This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

မကၠဆီကိုကို ဂိုးျပတ္အႏိုင္ကစားၿပီး အုပ္စုပထမေနရာကို အရယူခဲ့တဲ့ ဆြီဒင္အသင္း

ႏိုင္ပြဲလိုအပ္ေနတဲ့ ဆြီဒင္အသင္း ပံုစံေကာင္းတစ္ရပ္ကို ျပသႏိုင္ခဲ့ၿပီး မကၠဆီကိုအသင္းကို အႏိုင္ကစားကာ အုပ္စုပထမေနရာကို အရယူႏိုင္ခဲ့တယ္။ ပထမ (၂)ပြဲမွာ ေျခစြမ္းေကာင္းေတြ ျပသကာ ႏိုင္ပြဲရယူထားႏိုင္ခဲ့တဲ့ မကၠဆီကိုအသင္း အုပ္စုက လွည့္ျပန္ရမယ့္ အေနအထားျဖစ္ခဲ့ေပမယ့္ တစ္ခ်ိန္တည္းမွာ ကစားခဲ့တဲ့ ဂ်ာမနီအသင္း ရံႈးပြဲေတြ႕ခဲ့လို႔သာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဂ်ာမနီသာ ႏိုင္ပြဲရရွိခဲ့မယ္ဆိုရင္ (၃)သင္း Head to Head အေနအထားမွာ မကၠဆီကိုအသင္း အုပ္စု ထြက္ရမွာျဖစ္လို႔ ဂ်ာမနီရဲ႕ ရံႈးပြဲက မကၠဆီကိုအတြက္ ကံေကာင္းခဲ့တယ္ ေျပာရမွာပါပဲ။ (၂)သင္းစလံုး အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ အႀကိတ္အနယ္ရွိခဲ့ပါတယ္။ ပြဲအစ (၁၃)စကၠန္႔အၾကာမွာတင္ မကၠဆီကို ေနာက္ခံလူ ဂယ္လာဒို Gallardo အဝါကတ္ ျပသခံခဲ့ရၿပီး ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ အျမန္ဆံုး အဝါကတ္ျပသခံရတဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ ပထမပိုင္း ပြဲခ်ိန္ေတြမွာေတာ့ အျပန္အလွန္ထိုးေဖာက္မႈေတြ ရွိခဲ့ေပမယ့္ (၂)ဘက္ ဂိုးသမားေတြ လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့လို႔ ဂိုးမရွိသေရနဲ႔ ပြဲၿပီးဆံုးခဲ့ပါတယ္။

Augustinsson-goal-celebrates

Augustinsson-goal-celebrates

ဒုတိယပိုင္းမွာေတာ့ ႏိုင္ပြဲလိုအပ္ေနခဲ့တဲ့ ဆြီဒင္အသင္း တိုက္စစ္ျမွင့္တင္လာခဲ့ၿပီး ပြဲက ပထမပိုင္းကထက္ ပိုမိုအႀကိတ္အနယ္ရွိလာခဲ့တယ္။ တိုက္စစ္ျမွင့္တင္လာခဲ့တဲ့ ဆြီဒင္အသင္း ပြဲကစားခ်ိန္ မိနစ္ (၅၀)မွာပဲ ဦးေဆာင္ဂိုးကို စတင္ရရွိခဲ့တယ္။ လူကပ္မခံထားရတဲ့ ေနာက္ခံလူ ေအာ္ဂတ္စတင္ဆန္ Augustinsson က ရရွိလာတဲ့ ေဘာလံုးကို အျပင္းကန္သြင္းယူခဲ့တာျဖစ္တယ္။ ဦးေဆာင္ဂိုး ရရွိခဲ့ေပမယ့္ ဆြီဒင္အသင္း ကစားအား မခ်ခဲ့ဘဲ ေတာက္ေလွ်ာက္တိုက္စစ္ဆင္ခဲ့လို႔ ပြဲကစားခ်ိန္ (၆၂)မိနစ္အေရာက္မွာ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ပယ္နယ္တီကေန အသင္းေခါင္းေဆာင္ ဂရန္းဗစ္ Granqvist က သြင္းယူေပးခဲ့တယ္။ (၂)ဂိုးျပတ္ အႏုိင္ရေနခဲ့လို႔ ဆြီဒင္အသင္း ကစားအား အနည္းငယ္ေလ်ာ႔ခ်ခဲ့ေပမယ့္ (၇၄)မိနစ္မွာ မထင္မွတ္တဲ့ အေနအထားကေန တတိယေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံရရွိခဲ့တယ္။ မကၠဆီကို ေနာက္ခံလူ အဲလ္ဗာရက္ဇ္ Alvarez ရဲ႕ ရွင္းထုတ္ပံု မေသသပ္မႈေၾကာင့္ ကိုယ့္ဂုိးကိုယ္ သြင္းမိခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းပြဲကစားခ်ိန္ေတြမွာ ဆြီဒင္အသင္း အႏိုင္ရလဒ္ကို ထိန္းကစားသြားခဲ့လို႔ (၃-၀)ရလဒ္နဲ႔ပဲ ပြဲၿပီးဆံုးခဲ့တယ္။ ဆြီဒင္အသင္းအေနနဲ႔ ေနာက္ဆံုး ကစားခဲ့တဲ့ ကမၻာ႔ဖလား (၄)ႀကိမ္ဆက္ (၁၉၉၄၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၈) ရံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Man Of The Match – Augustinsson (Sweden)

Photo:OptaJoe Twitter, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Zawgyi]

မက္ကဆီကိုကို ဂိုးပြတ်အနိုင်ကစားပြီး အုပ်စုပထမနေရာကို အရယူခဲ့တဲ့ ဆွီဒင်အသင်း

နိုင်ပွဲလိုအပ်နေတဲ့ ဆွီဒင်အသင်း ပုံစံကောင်းတစ်ရပ်ကို ပြသနိုင်ခဲ့ပြီး မက္ကဆီကိုအသင်းကို အနိုင်ကစားကာ အုပ်စုပထမနေရာကို အရယူနိုင်ခဲ့တယ်။ ပထမ (၂)ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသကာ နိုင်ပွဲရယူထားနိုင်ခဲ့တဲ့ မက္ကဆီကိုအသင်း အုပ်စုက လှည့်ပြန်ရမယ့် အနေအထားဖြစ်ခဲ့ပေမယ့် တစ်ချိန်တည်းမှာ ကစားခဲ့တဲ့ ဂျာမနီအသင်း ရှုံးပွဲတွေ့ခဲ့လို့သာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီသာ နိုင်ပွဲရရှိခဲ့မယ်ဆိုရင် (၃)သင်း Head to Head အနေအထားမှာ မက္ကဆီကိုအသင်း အုပ်စု ထွက်ရမှာဖြစ်လို့ ဂျာမနီရဲ့ ရှုံးပွဲက မက္ကဆီကိုအတွက် ကံကောင်းခဲ့တယ် ပြောရမှာပါပဲ။ (၂)သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပွဲအစ (၁၃)စက္ကန့်အကြာမှာတင် မက္ကဆီကို နောက်ခံလူ ဂယ်လာဒို Gallardo အဝါကတ် ပြသခံခဲ့ရပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အမြန်ဆုံး အဝါကတ်ပြသခံရတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ပထမပိုင်း ပွဲချိန်တွေမှာတော့ အပြန်အလှန်ထိုးဖောက်မှုတွေ ရှိခဲ့ပေမယ့် (၂)ဘက် ဂိုးသမားတွေ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

Álvarez-own-goal

Álvarez-own-goal

ဒုတိယပိုင်းမှာတော့ နိုင်ပွဲလိုအပ်နေခဲ့တဲ့ ဆွီဒင်အသင်း တိုက်စစ်မြှင့်တင်လာခဲ့ပြီး ပွဲက ပထမပိုင်းကထက် ပိုမိုအကြိတ်အနယ်ရှိလာခဲ့တယ်။ တိုက်စစ်မြှင့်တင်လာခဲ့တဲ့ ဆွီဒင်အသင်း ပွဲကစားချိန် မိနစ် (၅၀)မှာပဲ ဦးဆောင်ဂိုးကို စတင်ရရှိခဲ့တယ်။ လူကပ်မခံထားရတဲ့ နောက်ခံလူ အော်ဂတ်စတင်ဆန် Augustinsson က ရရှိလာတဲ့ ဘောလုံးကို အပြင်းကန်သွင်းယူခဲ့တာဖြစ်တယ်။ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် ဆွီဒင်အသင်း ကစားအား မချခဲ့ဘဲ တောက်လျှောက်တိုက်စစ်ဆင်ခဲ့လို့ ပွဲကစားချိန် (၆၂)မိနစ်အရောက်မှာ ဒုတိယမြောက် ဦးဆောင်ဂိုးကို ပယ်နယ်တီကနေ အသင်းခေါင်းဆောင် ဂရန်းဗစ် Granqvist က သွင်းယူပေးခဲ့တယ်။ (၂)ဂိုးပြတ် အနိုင်ရနေခဲ့လို့ ဆွီဒင်အသင်း ကစားအား အနည်းငယ်လျော့ချခဲ့ပေမယ့် (၇၄)မိနစ်မှာ မထင်မှတ်တဲ့ အနေအထားကနေ တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံရရှိခဲ့တယ်။ မက္ကဆီကို နောက်ခံလူ အဲလ်ဗာရက်ဇ် Alvarez ရဲ့ ရှင်းထုတ်ပုံ မသေသပ်မှုကြောင့် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းပွဲကစားချိန်တွေမှာ ဆွီဒင်အသင်း အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ (၃-ဝ)ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တယ်။ ဆွီဒင်အသင်းအနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား (၄)ကြိမ်ဆက် (၁၉၉၄၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၈) ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Man Of The Match – Augustinsson (Sweden)

Photo:OptaJoe Twitter, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com