်မှု တို့ကြောင့် “Frédérique Constant” ဟာ ဆွစ်လက်ပတ်နာရီနယ်ပယ်မှာ လူတိုင်းသဘောကျရတဲ့ တန်ဖိုးမြင့် Affordable Swiss Entry Brand တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေ ပါတယ်။

"Frédérique Constant"

“Frédérique Constant”

“Frédérique Constant” တံဆိပ်နာရီတွေကို Swiss Time Square မှာ ဝယ်ယူရရှိနိုင်ပြီးတော့ TIME SQUARE TRADING COMPANY ၏ မူလအစကိုတော့ 1976 ခုနှစ်က ရန်ကုန်မှာ ဖွင့်လှစ်ခဲ့တဲ့  NAING FAMILY CHERRY OO COMPANY ရဲ့  နာရီဆိုင်နဲ့ ခြေရာကောက်နိုင်ပါတယ်။ NAING FAMILY CHERRY OO COMPANY ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်လာမှုနှင့် အတူ အလားအလာရှိတဲ့ customer demand တွေကိုဖြည့်ဆည်းပေးဖို့အတွက် နိုင်ငံတကာ brands အစုံ နာရီများတွေကို လက်လီလက်ကား အများဆုံး ဖြန့်ချီတဲ့ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ရပ်တည်နေတာပါ။ Swiss Time Square ဟာ ဆိုရင်မြန်မာနိုင်ငံရဲ့နာရီလုပ်ငန်း တိုးတက်လာမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဂုဏ်သိက္ခာရှိတဲ့ နာမည်ကျော် ကမ္ဘာကျော် Swiss brands တွေကိုလည်း customer များလက်ထဲ ပစ္စည်းမှန်၊ အရည်အသွေးမှန်နဲ့  နိုင်ငံတကာဈေးနှုန်းတွေအတိုင်း စိတ်ကျေနပ်မှုရှိအောင် ဝန်ဆောင်မှုတွေ ပေးလျက်ရှိပါတယ်။

"Frédérique Constant"

“Frédérique Constant”

SWISS TIME SQUARE ရဲ့ မိသားစုဝင်အသစ်ဖြစ်တဲ့  “Frédérique Constant” ရဲ့  ဈေးနှုန်းတွေအနေနဲ့က ဒေါ်လာ ၆၀၀ ကျော်လောက်ကနေစရှိပြီးတော့ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံး ဆွစ် တန်ဖိုးမြင့်လက်ပတ်နာရီတစ်လုံးက ပေးစွမ်းတဲ့ ခံစားမှုနဲ့အတူ တန်းမြင့်လုပ်ဆောင်ချက်တွေပါ ခံစားရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂျစ်တယ်ခေတ်ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ ဂန္တဝင်နည်းပညာတို့ရဲ့ ပေါင်းစပ်မှုနှင့်အတူ အဆင့်မြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ Digital Module တစ်ခုကို ပေါင်းစပ်ထားပြီး သူမတူတဲ့ထူးခြားဆန်းသစ်မှုကို ပုံဖော်လိုက်တဲ့ “Frédérique Constant” ရဲ့ Hybrid Manufacture နာရီတွေက ငယ်ရွယ်နုပျိုမှုရဲ့ပုံရိပ်ကို ပေါ်လွင်စေတဲ့အပြင် နာရီကိုမြတ်နိုးတဲ့လူငယ်အတွက် သင့်တော်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်မှာ အသေအချာပါပဲ။

"Frédérique Constant"

“Frédérique Constant”

တန်ဖိုးမြင့် ဆွစ် နာရီတံဆိပ် “Frédérique Constant” ကို ဝယ်ယူချင်တယ်ဆိုရင်တော့ အမှတ် ၉၉ ၊ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ရှိတဲ့ Swiss Time  Square မှာ ဝယ်ယူရရှိနိုင်ပါပြီနော်။

Su Yi Htet (Akhayar)

www.akhayar.com