This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

က်ဆင္းေနတဲ့ အသင္းပုံရိပ္ကုိ ျပန္လည္ျမႇင့္တင္ဖုိ႔ ႀကိဳးပမ္းရမယ့္ ဆြီဒင္

ဆြီဒင္အသင္းဟာ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ဆြတ္ခူးခဲ့ဖူးျခင္းမရွိေပမယ့္ သမုိင္းေၾကာင္းအစဥ္အလာ မေသးတဲ့ အသင္းတစ္သင္းလုိ႔ သတ္မွတ္ရမွာပါ။ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ အျမင့္ဆုံးေအာင္ျမင္မႈအျဖစ္ ဒုတိယေနရာတစ္ႀကိမ္ရခဲ့ဖူးၿပီး အသင္းႀကီးေတြကုိ ဒုကၡေပးႏုိင္ခဲ့တဲ့အသင္းတစ္သင္းလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ၂၁ ရာစုအတြင္းမွာေတာ့ ဆြီဒင္အသင္းရဲ႕ ပုံရိပ္က က်ဆင္းလာခဲ့ၿပီး ဖ်က္ျမင္းအသင္းအဆင့္ကေန အိမ္ျဖည့္အသင္းသာသာေလာက္ပဲရွိခဲ့တယ္။ ဟင္းနရစ္လာဆင္ Henrik Larsson၊ အီဘရာဟီမုိဗစ္ Ibrahimovic တို႔ေနာက္ပုိင္း မ်ိဳးဆက္သစ္တစ္ခု ျပတ္သြားျခင္းနဲ႔အတူ ဆြီဒင္အသင္းဟာ ကမၻာ႔ ေဘာလုံးေလာကမွာ အက်ဘက္ကုိ ေရာက္လာခဲ့တယ္။ ဒါေပမဲ့ ၂၀၁၈ ကမၻာ႔ဖလား Play off အဆင့္မွာ နာမည္ႀကီး အီတလီကုိ Knout Out ခ်ၿပီး ေျခစစ္ပဲြေအာင္ျမင္ခဲ့တဲ့အတြက္ ဆြီဒင္အသင္းကုိ ေလွ်ာ႔တြက္ လုိ႔ေတာ့ မရပါဘူး။

Sweden-against-Italy

Sweden-against-Italy

ဆြီဒင္အသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

ဆြီဒင္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၀၊ ၁၉၅၈၊ ၁၉၇၀၊ ၁၉၇၄၊ ၁၉၇၈၊ ၁၉၉၀၊ ၁၉၉၄၊ ၂၀၀၂၊ ၂၀၀၆ တုန္းက ယွဥ္ၿပိဳင္ခဲ့ၿပီး ၁၉၃၈ မွာ စတုတၳ၊ ၁၉၅၀နဲ႔ ၁၉၉၄ မွာ တတိယ၊ အိမ္ရွင္အျဖစ္ က်င္းပခဲ့တဲ့ ၁၉၅၈ ၿပိဳင္ပြဲမွာ ဒုတိယေနရာေတြရရွိခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၄ ၿပိဳင္ပဲြေတြတုန္းက ေျခစစ္ပဲြ မေအာင္ျမင္ခဲ့ဘဲ (၈)ႏွစ္အၾကာမွာ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ တစ္ေက်ာ႔ျပန္၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့တာပါ။

Sweden-national-football-team

Sweden-national-football-team

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

ဆြီဒင္အသင္းဟာ ေျခစစ္ပဲြအုပ္စုအဆင့္မွာ ျပင္သစ္၊ နယ္သာလန္တို႔လုိ အသင္းေကာင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့ေပမယ့္ နယ္သာလန္ကုိ ေက်ာ္ျဖတ္ၿပီး အုပ္စုဒုတိယေနရာကုိ ရယူခဲ့တယ္။ နယ္သာလန္အသင္းရဲ႕ မတည္ၿငိမ္မႈေတြေၾကာင့္ ဆြီဒင္အသင္းအတြက္ အခြင့္အေရးျဖစ္ခဲ့ၿပီး နယ္သာလန္နဲ႔ (၁၉) မွတ္တူ ဂုိးကြာျခားခ်က္အသာေၾကာင့္ အုပ္စုဒုတိယေနရာရခဲ့တာပါ။ အုပ္စုတြင္းမွာ (၁၀)ပဲြကစား၊ (၆)ပဲြႏုိင္၊ (၁)ပဲြသေရ၊ (၃)ပဲြ႐ႈံးခဲ့ၿပီး (၂၆)ဂုိးအထိ သြင္းယူခဲ့တဲ့အတြက္ အုပ္စုပထမေနရာက ျပင္သစ္အသင္းထက္ ေတာင္ သြင္းဂုိးအေရအတြက္ ပုိမ်ားခဲ့တယ္။ အေကာင္းဆုံး အုပ္စုဒုတိယအျဖစ္ Play Off ကစားခြင့္ရခဲ့ၿပီး အီတလီနဲ႔ ဆုံေတြ႕ခဲ့တာေၾကာင့္ ဆြီဒင္အသင္း ဒီအဆင့္နဲ႔ပဲ ေက်နပ္ရလိမ့္မယ္လုိ႔ အမ်ားစုက ထင္မွတ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ဆြီဒင္အသင္းဟာ အီတလီကုိ အိမ္ကြင္းမွာ (၁-၀)ဂုိးနဲ႔အႏုိင္ယူၿပီး အေ၀းကြင္းမွာ ဂုိးမရွိသေရကစားႏုိင္ခဲ့တာေၾကာင့္ ႏွစ္ေက်ာ႔ေပါင္း(၁-၀)ဂုိးရလဒ္နဲ႔ ၂၀၁၈ ကမၻာ႔ဖလား သြားေရာက္ခြင့္ကုိ အရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

sebastian-larsson

sebastian-larsson

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား
လက္ရွိအခ်ိန္မွာ ဆြီဒင္အသင္းဟာ ဂရန္းဗစ္ Granqvist၊ ဆီဘက္ရွန္လာဆင္ Sebastian Larsson၊ မားကပ္စ္ဘတ္ဂ္ Marcus Berg၊ တြိဳင္ဗုိနန္ Toivonen စတဲ့ ၀ါရင့္ကစားသမားေတြအေပၚ အားကုိးေနရဆဲျဖစ္ပါတယ္။ မန္ယူေနာက္ခံလူ လင္ဒီေလာ့ဖ္ Lindelöf၊ အလာဗတ္စ္တိုက္စစ္မွဴး ဂီြဒက္တီ Guidetti တို႔ဟာ အခုၿပိဳင္ပဲြမွာ ေျခစြမ္းျပႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမယ္။

Photo:Reuters,Yahoo Sports,Roker Report
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကျဆင်းနေတဲ့ အသင်းပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့ ကြိုးပမ်းရမယ့် ဆွီဒင်

ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးခြင်းမရှိပေမယ့် သမိုင်းကြောင်းအစဉ်အလာ မသေးတဲ့ အသင်းတစ်သင်းလို့ သတ်မှတ်ရမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဒုတိယနေရာတစ်ကြိမ်ရခဲ့ဖူးပြီး အသင်းကြီးတွေကို ဒုက္ခပေးနိုင်ခဲ့တဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ၂၁ ရာစုအတွင်းမှာတော့ ဆွီဒင်အသင်းရဲ့ ပုံရိပ်က ကျဆင်းလာခဲ့ပြီး ဖျက်မြင်းအသင်းအဆင့်ကနေ အိမ်ဖြည့်အသင်းသာသာလောက်ပဲရှိခဲ့တယ်။ ဟင်းနရစ်လာဆင် Henrik Larsson၊ အီဘရာဟီမိုဗစ် Ibrahimovic တို့နောက်ပိုင်း မျိုးဆက်သစ်တစ်ခု ပြတ်သွားခြင်းနဲ့အတူ ဆွီဒင်အသင်းဟာ ကမ္ဘာ့ ဘောလုံးလောကမှာ အကျဘက်ကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ ၂၀၁၈ ကမ္ဘာ့ဖလား Play off အဆင့်မှာ နာမည်ကြီး အီတလီကို Knout Out ချပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အတွက် ဆွီဒင်အသင်းကို လျှော့တွက် လို့တော့ မရပါဘူး။

Sweden-against-Italy

Sweden-against-Italy

ဆွီဒင်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၃၄၊ ၁၉၃၈၊ ၁၉၅၀၊ ၁၉၅၈၊ ၁၉၇၀၊ ၁၉၇၄၊ ၁၉၇၈၊ ၁၉၉၀၊ ၁၉၉၄၊ ၂၀၀၂၊ ၂၀၀၆ တုန်းက ယှဉ်ပြိုင်ခဲ့ပြီး ၁၉၃၈ မှာ စတုတ္ထ၊ ၁၉၅၀နဲ့ ၁၉၉၄ မှာ တတိယ၊ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၁၉၅၈ ပြိုင်ပွဲမှာ ဒုတိယနေရာတွေရရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၄ ပြိုင်ပွဲတွေတုန်းက ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘဲ (၈)နှစ်အကြာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကျော့ပြန်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

Sweden-national-football-team

Sweden-national-football-team

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

ဆွီဒင်အသင်းဟာ ခြေစစ်ပွဲအုပ်စုအဆင့်မှာ ပြင်သစ်၊ နယ်သာလန်တို့လို အသင်းကောင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် နယ်သာလန်ကို ကျော်ဖြတ်ပြီး အုပ်စုဒုတိယနေရာကို ရယူခဲ့တယ်။ နယ်သာလန်အသင်းရဲ့ မတည်ငြိမ်မှုတွေကြောင့် ဆွီဒင်အသင်းအတွက် အခွင့်အရေးဖြစ်ခဲ့ပြီး နယ်သာလန်နဲ့ (၁၉) မှတ်တူ ဂိုးကွာခြားချက်အသာကြောင့် အုပ်စုဒုတိယနေရာရခဲ့တာပါ။ အုပ်စုတွင်းမှာ (၁၀)ပွဲကစား၊ (၆)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးခဲ့ပြီး (၂၆)ဂိုးအထိ သွင်းယူခဲ့တဲ့အတွက် အုပ်စုပထမနေရာက ပြင်သစ်အသင်းထက် တောင် သွင်းဂိုးအရေအတွက် ပိုများခဲ့တယ်။ အကောင်းဆုံး အုပ်စုဒုတိယအဖြစ် Play Off ကစားခွင့်ရခဲ့ပြီး အီတလီနဲ့ ဆုံတွေ့ခဲ့တာကြောင့် ဆွီဒင်အသင်း ဒီအဆင့်နဲ့ပဲ ကျေနပ်ရလိမ့်မယ်လို့ အများစုက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဆွီဒင်အသင်းဟာ အီတလီကို အိမ်ကွင်းမှာ (၁-ဝ)ဂိုးနဲ့အနိုင်ယူပြီး အဝေးကွင်းမှာ ဂိုးမရှိသရေကစားနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း(၁-ဝ)ဂိုးရလဒ်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား သွားရောက်ခွင့်ကို အရယူနိုင်ခဲ့တာဖြစ်ပါတယ်။

sebastian-larsson

sebastian-larsson

စောင့်ကြည့်ရမယ့်ကစားသမားများ
လက်ရှိအချိန်မှာ ဆွီဒင်အသင်းဟာ ဂရန်းဗစ် Granqvist၊ ဆီဘက်ရှန်လာဆင် Sebastian Larsson၊ မားကပ်စ်ဘတ်ဂ် Marcus Berg၊ တွိုင်ဗိုနန် Toivonen စတဲ့ ဝါရင့်ကစားသမားတွေအပေါ် အားကိုးနေရဆဲဖြစ်ပါတယ်။ မန်ယူနောက်ခံလူ လင်ဒီလော့ဖ် Lindelöf၊ အလာဗတ်စ်တိုက်စစ်မှူး ဂွီဒက်တီ Guidetti တို့ဟာ အခုပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။

Photo:Reuters,Yahoo Sports,Roker Report
Naing Linn(Akhayar)
www.akhayar.com