This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]



Sweden-1-0-South-Korea

Sweden-1-0-South-Korea





Naing Linn(Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပယ်နယ်တီဂိုးကြောင့် အနိုင်(၃)မှတ်စတင်ရရှိခဲ့တဲ့ ဆွီဒင်

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စု(F)ပွဲစဉ်ဖြစ်တဲ့ ဆွီဒင်နဲ့တောင်ကိုရီးယားပွဲမှာတော့ ဆွီဒင်အသင်းက ပယ်နယ်တီဂိုးနဲ့ အနိုင်ယူပြီး (၃)မှတ် စတင်ရရှိခဲ့ပါပြီ။ ဆွီဒင်အသင်းမှာ ဆီဘက်ရှန်လာဆင် Sebastian Larsson ၊ တွိုင်ဗိုနန် Toivonen ၊ မားကပ်စ်ဘာ့ဂ် Marcus Berg စတဲ့ အဓိက ကစားသမားတွေ ပါဝင်ခဲ့ပြီး တောင်ကိုရီးယားအသင်းမှာလည်း ဆွန်ဟောင်မင် Son Heung min ၊ ကူချာချိုးလ် Koo Ja cheol ၊ ကီဆန်ယောင် Ki Sung yueng တို့အပါအဝင် အမာခံကစားသမားတွေ အားလုံး ပါဝင်ခဲ့တယ်။

Sweden-1-0-South-Korea

Sweden-1-0-South-Korea

ဆွီဒင်အသင်းဟာ တောင်ကိုရီးယားအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့တယ်။ တောင်ကိုရီးယားအသင်းကတော့ Counter ချောင်းကစားခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်ခဲ့ဘူး။ ဒုတိယပိုင်း(၆၁)မိနစ်မှာ ဆွီဒင်အသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပါတယ်။ ဆွီဒင်တောင်ပံကစားသမား ကလက်ဆန်Claesson ကို တောင်ကိုရီးယား နောက်ခံလူ ပယ်နယ်တီဧရိယာထဲမှာ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ကစားခဲ့တာကြောင့် ပယ်နယ်တီရရှိခဲ့ပြီး အဲဒီပယ်နယ်တီကို အသင်းခေါင်းဆောင် ဂရန်းဗစ် Granqvist က အမှားအယွင်းမရှိကန်သွင်းခဲ့တယ်။

Granqvist-celebrate-after-scoring-Penalty

Granqvist-celebrate-after-scoring-Penalty

တောင်ကိုရီးယားအသင်းရဲ့ အဓိက ကစားသမား ဆွန်ဟောင်မင် Son Heung min ကြိုးစားခဲ့ပေမယ့် သူ့ကို ဆွီဒင်ကစားသမားတွေ ထိန်းချုပ်နိုင်ခဲ့တယ်။ ဒီပွဲမှာ တောင်ကိုရီးယားဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ ဆွီဒင်အသင်း ဂိုးပြတ်နိုင်ပွဲမရခဲ့တာပါ။

Photo:FIFA World Cup Facebook
Naing Linn(Akhayar)
www.akhayar.com