This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]



Marcus-Berg

Marcus-Berg


REF:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဖီဖာရဲ့ ကာလရှည် ပွဲပယ်ခံရဖို့ရှိနေတဲ့ ဆွီဒင်တိုက်စစ်မှူး မားကပ်စ်ဘက်ဂ် Marcus Berg

ဆွီဒင်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး မားကပ်စ်ဘတ်ဂ် Marcus Berg အနေနဲ့ ဖီဖာရဲ့ ကာလရှည် ပွဲပယ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့ ရှောင်တခင် တားမြစ်ဆေးစစ်ဆေးမှုကို မားကပ်စ်ဘတ်စ် Marcus Berg ရှောင်လွှဲခဲ့လို့ ကာလရှည်ပွဲပယ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ UAE ကလပ် Al Ain အသင်းမှာ ကစားနေတဲ့ မားကပ်စ်ဘက်ဂ် Marcus Berg ဟာ တားမြစ်ဆေး စစ်ဆေးမှုကို ရှောင်လွှဲခဲ့လို့ ဖီဖာရဲ့ လတ်တလော သတိပေးခြင်းကို ခံထားရပြီး နောက်ဆက်တွဲအနေနဲ့ ကာလရှည် ပွဲပယ်ခံရဖို့အထိရှိနေပါတယ်။

Marcus-Berg

Marcus-Berg

ဆွီဒင်အသင်းရဲ့ ပရိသတ်တွေကတော့ နောက်တစ်ဆင့်တက်ဖို့ အရေးပါနေတဲ့ မက္ကဆီကိုအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင် မားကပ်စ်ဘတ်ဂ် Marcus Berg ပွဲပယ်ပြစ်ဒဏ်ကျခံရမှာကို စိုးရိမ်လျက်ရှိနေပါတယ်။ လတ်တလောမှာတော့ ဖီဖာအနေနဲ့ မားကပ်စ်ဘက်ဂ် Marcus Berg အပေါ် အရေးယူသွားဖို့ ရှိ၊ မရှိဆိုတာကတော့ အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

REF:The Sun
Photo:WorldProNews, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com